တီဘီနှင့် ကြိတ်မှန်ပင် ပျားရည် ဆေးစွမ်းတခွက်
Knowledge

တီဘီနှင့် ကြိတ်မှန်ပင် ပျားရည် ဆေးစွမ်းတခွက်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ႀကိတ္မွန္ပင္ ပ်ားရည္ ေဆးစြမ္းတခြက္

ႀကိတ္မွန္ပင္ကို အမ်ိဳးသမီးေရာဂါျဖစ္တဲ့ မီးယပ္ေရာဂါမ်ားတြင္ အသုံးျပဳခဲ့က်တာ ခုထိပါဘဲ ဆရာျဖစ္သူရဲ႕အေတြး သုေတသနမ်ားျဖင့္လည္း တိုးခ်ဲ႕ အသုံးျပဳေနက်ပါတယ္။

လြန္ခဲ့ေသာ လပိုင္းကေပါ့-

ထြန္းမင္းေအာင္ေရ ထြန္းမင္းေအာင္ … အိမ္က ကိုေဇာ္ TBျဖစ္လို႔ ေဆးေသာက္ေနတာ ၂ လၾကာၿပီ ခု ဗိုက္ႀကီးလည္း ပူေဖါင္းလာသလို ေျခေထာက္ေတြလည္း ျပည့္ၿပီး ထမင္းလည္းစားမရဘူး လူလည္းေသးေသးဘဲ က်န္တယ္။ ၿပီးေတာ့ တအားလည္း ေမာတယ္။ အဲ့ဒါနဲ႔ ေဆးခန္းေတြ လိုက္ျပေနတာလည္း မထူးျခားဘူး။ အဲ့ဒါတိုင္းရင္းေဆးနဲ႔ ကုမယ္လို႔စိတ္ကူးမိၿပီး နင့္ဆီလာအကူအညီ ေတာင္းတာဟ။

ဒါနဲ႔ လူနာအေၾကာင္းကို ျပည့္စုံေအာင္ေမးၿပီးေတာ့ သုံးသပ္ေပါ့။ က်ေနာ္ အႀကံျပဳပါဆိုရင္ အဲ့ဒီေဆးခန္းကိုသြားျပပါ။ အဲ့ဒီဆရာဝန္က TBေရာဂါကုတာ အေတာ္ေကာင္းတယ္။ TBေဆးေသာက္ေနခ်ိန္မွာ အျခားေဆးေတြ မသုံးပါနဲ႔။ ၿပီးေတာ့သူၫႊန္ၾကားတာကို တေသြမတိမ္းလုပ္ပါ ။ဒါဆို သက္သာပါလိမ့္မယ္ဆိုၿပီး အႀကံျပဳေပးလိုက္တယ္။

ဒီလိုနဲ႔ ၁၀ရက္ေလာက္ၾကာေတာ့ …ထြန္းမင္းေအာင္ေရ နင့္ကိုငါ ေက်းဇူးအထူးကို တင္တာ။အင္ ဘာျဖစ္လို႔ စြတ္ၿပီး ေက်းဇူးတင္ရတာလည္းေျပာပါဦးဗ်။ နင္ေပးတဲ့ အႀကံအတိုင္းငါ လုပ္လိုက္တာ ခု ကိုေဇာ္ က်န္းမာလို႔ အလုပ္ေတာင္ျပန္ဆင္းေနၿပီဟ။

ေကာင္းတာေပါ့ အမနီရယ္။ ဒါေပမဲ့ လည္းေျပာပါဦး ဘယ္လိုေကာင္းတယ္ ဆိုတာကိုလည္းသိခ်င္တယ္ေလ။ နင့္ဆီကျပန္တဲ့ ညေနကစၿပီး ေဆးခန္းျပေဆးထိုးတယ္ ေသာက္တယ္။တရက္ျခား ေဆးထိုးတယ္။ ၃ႀကိမ္ထိုးတယ္။ သိပ္မထူးျခားေတာ့ ဆရာဝန္ကကေျပာတယ္။

