နယ်စပ်မြို့လေးတစ်မြို့ရဲ့ နာမည်ကြီးစားသောက်ဆိုင်တစ်ခု။ ထိုစားသောက်ဆိုင်ရဲ့ VIPခန်းတစ်ခန်းထဲမှာတော့ ထိုမြို့ရဲ့လူကုံထံစာရင်းဝင်တစ်ယောက်ဖြစ်တဲ့ စက်လှေသူဌေး ကိုတိုးမင်းနဲ့သူငယ်ချင်းသုံးယောက်။ တစ်မြို့ထဲသားချင်းတွေပေမယ့် အလုပ်ကိုယ်စီနှင့် မဆုံဖြစ်ကြသော သူတို့တွေ ဆုံတိုင်းဆုံခိုက်အချိန်လေးမှာတော့ စားရင်းသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်များပြောရင်းဖြင့် တဝါးဝါးတဟားဟားပွဲကျနေကြသည်။
”ဟေ့ကောင်တိုးကြီး ဒီနေ့မင်းဒကာခံရမှာနော် ”
”ဟာ စိတ်သာချသူငယ်ချင်းမင်းတို့ ကြိုက်သလောက်သာဆွဲအေးဆေးပါကွ ငါကမင်းတို့အတွက် အထူးစပါယ်ရှယ်အမြည်းတစ်မျိုးတောင် စီစဉ်ထားတာနော် ” ပြောရင်း တစ်ဆက်ထဲမှာပင် ကိုတိုးမင်း ဝိတ်တာကောင်လေးကို လှမ်းခေါ်လိုက်လေသည။်
”ဟေ့ ညီ ကိုယ်ပြောထားတဲ့ စပယ်ရှယ်အမြည်းလေး လုပ်ပါဦးကွ”
”ဟုတ်ကဲ့ပါအကို ”
ခဏအကြာ အဝတ်စတစ်စအုပ်ထားသော တွန်းလှည်းလေးနှင့်အတူ ဝိတ်တာကောင်လေး ပြန်ရောက်လာသည။်
”ဟ တိုးကြီးရ မင်းအမြည်းက ဘာတုန်းဟ”
”ကြည့်လေကွာ မင်းတို့ကလည်း ဒါစပယ်ရှယ်မီနူးဟ ဟေ့ ညီ စကွာ”
ကိုတိုးမင်းစကားဆုံးတာနဲ့ ဝိတ်တာကောင်လေးက အုပ်ထားသောအဝတ်စကိုဆွဲလှန်လိုက်သည်မှာတော့
”ဟာ” ”ဟင်”
ကိုတိုးမင်းသူငယ်ချင်းတွေ ပါးစပ်အဟောင်းသားဖြစ်သွားရသည။် ဟုတ်ပါသည်။ သူတို့မြင်လိုက်ရသည့်မြင်ကွင်းကတော့ လှောင်ချိုင့်ထဲတွင် ထည့်ထားသော မျောက်ကလေးတစ်ကောင်ပါပေ။
အရက် သို့မဟုတ် မူးယစ်စေသောအရာတစ်ခုခုတိုက်ကြွေးခြင်းခံထားရသလိုမျောက်ကလေးပုံစံမှာ ရီဝေလျက်။ သူတို့သဘောပေါက်လိုက်လေပြီ။ သူငယ်ချင်းတိုးမင်းပြောသော စပယ်ရှယ်မီနူးဆိုသည်မှာ မျောက်အရှင်လတ်လတ်၏ ဦးနှောက်ပင်ဖြစ်သည်ဆိုတာကို။ ဝိတ်တာက လှောင်ချိုင့်ထဲကနေမျောက်ကလေးကို ချီမလိုက်စဉ်တခဏမှာတော့ သေဘေးကိုသိနေသည့်အလား မျောက်ကလေးမှာ ရီဝေဝေဖြစ်နေသည့်ကြားကပင် အတင်းအော်ဟစ်ကာ ရုန်းကန်ပါတော့သည် ။
”ဟာ ဟေ့ကောင်တိုးကြီးရာ သနားပါတယ်ကွာ မလုပ်ပါနဲ့ဟ ငါတို့ တစ်ခြားဟင်းပွဲတွေမြည်းရအောင်ပါကွာနော်”
”အေး ဟုတ်တယ်ကွ ဟိတ်ကောင် ငါတော့ စိတ်မရဲဘူးကွာ”
”ဟာ မင်းတို့ကောင်တွေကလည်း ယောကျာ်းမဟုတ်တာကျနေတာပဲကွာ။ သတ္တဝါဆိုတာလူချွတ်မှကျွတ်တာကွ နောက်ပြီးမျောက်ဦးနှောက်က ဘယ်လောက်ကောင်းတယ်မှတ်တုန်း အားရှိတယ်ကွ။ ငါတို့ခွန်အားတွေတိုးပွားစေတာပေါ့ကွာ။ မင်းတို့မစားလည်းနေကွာ ငါကတော့ မြည်းနေကြဟေ့ ဟားးဟားးကဲ ညီ ဆက်လုပ်ဟေ့ ”
