ေဇာ္ဂ်ီ / ယူနီကုဒ္္
Zawgyi ျဖင့္ဖတ္ပါ
★★★★★
မေရးေတာ့ဘူးလို႔ပဲ.. ဒါေပမယ့္… အမ်ားစု စိတ္ထဲမွာ ေပါ့ေပါ့တန္တန္ သေဘာထား ေနၾကတဲ့ အတြက္… ေရးရတာပါ…
ေဖာ္မလင္ ဆိုတာ ေရထဲမွာ ေဖာ္မယ္ဒီဟိုက္ဆိုတဲ့ အေငြ႔ တစ္မ်ိဳး ေပ်ာ္ဝင္ေနတဲ့ အရည္ ပါ… ေဈးကြက္ထဲမွာ ေတြ႔ရတဲ့ အရည္က 37% ေရထဲမွာ ေပ်ာ္ေနတဲ့ ဟာပါ… အဲဒီ ေဖာ္မယ္ဒီဟိုက္ ၁၀% ေပ်ာ္ေနတဲ့ အရည္ကို ေဖာ္မလင္ ေခၚပါတယ္…
သူ႔ကို အသံုးျပဳၾကတာက… ၾကမ္းခင္းေဆး ထုတ္တဲ့ ေနရာ.. အဝတ္အထည္ ထုတ္လုပ္ရာ.. သစ္သားထည္ ထုတ္လုပ္ရာ… ပိုးသတ္ေဆး.. ဓါတ္ခြဲခန္းေတြနဲ႔… ၾကာရွည္ခံေအာင္ လုပ္တဲ့ ေနရာ ေတြမွာ သံုးတယ္…
သူက အဆိပ္ပဲ.. အေငြ႔ကလည္း အဆိပ္ပဲ.. အႏၱရာယ္ ႀကီးတယ္… ဘာ အႏၱရာယ္ ေတြႀကီးသလဲ…
ေဖာ္မလင္ ထည့္ထားတဲ့ ေဆးပံုးေပၚမွာ.. အႏၱရာယ္ အမွတ္အသား ၄ မ်ိဳး ေဖာ္ျပေပးရတယ္…
၁။ Corrosive
၂။ acute poisoning
၃။ Irritant
၄။ Health hazard, mutagenicity, carcinogen, reproductive toxicity, target organ toxicity, aspiration hazard.
ဆိုၿပီး ပံု ၄ ပံု နဲ႔ ေဖာ္ျပထားရတယ္… မေဖာ္ျပရင္.. ဒါ ဥပေဒကို ခ်ိဳးေဖာက္တာပဲ…
ေဖာ္မလင္က လူမွာ ဘာျဖစ္တတ္သလဲ…
၁။ အေငြ႔ ကို ရွဴ တာမွာ ပဲ… ရွဴတာမ်ားရင္… ေဖာ္မယ္ဒီဟိုက္ ဒဏ္ကို သိပ္မခံႏိုင္ရင္ လည္ပင္းနာမယ္.. ေခ်ာင္းဆိုးမယ္.. မ်က္လံုးေတြ ယားမယ္ မ်က္ရည္ပူက်မယ္.. ႏွာေခါင္းေသြးယိုတာ ျဖစ္ႏိုင္ပါတယ္…ဒီလို ျဖစ္လာမယ္ဆိုရင္.. ဆရာဝန္နဲ႔ ျပသင့္ပါတယ္..
၂။ ေပါင္ ၁၅၀ ေလးတဲ့ လူတစ္ေယာက္ အတြက္ ေဖာ္မလင္ တစ္ေအာင္စ ဒါမွမဟုတ္ တစ္ပိုင့္ေလာက္ ေသာက္မိရင္ ခ်က္ခ်င္းေသပါတယ္..
