ေဇာ္ဂ်ီ / ယူနီကုဒ္္
Zawgyi ျဖင့္ဖတ္ပါ
★★★★★
ျမတ္ စြာဘုရား ေဟာထားတာကေတာ့ ေလာကမွာ စီးပြားေရးပ်က္ရာ ၊ပစၥည္းဥစၥာေတြရဲ႔ ယိုေပါက္ၾကီး ၆ခုဆိုတာပစၥည္းဥစၥာဟာ ဘယ္ေတာ့မွ မတည္ဘူးတဲ့…ျမန္မာေတြကေတာ့ ေျပာၾကတယ္“လူမိုက္နဲ႔ေငြ” အတူမေနဘူးတဲ့ပစၥည္းဥစၥာဟာ ေပ်ာက္သြားတယ္။
ျမတ္စြာဘုရားက ဘာကိုေဟာသလဲဆိုရင္နံပါတ္(၁)က အာလသ် – လူပ်င္းနဲ႔ဆိုရင္ ေငြဟာ အတူမေနဘူးတဲ့။ပ်င္းရိလို႔ရွိရင္ ပ်င္းတယ္ဆုိတာ ပူလြန္းတယ္၊ေအးလြန္းတယ္၊ မိုးခ်ဳပ္လြန္းတယ္၊ ဆာေနေသးတယ္၊မစားရေသးဘူး၊ စားၿပီးၿပီ၊ ဗိုက္ေလးတယ္ ဆုိတဲ့အခ်က္ေတြကို အေၾကာင္းျပၿပီး အလုပ္မလုပ္ဘဲနဲ႔ေနတာကို ပ်င္းတယ္လို႔ေျပာတာေနာ္။အဲဒီလိုပ်င္းရိမႈဟာလည္း ပစၥည္းဥစၥာရဲ႕ယုိက်ဖုိ႔ရာ အေပါက္တစ္ခုပဲတဲ့။
ေနာက္ နံပါတ္(၂)ကေတာ့ ပမာဒတဲ့ – အေပ်ာ္အပါးေတြဘက္ပဲ စိတ္၀င္စားတယ္။ေကာင္းက်ိဳးခ်မ္းသာျဖစ္ဖုိ႕ စိတ္မ၀င္စားဘူး။လုပ္ငန္းကိုလည္း စိတ္မ၀င္စားဘူး။ အေပ်ာ္အပါးေတြကိုအၿမဲတမ္း စိတ္၀င္စားေနရင္လည္း ပ်က္စီးႏိုင္တယ္။နံပါတ္(၃)က အႏု႒ာန – လုပ္ငန္းတစ္ခုကို လုပ္တဲ့အခါမွာတက္တက္ၾကြၾကြ မရိွဘူး။ ၀တ္ေက်တမ္းေက်ပဲလုပ္တယ္၊ ေျဖးေျဖးေဆးေဆးပဲ။ slow ေပ့ါ…။သြက္သြက္လက္လက္ လုပ္ရမယ့္ဟာကိုသြက္သြက္လက္လက္ မလုပ္ဘူး။ ပ်င္းပ်င္းရိရိလုပ္တယ္၊ အဲဒီလိုဟာမ်ိဳး မျဖစ္ရဘူးတဲ့။ႀကိဳးႀကိဳးစားစားလုပ္ရမယ္။ အဲဒီေတာ့ပ်င္းရိျခင္းဟာလည္း ဥစၥာရဲ႕ ယိုေပါက္တစ္ခု။
နံပါတ္(၄)က ကာမဂုဏ္အာ႐ံုေတြထဲမွာ စိတ္ကိုလႊတ္ထားၿပီးေတာ့ေပ်ာ္ပါးျခင္းဟာလည္း ပစၥည္းဥစၥာရဲ႕ယုိက်တဲ့ အေပါက္တစ္ခုတဲ့။နံပါတ္(၅)က မေစာင့္စည္းျခင္း၊ ကိုယ့္စိတ္ကိုလည္း အေစာင့္စည္းဘူး။ကာယကံ၀စီကံကုိလည္း မထိန္းသိမ္း မေစာင့္ေရွာက္ဘူး။ကိုယ္က်င့္တရားကိုလည္း မထိန္းသိမ္းမေစာင့္ေရွာက္ဘူး။အဲဒါဟာ စီးပြားေရးယိုေပါက္တစ္ခုပဲ။နံပါတ္(၆)က အအိပ္ၾကဴးျခင္း၊ ဘယ္ေတာ့ျဖစ္ျဖစ္အိပ္တာပဲ။အအိပ္မ်ားေနတယ္၊ အဲဒီဟာလည္းပဲ ပ်က္စီးျခင္းအေၾကာင္းတစ္ခုပဲ။
ခုနကေျပာခဲ့တဲ့ အာလသ်နဲ႕ တႏီၵမွာ