သူငယ်ချင်းတွေတားနေသည့်ကြားထဲမှပင် ကိုတိုးမင်းတစ်ယောက် မျောက်ကလေး၏ဦးနှောက်အား အရက်ဖြင့်မြည်းရန်တက်ကြွနေလေသည်။ ဝိတ်တာလေးက အော်ဟစ်နေသည့် မျောက်ကလေးကို မချီကာ စားပွဲအလယ်မှချိန်သားကျအပေါက်ဖောက်ထားသော အပေါက်ကလေးထဲသို့ မျောက်ကလေးခေါင်းက်ုထိုးသွင်းပြီး ကျန်တဲ့ခန္ဓာကိုယ်ကိုတော့ စားပွဲအောက်ပိုင်းမှာ မလှုပ်နိုင်အောင် တုတ်ချည်လိုက်သည်။ ထို့နောက်အော်ဟစ်နေသော မျောက်ကလေးပါးစပ်ထဲသို့ အဆို့တစ်ခုဖြင့် အသံမထွက်စေရန်ဆို့ထားလိုက်လေသည်။ စားပွဲပေါ်တွင်တော့ ဓါးတစ်ချောင်း တူ ဇွန်းခက်ရင်းနှင့် ဖန်ခွက်တို့က အဆင်သင့်ပင်။
မျောက်ကလေးမှာပါးစပ်ကိုအဆို့ဖြင့် ပိတ်ထားခြင်းခံရသောကြောင့် အသံလည်းမထွက်နိုင် တုပ်နှောင်ထားသော အနှောင်အဖွဲ့များကိုလည်း ရှိသမျှအားလေးဖြင့် သနားစဖွယ်ရုန်းကန်နေလေသည်။ အစားဘီလူးစီးနေသည့်ကိုတိုးမင်းတစ်ယောက်ကတော့ သနားရကောင်းမှန်းမသ။ိ စားပွဲပေါ်မှတူကိုကောက်ကိုင်ပြီး မျက်ရည်များကျကာအတင်းရုန်းကန်နေသည့် မျောက်ကလေးခေါင်းအား မညှာမတာ ခပ်ဆဆလေးထုချပစ်လိုက်သည။် လေးငါး ခြောက်ချက်ထုအပြီးမှာတော့ ရုန်းကန်နေသည့်မျောက်ကလေးမှာ ငြိမ်ကျသွားလေတော့သည် ။
ထို့နောက် ကိုတိုးမင်းကအသင့်ချပေးထားသောဓားဖြင့် မျောက်ကလေးဦးခေါင်း၏သုံးပုံတစ်ပုံကို လှီးပစ်လိုက်သည်။ လှီးထားသောဦးခေါင်းခွံကိုဖယ်လိုက်သည်နှင့် မျောက်ကလေး၏တလှုပ်လှုပ်ဖြစ်နေဆဲ ဦးနှောက်ဖွေးဖွေးများက ပေါ်လာပါတော့သည်။ ကိုတိုးမင်းတစ်ယောက်ကတော့ဖြင့် မျောက်ကလေး၏ရှင်သန်နေဆဲဖြစ်သော ဦးနှောက်ဖွေးဖွေးများကို တပ်မက်စွာဖြင့် ဇွန်းဖြင့် တစ်ဇွန်းခြင်းခပ်ကာစားလိုက် အရက်လေးတစ်ငုံသောက်လိုက်ဖြင့် ဇရက်မင်းစည်းစိမ်ခံနေလေတော့သည်။ သူငယ်ချင်းများကတော့ကိုတိုးမင်းကိုကြည့်ရင်း စိတ်မသက်မသာဖြစ်ယုံမှတစ်ပါးမတတ်နိုင်ပါချေ။
နောက်တစ်လခန့်ကြာသောအခါ-
”ဟာ တောက် သွားပါပြီကွာ ငါတော့ဘဝပျက်ပါပြီ ” ကိုတိုးမင်းတစ်ယောက် အကြီးအကျယ်ဒေါသထွက်နေလေသည်။ သူ၏ကုန်ပစ္စည်းအပြည့်တင်ဆောင်လာသော စက်လှေမှာ ပင်လယ်တွင်မုန်တိုင်းမိပြီးနစ်မြုပ်သွားသည်ဟူသောသတင်းကြောင့်ပင။် ဒီတခေါက် အချီကြီးချမည်ဟုဆိုကာ ငွေအရင်းအနှီးများစွာအသုံးပြုထားသဖြင့် သူ၏ဆုံးရှုံးမှုမှာမနည်းလှပေ။ စိတ်ညစ်ညစ်နှင့်အရက်ချည်းဖိသောက်နေမိသည်။ ကြာတော့မိန်းမကမကြည်တော့။
