H1N1 တုပ္ေကြးေရာဂါ ေၾကာင့္ ရန္ကုန္တြင္ လူေသဆံုးမႈမ်ား ျဖစ္ေပၚေနသည္ဟူေသာ သတင္းမ်ားေၾကာင့္ မိဘျပည္သူမ်ားအၾကားတြင္ စိုးရိမ္ပူပန္မႈမ်ား ျမင့္တက္လာလ်က္႐ွိပါသည္။
ေဆးရံုေဆးခန္းမ်ားတြင္လည္း ႐ုတ္တရက္ တုပ္ေကြးေရာဂါ ကာကြယ္ေဆးမ်ား သြားေရာက္ထိုးႏွံၾကေသာေၾကာင့္ အခ်ိဳ႕ေသာ ေနရာမ်ားတြင္ ေဆးဝယ္ရခက္ျခင္း ကာကြယ္ေဆးျပတ္လပ္ျခင္းမ်ား ျဖစ္ေပၚလ်က္ ႐ွိေနပါသည္။
ယခုကဲ့သို႔ေသာ မိုးဦးက်ရာသီသည္ သာမန္အေအးမိႏွာေစးေသာ ေရာဂါမ်ား အျဖစ္မ်ားေသာ ရာသီလည္း ျဖစ္ပါသည္။ H1N1 တုပ္ေကြးေရာဂါ၏ ေရာဂါလကၡဏာမ်ားမွာလည္း သာမန္အေအးမိႏွာေစးေသာ ေရာဂါလကၡဏာမ်ားႏွင့္ ဆင္တူေနျပန္ရာ မိဘျပည္သူမ်ားအေနျဖင့္ နားလည္မႈ လြဲမွားပါက မလိုလားအပ္ေသာ နစ္နာမႈႏွင့္ စိုးရိမ္မႈမ်ား ျဖစ္ေပၚလာႏိုင္ပါသည္။
သာမန္အေအးမိသည္ကို H1N1 ျဖစ္ေနၿပီဟု အထင္မွားပါက မလိုလားအပ္ေသာ စိုးရိမ္မႈျဖင့္ ေငြကုန္လူပန္း ျဖစ္ၾကရၿပီး H1N1 တုပ္ေကြးေရာဂါ ျဖစ္ေနသည္ကို သာမန္အေအးမိသည္ဟု ေပါ့ဆမိပါကလည္း မလိုလားအပ္ေသာ ဝမ္းနည္းစိတ္မေကာင္းစရာ ျဖစ္ရပ္မ်ား ျဖစ္ေပၚလာႏိုင္ပါသည္။
ထို႔ေၾကာင့္ ေရာဂါျပင္းထန္ေသာ H1N1 တုပ္ေကြးေရာဂါ ႏွင့္ သာမန္အေအးမိ ႏွာေစးျခင္း တို႔ကို ခြဲျခားႏိုင္ရန္ ယခုကဲ့သို႔ ပံုျဖင့္ စီစဥ္ေရးသားေပးလိုက္ရပါသည္။
မိဘျပည္သူမ်ားအေနျဖင့္ –
– ေရာဂါလကၡဏာ ခြဲရခက္ေနလွ်င္ျဖစ္ေစ
– ဖ်ားနာေနသည္မွာ ၃ ရက္ေျမာက္သည္အထိ မသက္သာေသးလွ်င္ျဖစ္ေစ တတ္ကြၽမ္းနားလည္ေသာ ဆရာဝန္ျဖင့္ စနစ္တက် ကုသမႈ ခံယူၾကပါရန္ အသိေပးတိုက္တြန္းအပ္ပါသည္။
မိဘျပည္သူမ်ားအားလံုး က်န္းမာေပ်ာ္ရႊင္ေသာ မိသားစုဘဝကို ရ႐ွိ ပိုင္ဆိုင္ႏိုင္ၾကပါေစ။
Dr. ေက်ာ္သက္စိုး (GP)
အေထြေထြေရာဂါကု ဆရာဝန္
19.6.19
Unicodeဖြင့်ဖတ်ရန်
★★★
H1N1 တုပ်ကွေးရောဂါ ကြောင့် ရန်ကုန်တွင် လူသေဆုံးမှုများ ဖြစ်ပေါ်နေသည်ဟူသော သတင်းများကြောင့် မိဘပြည်သူများအကြားတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာလျက်ရှိပါသည်။
ဆေးရုံဆေးခန်းများတွင်လည်း ရုတ်တရက် တုပ်ကွေးရောဂါ ကာကွယ်ဆေးများ သွားရောက်ထိုးနှံကြသောကြောင့် အချို့သော နေရာများတွင် ဆေးဝယ်ရခက်ခြင်း ကာကွယ်ဆေးပြတ်လပ်ခြင်းများ ဖြစ်ပေါ်လျက် ရှိနေပါသည်။
ယခုကဲ့သို့သော မိုးဦးကျရာသီသည် သာမန်အအေးမိနှာစေးသော ရောဂါများ အဖြစ်များသော ရာသီလည်း ဖြစ်ပါသည်။ H1N1 တုပ်ကွေးရောဂါ၏ ရောဂါလက္ခဏာများမှာလည်း သာမန်အအေးမိနှာစေးသော ရောဂါလက္ခဏာများနှင့် ဆင်တူနေပြန်ရာ မိဘပြည်သူများအနေဖြင့် နားလည်မှု လွဲမှားပါက မလိုလားအပ်သော နစ်နာမှုနှင့် စိုးရိမ်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။
သာမန်အအေးမိသည်ကို H1N1 ဖြစ်နေပြီဟု အထင်မှားပါက မလိုလားအပ်သော စိုးရိမ်မှုဖြင့် ငွေကုန်လူပန်း ဖြစ်ကြရပြီး H1N1 တုပ်ကွေးရောဂါ ဖြစ်နေသည်ကို သာမန်အအေးမိသည်ဟု ပေါ့ဆမိပါကလည်း မလိုလားအပ်သော ဝမ်းနည်းစိတ်မကောင်းစရာ ဖြစ်ရပ်များ ဖြစ်ပေါ်လာနိုင်ပါသည်။
ထို့ကြောင့် ရောဂါပြင်းထန်သော H1N1 တုပ်ကွေးရောဂါ နှင့် သာမန်အအေးမိ နှာစေးခြင်း တို့ကို ခွဲခြားနိုင်ရန် ယခုကဲ့သို့ ပုံဖြင့် စီစဉ်ရေးသားပေးလိုက်ရပါသည်။
မိဘပြည်သူများအနေဖြင့် –
– ရောဂါလက္ခဏာ ခွဲရခက်နေလျှင်ဖြစ်စေ
– ဖျားနာနေသည်မှာ ၃ ရက်မြောက်သည်အထိ မသက်သာသေးလျှင်ဖြစ်စေ တတ်ကျွမ်းနားလည်သော ဆရာဝန်ဖြင့် စနစ်တကျ ကုသမှု ခံယူကြပါရန် အသိပေးတိုက်တွန်းအပ်ပါသည်။
မိဘပြည်သူများအားလုံး ကျန်းမာပျော်ရွှင်သော မိသားစုဘဝကို ရရှိ ပိုင်ဆိုင်နိုင်ကြပါစေ။
Dr. ကျော်သက်စိုး (GP)
အထွေထွေရောဂါကု ဆရာဝန်
19.6.19