_ အာလသ်ပ်င္းရိတယ္ဆုိတဲ့ေနရာမွာဘာအလုပ္မွ မလုပ္ဘဲေနတာမ်ိဳး၊_ တႏီၵက်ေတာ့ ျဖစ္ေပၚလာတဲ့ အခ်ိန္ကိုေရႊ႕တာအၿမဲတမ္းအခ်ိန္ကိုေရႊ႕ခ်င္တယ္။ေစာေသးတယ္၊ အခ်ိန္ေရႊ႕လိုက္တယ္။၈နာရီေလာက္ အလုပ္လုပ္ရမွာကို မလုပ္ေသးပါဘူး။၉နာရီမွ လုပ္မယ္။ ၉နာရီက်ေတာ့လည္း၁၀-နာရီက်မွာ သြားေတာ့မယ္။ဒီလိုအခ်ိန္ေတြကို ေရႊ႕ေရႊ႕သြားတာမ်ိဳးကို ဆုိလိုတယ္။
အဲဒီအေပါက္ ၆-ေပါက္ကို ပိတ္ႏိုင္မွတဲ့။မပိတ္ႏိုင္လို႕ရိွရင္ ပစၥည္းဥစၥာဟာလူေတြနဲ႔အတူ မရိွႏိုင္ဘူးလို႔ဒီလို ျမတ္စြာဘုရားက ေဟာတယ္။အဲဒီလိုေဟာတာေတြဟာ ကိုယ့္အတြက္ပစၥဳပၸန္ဘ၀မွာေကာင္းက်ိဳးရႏိုင္သလိုသံသရာအတြက္လည္း ေကာင္းက်ိဳးရႏိုင္တယ္။မေကာင္းတဲ့ အခ်က္အလက္ေတြကို ေရွာင္ၿပီးေတာ့ေကာင္းတဲ့ အခ်က္အလက္ေတြကို ကိုယ့္သႏၱာန္မွာက်င့္ေဆာင္ဖုိ႕အေရးႀကီးတယ္။
ယိုေပါက္ႀကီးေတြပိတ္ၿပီး စီးပြားလာဘ္လာဘတိုးတက္ၾကပါေစ။
(ပါခ်ဳပ္ဆရာေတာ္ဘုရားႀကီး)
(အခြင့္ေကာင္းကိုယူ ဓမၼစာအုပ္မွ)
ကိုသန္႔ႀကီးထံမွ ကူးယူ မွ်ေဝပါသည္။
Credit: Dr shwe tu
Unicode ဖြင့်ဖတ်ပါ
★★★★★
မြတ် စွာဘုရား ဟောထားတာကတော့ လောကမှာ စီးပွားရေးပျက်ရာ ၊ပစ္စည်းဥစ္စာတွေရဲ့ ယိုပေါက်ကြီး ၆ခုဆိုတာပစ္စည်းဥစ္စာဟာ ဘယ်တော့မှ မတည်ဘူးတဲ့…မြန်မာတွေကတော့ ပြောကြတယ်“လူမိုက်နဲ့ငွေ” အတူမနေဘူးတဲ့ပစ္စည်းဥစ္စာဟာ ပျောက်သွားတယ်။
မြတ်စွာဘုရားက ဘာကိုဟောသလဲဆိုရင်နံပါတ်(၁)က အာလသျ – လူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူးတဲ့။ပျင်းရိလို့ရှိရင် ပျင်းတယ်ဆိုတာ ပူလွန်းတယ်၊အေးလွန်းတယ်၊ မိုးချုပ်လွန်းတယ်၊ ဆာနေသေးတယ်၊မစားရသေးဘူး၊ စားပြီးပြီ၊ ဗိုက်လေးတယ် ဆိုတဲ့အချက်တွေကို အကြောင်းပြပြီး အလုပ်မလုပ်ဘဲနဲ့နေတာကို ပျင်းတယ်လို့ပြောတာနော်။အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်းဥစ္စာရဲ့ယိုကျဖို့ရာ အပေါက်တစ်ခုပဲတဲ့။