”ဒီမှာ ကိုတိုးမင်း ရှင် စိတ်ညစ်တာလည်းညစ်တာပေါ့ ဒါပေမယ့်ခုလိုအရက်ချည်းသောက်နေလို့ ဘယ်ဖြစ်မလည်း ရှင့်မှာမိန်းမနဲ့ကလေးရှိသေးတယ်ဆိုတာကိုရော ရှင်သတိရသေးရဲ့လား”
”တောက် ဟိတ်ကောင်မ နင့်ပါးစပ်ကိုပိတ်ထားစမ်း ဆက်ပြောရင်ငါလက်ပါမိတော့မယ် ဒီမှာညစ်နေတာနော်”
မိန်းမနဲ့တစ်ယောက်တစ်ခွန်းစကားများရင်း မိန်းမကသားလေးလက်ကိုဆွဲကာအိမ်ပေါ်မှဆင်းသွားသည်။ မိန်းမ မရှိတော့ကိုတိုးမင်းတစ်ယောက် အထိန်းအကွပ်မရှိတော့။ နေ့နေ့ညညအချိန်ပြည့်သောက်သည်။
တစ်ရက် ………
သူငယ်ချင်းများနှင့် ဆိုင်မှာထိုင်သောက်ရင်း ထုံးစံအတိုင်း မျောက်ဦးနှောက်အမြည်းမှာပြန်သည်။ ကိုတိုးမင်းအကြောင်းသိနေသည့်သူငယ်ချင်းများမှာလည်း စိတ်မသက်သာစွာဖြင့်သနားစရာမျောက်ကလေးအဖြစ်ကို မျက်စိလွဲနေယုံမှအပ မတတ်နိုင်ပါ။ သူတို့သူငယ်ချင်းအကြောင်းသူတို့သာအသိဆုံးပင်မလား စားသောက်ပြီးဆိုင်ကအထွက် ……
”ဟင် သားလေး မိန်းမ”
ဟုတ်ပါသည် ။ ကိုတိုးမင်းတွေ့လိုက်ရသည်က သူတို့ဆိုင်ရှေ့မျက်နှာခြင်းဆိုင် စားသောက်ဆိုင်တစ်ခုထဲသို့ဝင်သွားသည့် သူ့မိန်းမနှင့်သားလေး။
မိန်းမနှင့်သားလေးကသူ့ကိုမမြင် ကိုတိုးမင်းဆိုင်ရှေ့အပြေးထွက်သွားသည် ။
”ဟာ ဟေ့ကောင်တိုးကြီး ခနစောင့်အုန်းဟ ဟာ ဒီကောင်ကွာ’ သူငယ်ချင်းတွေဇွတ်အတင်းဆွဲနေသည့်ကြားထဲမှပင် ကိုတိုးမင်းတစ်ယောက် တစ်ဖက်ကားလမ်းသို့ပြေးထွက်သွားသည် ။ မူးနေသည့်ကိုတိုးမင်းတစ်ယောက်သားဇော မိန်းမဇောဖြင့် တဖက်ကားလမ်းသို့ မဆင်မခြင်ဖြတ်ကူးလိုက်စဉ်မှာတော့
‘ကျွိ’ ‘ဒုန်းး’
‘ဟာ တိုက်ပြီဟေ့’ အရှိန်ပြင်းစွာမောင်းနှင်လာသည့် ဆယ်ဘီ ကားကြီးနှင့် တိုက်မိလေတော့သည် ။
”ဟာ တိုးကြီးရာ ဖြစ်ရလေကွာ ”
”ငါတို့ဇွတ်ဆွဲနေတဲ့ကြားကမင်းကွာ” သူငယ်ချင်းတွေမြင်လိုက်ရသည်ကား သူတို့သူငယ်ချင်း၏အသက်မဲ့ခန္ဓာ။ ကားဘီးအောက်ထဲခေါင်းဝင်သွားသဖြင့် ဦးခေါင်းတစ်ခုလုံးပြားချပ်ကာ ဦးနှောက်တွေလွင့်စင်ထွက်ပြီး မြင်မကောင်းရှုမကောင်း ။ ကိုတိုးမင်းအလောင်းကိုကြည့်ရင်း သူငယ်ချင်းအားလုံးရဲ့မျက်လုံးထဲမှာ မြင်ယောင်လာမိတာကတော့ အသက်ဘေးကြောင့်မျက်ရည်တွေတွေကျလျက် ရုန်းကန်နေသောမျောက်ကလေး။
ထိုမျောက်ကလေး၏ဦးခေါင်းကို တူဖြင့်ထုကာ ရှင်သန်နေဆဲမျောက်ဦးနှောက်ကို အားပါးတရစားနေသော သူတို့သူငယ်ချင်းတိုးင်္ကြီး၏ ပုံရိပ်များ ။
”သူငယ်ချင်းရေ ဖြစ်လေရာဘဝမှာ ဒီလိုအဖြစ်ဆိုးတွေနဲ့ကင်းဝေးပါစေလို့ ငါတို့ဆုတောင်းပေးလိုက်ပါတယ်ကွာ”
အော် ဝဋ်ကြွေးကြမ္မာမလွတ်သာပါလား……။
Credit:အမ်နိုင်း (oasis)