ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
ခင်ဗျားဟာချမ်းသာမည်။
Unicode ဖြင့်ဖတ်ပါ
★★★★★
လက္ခဏာ ဆရာနှင့် ကံလမ်းကြောင်းမှ ကျွန်းငယ်လေးတစ်ခု
တစ်နေ့သ၌ ကျွန်ုပ် လက္ခဏာ စစ်ဆေးနေစဉ် ဖုန်းတစ်လုံးဝင်လာလေ၏။ လက္ခဏာ လာရောက်စစ်ဆေးချင်သဖြင့် ဖုန်းဆက်ခြင်းဖြစ်၏။ ကျွန်ုပ်လည်း လက်ခံစကားပြော၍ လာရောက်နိုင်ကြောင်း ပြောရာ ကျွန်ုပ်ဟော ခန်းသို့ရောက်လာ၏။ အသက် ၃၀ ခန့်ဟုထင်ရပြီး သွက်လက်ထက်မြတ်သော ပုံစံဖြင့် တတ်ကြွက်စွာ ထိုင်စောင့်နေလေ၏။ အလည့်ကျပြီးသော် လာရောက်စစ်ဆေးနိုင်ကြောင်း ပြော၍ ဟောခန်းသို့လာရောက်ထိုင်လေတော့၏။ လက္ခဏာ စစ်ဆေးခြင်း၏ ပြုလုပ်ဆောင်ရွက်မူ့အတိူင်း လုပ်ဆောင်ပြီးသော် အဟောထုတ်ရန်ပြင်ရလေတော့၏။
လွန်စွာ ထက်မြက်၍ သွက်လက်သော ထ်ုအမျိူးသမီးမှာ မလိုလားအပ်သော ကံလမ်းကြောင်း၌ ကျွန်းငယ်တစ်ခု ပါရှိထား၏။ ကျွန်ုပ်လည်း ရောက်ရှိအသက်နှင့် သေချာစွာစစ်ဆေးရပြန်၏။ ရောက်ရှိအသက်သည် ၂၉နှစ်ဖြစ်ပြီး အသက် ၂၄နှစ်မှ အသက်၂၇နှစ်ထိ ကျွန်းငယ်၏ ကာလဖြစ်ပြီး ထိုကာလ၏ အနုတ်သဘောဆေါင်သော အဟောကို ဟောရန်ပြင်လေတော့၏။ #((လက္ခဏာ ရှင်ဟာ ဘဝကိုဖြတ်သန်းခဲ့ရာ၌ အသက် ၂၄နှစ်မှ၂၈နှစ်ထိ ဆိုးရွားသော ကံကြမ္မာ ဆိုးကို ကံတရားမှ ခါးသီးစွာ ဆက်ဆံခဲ့သည်ဟု ဟောခဲ့ရလေတော့၏။))))))
ထိုဟောချက်ကို ဟောသည်နှင့်တစ်ပြိုင်နက် တစ်ပြိုင်နက်ထဲ ဆက်ဟောရန်ပြင်ရလေတော့၏။ လွန်ခဲ့သော ၂၀၂၀၏ ဇန်နဝါရီလ ၂၄ရက်မှ စတင်၍ ကောင်းမွန်သော ၊သစ်လွင်သော ကံတရားက သင့်အား ပျော်ရွှင်စေပြန်၏ဟူ ဟောရာ ပြုံး၍သာ ခေါင်းညိတ်လေတော့၏။ လက္ခဏာ တတ်မြောက်ခြင်းသည် ဖြစ်ပျက်မည့်အကြောင်းအရာကို ရှာရသည်မှာလွန်စွာကောင်း၍ နက္ခတ် ပညာ စစ်စစ်တတ်မြောက်ခြင်းသည် အချိန်ရှာဖွေရခြင်းအားလွန်စွာထောက်ခံ၏။ လွန်စွာတွဲဖက်သင့်သော ပညာရပ်များဖြစ်၍ မြန်မာလူမျိူးသာမက. နိုင်ငံအသိးသီးကပါ လက်ခံသောပညာရပ်နှစ်မျိူးဖြစ်ပြန်၏။
ကျွန်ုပ်လည်း အဟောအား သေချာစွာဟောကြားခြင်းသည် အချိန်နှင့်တကွဟောပြောနိုင်မှသာ မိမိကိုယ်ကိုယ် ကျေနပ်၏။
ခင်ဗျားဟာချမ်းသာမည်။
ခင်များဟာ အိမ်ပိုင်လိမ့်မယ်။
ခင်ဗျားဘဝမှာ ကားစိးနိုင်လိမ့်မယ်။
ခင်ဗျားဘဝဟာ အိမ်ထောင်ဘက်နဲ့ ဖြတ်သန်းလိမ့်မယ်၊ မိန်းမရမယ်ပေါ့။
အစရှိတဲ့ဟောချက်မျိူးကိုဟောတဲ့အခါမှာ အချိန်ကာလ မသတ်မှတ်ပေးနိုင်ရင် လွန်စွာ အားနည်းချက်ဖြစ်၏။ ထို့ကြောင့် ကေပီနက္ခတ် နှင့် လဂ်ရိုးကောဇာ အဟော အား သင်ယူရပြန်၏။ လူသားတို့သည်လည်း အကြောင်းအရာကိုသိရှိသော် ထိုအကြောင်းအရာ၏.ဖြစ်ပျက်မည့်အချိန်ကို သိရှိကြပြန်၏။ထို့ကြောင့် လက္ခဏာ ပညာမှ စစ်မှန်သော အသက်တိုင်းတာနည်း၊ကိုတိကျစွာ လုပ် ဆောင်တတ်မှသာဖြစ်တော့၏။
ကျွန်ုပ်လည်း ကျွန်းငယ်၏ ကာလအပိုင်းအခြားအား သေချာစွာ တိုင်းတယ၍ ဟောပေးခဲ့ပြီးနောက် နောက်ပိုင်းတွင်ပါရှိသော ကံတရားမှအကောင်းပေးသောအချ်န်ထိကာလများကိုသေချာစွာရှင်းပြဆွေးနွေးပေးရ၏။ ယခုအချိန်မှစ၍ ၃၆နှစ်ထိ သန့်ရှင်းသော ကံလမ်းကြောင်း တည်ရှိနေ၍ ကောင်းမွန်စွာ ကံတရားမှ နေရာချမူ့အား. ဆက်လက်သရုပ်ဆောင်ရမည်ဟုဟောပြောရင်း အခြားအြကောင်းအရာများအား ဆွေးနွေးပေး၍ လိုအပ်သည်များကိုတိုင်ပင်စေခဲ့၏။
တခါတစ်လေမှာ ကံလမ်းကြောင်းက အကောင်းပေးသလို အဆိုးကိုလည်း ပီးပီပြင်ပြင်ပေးလေ့ရှိတာကြောင့် ထိုပေးမဲ့ ကောင်းခြင်းဆိုးခြင်းတွေရဲ့ ကာလအပိုင်းအခြားကို သေချာတိုင်းတာတတ်သော ပညာရပ်ဆီသို့ဦးတည်သွားနိုင်ရန်လိုအပ်လှပေတေါ့၏။ (#ကျွန်းနှင့်ကြာဖူးကိုသေချာစွာပိုင်းခြားတတ်ရန်လိုအပ်၏၊မဟုတ်လျင်တိုင်ပတ်ချေတော့မည်။)
ဆရာများအားဂါရဝထားလျက်
ဆရာဝေမင်း(လက္ခဏာ ကျောက်ဆည်)