၃။ ေဖာ္မလင္ ပါဝင္မႈက 1 ppm ဆိုရင္ လူတစ္ခ်ိဳ႔က အနံ႔ ကို စၿပီး သတိျပဳမိတတ္ပါတယ္.. ၂-၃ ppm ဆိုရင္ အေငြ႔က မ်က္လံုးမွာ ခိုးလိုးခုလု ျဖစ္ေစပါၿပီ… ၄-၅ ppm ဆိုရင္.. မ်က္လံုး ကသိကေအာက္ ျဖစ္လာပါၿပီ.. မ်က္ရည္ စလည္စ ျပဳလာပါၿပီ… ၁၀ ppm ဆိုရင္ မ်က္ရည္ပူေတြ က်လာပါၿပီ… အေငြ႔ဒဏ္ကို ခဏေလာက္ပဲ ခံႏိုင္ပါေတာ့တယ္.. ၁၀-၂၀ ppm ဆိုရင္ အသက္ရွဴရတာ ေတာင္ ခက္လာပါၿပီ.. ႏွာေခါင္းနဲ႔ လည္ေခ်ာင္းမွာ ပူစပ္ပူေလာင္ ျဖစ္လာပါၿပီ… ၅၀-၁၀၀ ppm ဆိုရင္ေတာ့.. ေတာ္ေတာ္ကို ဆိုးဆိုးရြားရြား ျဖစ္ပါၿပီ…
၄။ အသက္ႀကီးသူ ေတြနဲ႔ ကေလးငယ္ေတြဟာ ေဖာ္မလင္ ရဲ႔ ဒဏ္ကို ခံႏိုင္ရည္ နည္းပါတယ္… သူတို႔ မွာ ျဖစ္ရင္ ပိုၿပီး ဆိုးဆိုးရြားရြား ျဖစ္တတ္ပါတယ္..
၅။ ေဖာ္မလင္ဟာ.. ကင္ဆာ ျဖစ္ေစႏိုင္တဲ့ ဓါတုပစၥည္း ျဖစ္ေၾကာင္းကို အေတာ္ေစာေစာကတည္းက သိၾကပါတယ္…
၆။ မ်ိဳးပြားအဂၤါ ကို ထိခိုက္ေစတဲ့ အတြက္ ၿမံဳျခင္း ပန္းေသပန္းညိႈး ျဖစ္ျခင္း ျဖစ္ေစတတ္ပါတယ္..
၇။ ကိုယ္ဝန္ေဆာင္ေတြမွာ သေႏၶသားကို ထိခိုက္ေစတတ္တဲ့ အတြက္.. သားပ်က္ သားေလွ်ာျခင္း ကိုယ္အဂၤါမစံု သေႏၶသား ေမြးဖြားျခင္း စသည္တို႔ ျဖစ္ေစတတ္ပါတယ္…
၈။ ႏိုင္ငံ အမ်ားစုမွာ ေဖာ္မလင္ကို ၾကမ္းခင္းေဆး၊ သုတ္ေဆး သစ္သားဘုတ္ျပား ဓါတ္ခြဲခန္းသံုး ပစၥညး္မ်ား ထုတ္လုပ္ရာမွာ သံုးၿပီး အေငြ႔ကိုယ္တိုင္က အႏၱရာယ္ မ်ားျပားတဲ့ အတြက္ လုပ္ငန္းခြင္ အႏၱရာယ္ အေနနဲ႔ အထူးဂရုျပဳၾကပါတယ္…
တကယ္ေတာ့ ေဖာ္မလင္ဟာ အဆိပ္ပါ… အရည္တင္မက သူက ထြက္တဲ့ အေငြ႔ကလည္း အဆိပ္ပါ… ဒီ လို အဆိပ္ကို အစားအေသာက္ ထဲ ထည့္ၿပီး… ေရာင္းဝယ္ ေဖာက္ကားတာဟာ… ဝိသမေလာဘ ျဖစ္သလို… လူေတြကို အဆိပ္နည္းနည္းခ်င္း ခပ္ သတ္တာနဲ႔ တူပါတယ္…
အစားအေသာက္မွာ ေဖာ္မလင္ သံုးစြဲထုတ္လုပ္သူမ်ားကို ေမတၱာ ရပ္ခံခ်င္တာက… ဒီလို လုပ္တာဟာ လူေတြ ကို အဆိပ္ခပ္သတ္ေနတယ္ ဆိုတာကို သိပါ…. အျခားေသာ ၾကာရွည္ခံေဆး ေတြ အေျမာက္အျမား ရွိပါတယ္.. ေလ့လာၾကပါ…
ေဒသ ဆိုင္ရာ အာဏာပိုင္မ်ားကို ေမတၱာ ရပ္ခံခ်င္တာက… ေဖာ္မလင္ သံုးစြဲ ထုတ္လုပ္သူမ်ား မိမိ ေဒသတြင္းမွာ ရွိတယ္ဆိုရင္… လက္သင့္ မခံၾကေစလိုပါ… ခင္မင္ရင္းစြဲ ရွိေသာ္လည္း… ဒီလို ေဖာ္မလင္ သံုးၿပီး အစားအေသာက္ ထုတ္လုပ္တာက မိတ္ေဆြခ်င္း အဆိပ္ခတ္သူ ျဖစ္ပါတယ္… မိမိေဒသတြင္းက ကေလးသူငယ္မ်ားရဲ႔ မ်က္ႏွာကို ၾကည့္ၾကဖို႔ ေမတၱာ ရပ္ခံလိုပါတယ္…
မုန္းလိုက မုန္းေစ….