နောက် နံပါတ်(၂)ကတော့ ပမာဒတဲ့ – အပျော်အပါးတွေဘက်ပဲ စိတ်ဝင်စားတယ်။ကောင်းကျိုးချမ်းသာဖြစ်ဖို့ စိတ်မဝင်စားဘူး။လုပ်ငန်းကိုလည်း စိတ်မဝင်စားဘူး။ အပျော်အပါးတွေကိုအမြဲတမ်း စိတ်ဝင်စားနေရင်လည်း ပျက်စီးနိုင်တယ်။နံပါတ်(၃)က အနုဋ္ဌာန – လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာတက်တက်ကြွကြွ မရှိဘူး။ ဝတ်ကျေတမ်းကျေပဲလုပ်တယ်၊ ဖြေးဖြေးဆေးဆေးပဲ။ slow ပေ့ါ…။သွက်သွက်လက်လက် လုပ်ရမယ့်ဟာကိုသွက်သွက်လက်လက် မလုပ်ဘူး။ ပျင်းပျင်းရိရိလုပ်တယ်၊ အဲဒီလိုဟာမျိုး မဖြစ်ရဘူးတဲ့။ကြိုးကြိုးစားစားလုပ်ရမယ်။ အဲဒီတော့ပျင်းရိခြင်းဟာလည်း ဥစ္စာရဲ့ ယိုပေါက်တစ်ခု။
နံပါတ်(၄)က ကာမဂုဏ်အာရုံတွေထဲမှာ စိတ်ကိုလွှတ်ထားပြီးတော့ပျော်ပါးခြင်းဟာလည်း ပစ္စည်းဥစ္စာရဲ့ယိုကျတဲ့ အပေါက်တစ်ခုတဲ့။နံပါတ်(၅)က မစောင့်စည်းခြင်း၊ ကိုယ့်စိတ်ကိုလည်း အစောင့်စည်းဘူး။ကာယကံဝစီကံကိုလည်း မထိန်းသိမ်း မစောင့်ရှောက်ဘူး။ကိုယ်ကျင့်တရားကိုလည်း မထိန်းသိမ်းမစောင့်ရှောက်ဘူး။အဲဒါဟာ စီးပွားရေးယိုပေါက်တစ်ခုပဲ။နံပါတ်(၆)က အအိပ်ကြူးခြင်း၊ ဘယ်တော့ဖြစ်ဖြစ်အိပ်တာပဲ။အအိပ်များနေတယ်၊ အဲဒီဟာလည်းပဲ ပျက်စီးခြင်းအကြောင်းတစ်ခုပဲ။
ခုနကပြောခဲ့တဲ့ အာလသျနဲ့ တန္ဒီမှာ
_ အာလသျပျင်းရိတယ်ဆိုတဲ့နေရာမှာဘာအလုပ်မှ မလုပ်ဘဲနေတာမျိုး၊_ တန္ဒီကျတော့ ဖြစ်ပေါ်လာတဲ့ အချိန်ကိုရွှေ့တာအမြဲတမ်းအချိန်ကိုရွှေ့ချင်တယ်။စောသေးတယ်၊ အချိန်ရွှေ့လိုက်တယ်။၈နာရီလောက် အလုပ်လုပ်ရမှာကို မလုပ်သေးပါဘူး။၉နာရီမှ လုပ်မယ်။ ၉နာရီကျတော့လည်း၁၀-နာရီကျမှာ သွားတော့မယ်။ဒီလိုအချိန်တွေကို ရွှေ့ရွှေ့သွားတာမျိုးကို ဆိုလိုတယ်။
အဲဒီအပေါက် ၆-ပေါက်ကို ပိတ်နိုင်မှတဲ့။မပိတ်နိုင်လို့ရှိရင် ပစ္စည်းဥစ္စာဟာလူတွေနဲ့အတူ မရှိနိုင်ဘူးလို့ဒီလို မြတ်စွာဘုရားက ဟောတယ်။အဲဒီလိုဟောတာတွေဟာ ကိုယ့်အတွက်ပစ္စုပ္ပန်ဘဝမှာကောင်းကျိုးရနိုင်သလိုသံသရာအတွက်လည်း ကောင်းကျိုးရနိုင်တယ်။မကောင်းတဲ့ အချက်အလက်တွေကို ရှောင်ပြီးတော့ကောင်းတဲ့ အချက်အလက်တွေကို ကိုယ့်သန္တာန်မှာကျင့်ဆောင်ဖို့အရေးကြီးတယ်။
ယိုပေါက်ကြီးတွေပိတ်ပြီး စီးပွားလာဘ်လာဘတိုးတက်ကြပါစေ။
(ပါချုပ်ဆရာတော်ဘုရားကြီး)
(အခွင့်ကောင်းကိုယူ ဓမ္မစာအုပ်မှ)
ကိုသန့်ကြီးထံမှ ကူးယူ မျှဝေပါသည်။
Credit: Dr shwe tu