Pyei Phyo
Unicode ဖြင့်ဖတ်ပါ
★★★★★
ကြောက်စရာကောင်းတဲ့ ဖော်မလင်အကြောင်း
မရေးတော့ဘူးလို့ပဲ.. ဒါပေမယ့်… အများစု စိတ်ထဲမှာ ပေါ့ပေါ့တန်တန် သဘောထား နေကြတဲ့ အတွက်… ရေးရတာပါ…
ဖော်မလင် ဆိုတာ ရေထဲမှာ ဖော်မယ်ဒီဟိုက်ဆိုတဲ့ အငွေ့ တစ်မျိုး ပျော်ဝင်နေတဲ့ အရည် ပါ… ဈေးကွက်ထဲမှာ တွေ့ရတဲ့ အရည်က 37% ရေထဲမှာ ပျော်နေတဲ့ ဟာပါ… အဲဒီ ဖော်မယ်ဒီဟိုက် ၁၀% ပျော်နေတဲ့ အရည်ကို ဖော်မလင် ခေါ်ပါတယ်…
သူ့ကို အသုံးပြုကြတာက… ကြမ်းခင်းဆေး ထုတ်တဲ့ နေရာ.. အဝတ်အထည် ထုတ်လုပ်ရာ.. သစ်သားထည် ထုတ်လုပ်ရာ… ပိုးသတ်ဆေး.. ဓါတ်ခွဲခန်းတွေနဲ့… ကြာရှည်ခံအောင် လုပ်တဲ့ နေရာ တွေမှာ သုံးတယ်…
သူက အဆိပ်ပဲ.. အငွေ့ကလည်း အဆိပ်ပဲ.. အန္တရာယ် ကြီးတယ်… ဘာ အန္တရာယ် တွေကြီးသလဲ…
ဖော်မလင် ထည့်ထားတဲ့ ဆေးပုံးပေါ်မှာ.. အန္တရာယ် အမှတ်အသား ၄ မျိုး ဖော်ပြပေးရတယ်…
၁။ Corrosive
၂။ acute poisoning
၃။ Irritant
၄။ Health hazard, mutagenicity, carcinogen, reproductive toxicity, target organ toxicity, aspiration hazard.
ဆိုပြီး ပုံ ၄ ပုံ နဲ့ ဖော်ပြထားရတယ်… မဖော်ပြရင်.. ဒါ ဥပဒေကို ချိုးဖောက်တာပဲ…
ဖော်မလင်က လူမှာ ဘာဖြစ်တတ်သလဲ…
၁။ အငွေ့ ကို ရှူ တာမှာ ပဲ… ရှူတာများရင်… ဖော်မယ်ဒီဟိုက် ဒဏ်ကို သိပ်မခံနိုင်ရင် လည်ပင်းနာမယ်.. ချောင်းဆိုးမယ်.. မျက်လုံးတွေ ယားမယ် မျက်ရည်ပူကျမယ်.. နှာခေါင်းသွေးယိုတာ ဖြစ်နိုင်ပါတယ်…ဒီလို ဖြစ်လာမယ်ဆိုရင်.. ဆရာဝန်နဲ့ ပြသင့်ပါတယ်..
၂။ ပေါင် ၁၅၀ လေးတဲ့ လူတစ်ယောက် အတွက် ဖော်မလင် တစ်အောင်စ ဒါမှမဟုတ် တစ်ပိုင့်လောက် သောက်မိရင် ချက်ချင်းသေပါတယ်..
၃။ ဖော်မလင် ပါဝင်မှုက 1 ppm ဆိုရင် လူတစ်ချို့က အနံ့ ကို စပြီး သတိပြုမိတတ်ပါတယ်.. ၂-၃ ppm ဆိုရင် အငွေ့က မျက်လုံးမှာ ခိုးလိုးခုလု ဖြစ်စေပါပြီ… ၄-၅ ppm ဆိုရင်.. မျက်လုံး ကသိကအောက် ဖြစ်လာပါပြီ.. မျက်ရည် စလည်စ ပြုလာပါပြီ… ၁၀ ppm ဆိုရင် မျက်ရည်ပူတွေ ကျလာပါပြီ… အငွေ့ဒဏ်ကို ခဏလောက်ပဲ ခံနိုင်ပါတော့တယ်.. ၁၀-၂၀ ppm ဆိုရင် အသက်ရှူရတာ တောင် ခက်လာပါပြီ.. နှာခေါင်းနဲ့ လည်ချောင်းမှာ ပူစပ်ပူလောင် ဖြစ်လာပါပြီ… ၅၀-၁၀၀ ppm ဆိုရင်တော့.. တော်တော်ကို ဆိုးဆိုးရွားရွား ဖြစ်ပါပြီ…
၄။ အသက်ကြီးသူ တွေနဲ့ ကလေးငယ်တွေဟာ ဖော်မလင် ရဲ့ ဒဏ်ကို ခံနိုင်ရည် နည်းပါတယ်… သူတို့ မှာ ဖြစ်ရင် ပိုပြီး ဆိုးဆိုးရွားရွား ဖြစ်တတ်ပါတယ်..
၅။ ဖော်မလင်ဟာ.. ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်း ဖြစ်ကြောင်းကို အတော်စောစောကတည်းက သိကြပါတယ်…
၆။ မျိုးပွားအင်္ဂါ ကို ထိခိုက်စေတဲ့ အတွက် မြုံခြင်း ပန်းသေပန်းညှိုး ဖြစ်ခြင်း ဖြစ်စေတတ်ပါတယ်..
၇။ ကိုယ်ဝန်ဆောင်တွေမှာ သန္ဓေသားကို ထိခိုက်စေတတ်တဲ့ အတွက်.. သားပျက် သားလျှောခြင်း ကိုယ်အင်္ဂါမစုံ သန္ဓေသား မွေးဖွားခြင်း စသည်တို့ ဖြစ်စေတတ်ပါတယ်…
၈။ နိုင်ငံ အများစုမှာ ဖော်မလင်ကို ကြမ်းခင်းဆေး၊ သုတ်ဆေး သစ်သားဘုတ်ပြား ဓါတ်ခွဲခန်းသုံး ပစ္စည်းများ ထုတ်လုပ်ရာမှာ သုံးပြီး အငွေ့ကိုယ်တိုင်က အန္တရာယ် များပြားတဲ့ အတွက် လုပ်ငန်းခွင် အန္တရာယ် အနေနဲ့ အထူးဂရုပြုကြပါတယ်…
တကယ်တော့ ဖော်မလင်ဟာ အဆိပ်ပါ… အရည်တင်မက သူက ထွက်တဲ့ အငွေ့ကလည်း အဆိပ်ပါ… ဒီ လို အဆိပ်ကို အစားအသောက် ထဲ ထည့်ပြီး… ရောင်းဝယ် ဖောက်ကားတာဟာ… ဝိသမလောဘ ဖြစ်သလို… လူတွေကို အဆိပ်နည်းနည်းချင်း ခပ် သတ်တာနဲ့ တူပါတယ်…
အစားအသောက်မှာ ဖော်မလင် သုံးစွဲထုတ်လုပ်သူများကို မေတ္တာ ရပ်ခံချင်တာက… ဒီလို လုပ်တာဟာ လူတွေ ကို အဆိပ်ခပ်သတ်နေတယ် ဆိုတာကို သိပါ…. အခြားသော ကြာရှည်ခံဆေး တွေ အမြောက်အမြား ရှိပါတယ်.. လေ့လာကြပါ…
ဒေသ ဆိုင်ရာ အာဏာပိုင်များကို မေတ္တာ ရပ်ခံချင်တာက… ဖော်မလင် သုံးစွဲ ထုတ်လုပ်သူများ မိမိ ဒေသတွင်းမှာ ရှိတယ်ဆိုရင်… လက်သင့် မခံကြစေလိုပါ… ခင်မင်ရင်းစွဲ ရှိသော်လည်း… ဒီလို ဖော်မလင် သုံးပြီး အစားအသောက် ထုတ်လုပ်တာက မိတ်ဆွေချင်း အဆိပ်ခတ်သူ ဖြစ်ပါတယ်… မိမိဒေသတွင်းက ကလေးသူငယ်များရဲ့ မျက်နှာကို ကြည့်ကြဖို့ မေတ္တာ ရပ်ခံလိုပါတယ်…
မုန်းလိုက မုန်းစေ….
Pyei Phyo