ႀကိတ္မွန္႐ြက္ျပဳတ္ေရနဲ႔ ပ်ားရည္ကိုေရာၿပီး တေန႔ ၃ႀကိမ္ေသာက္ေပးပါတဲ့။ အရင္လူနာေတြကိုလည္း ၫႊန္ေပးခဲ့တာ သက္သာပါတယ္တဲ့။ ဒါေၾကာင့္ ေသာက္ေပးပါတဲ့။ ငါလည္း ပ်ားရည္ရယ္ ႀကိတ္မွန္႐ြက္ရယ္ ရွာၿပီး ျပဳတ္ရည္တေန႔တိုက္လိုက္တာ ညဖက္ေရာက္ေတာ့ တကိုယ္လုံးပူလာတယ္။

မနက္မိုးလင္းေတာ့ ဝမ္းေတြ တအားသြားတယ္ ၅//၆ႀကိမ္ေပါ့။ ဝမ္းအေရာင္ကမည္းမည္းႀကီးေတြ။ ေနာက္ေန႔လည္းအဲ့လိုဘဲ ေနာက္ေန႔က်ေတာ့ မသြားေတာ့ဘူး။ ဗိုက္ပူေနတာ ေမာေနတာ မရွိေတာ့ သလို ထမင္းေတြလည္း တအားစားၿပီး အသားအရည္လည္း ေအးလာ ၾကည္လာတယ္။

ဒါနဲ႔ဆရာဝန္ကို ျပတဲ့ရက္ ေရာက္ေတာ့ ျပန္ျပတယ္။ ဆရာလည္းဝမ္းသာတယ္။ TBေဆးကိုလည္းဆက္ေသာက္ပါ။ ႀကိတ္မွန္႐ြက္ျပဳတ္ကိုလည္း ဆက္ေသာက္ပါတဲ့။ ခုေတာ့ က်န္းမာစြာနဲ႔အလုပ္ဆင္းေနပါၿပီတဲ့ဗ်ား။

က်န္းမာေစေသာဆႏၵမ်ားျဖင့္သာ

Credit-Htunminaung Htunminaung

Via-Sai Min Thant

Unicode ဖြင့်ဖတ်ပါ
★★★★★

ကြိတ်မှန်ပင် ပျားရည် ဆေးစွမ်းတခွက်

ကြိတ်မှန်ပင်ကို အမျိုးသမီးရောဂါဖြစ်တဲ့ မီးယပ်ရောဂါများတွင် အသုံးပြုခဲ့ကျတာ ခုထိပါဘဲ ဆရာဖြစ်သူရဲ့အတွေး သုတေသနများဖြင့်လည်း တိုးချဲ့ အသုံးပြုနေကျပါတယ်။

လွန်ခဲ့သော လပိုင်းကပေါ့-

ထွန်းမင်းအောင်ရေ ထွန်းမင်းအောင် … အိမ်က ကိုဇော် TBဖြစ်လို့ ဆေးသောက်နေတာ ၂ လကြာပြီ ခု ဗိုက်ကြီးလည်း ပူဖေါင်းလာသလို ခြေထောက်တွေလည်း ပြည့်ပြီး ထမင်းလည်းစားမရဘူး လူလည်းသေးသေးဘဲ ကျန်တယ်။ ပြီးတော့ တအားလည်း မောတယ်။ အဲ့ဒါနဲ့ ဆေးခန်းတွေ လိုက်ပြနေတာလည်း မထူးခြားဘူး။ အဲ့ဒါတိုင်းရင်းဆေးနဲ့ ကုမယ်လို့စိတ်ကူးမိပြီး နင့်ဆီလာအကူအညီ တောင်းတာဟ။

ဒါနဲ့ လူနာအကြောင်းကို ပြည့်စုံအောင်မေးပြီးတော့ သုံးသပ်ပေါ့။ ကျနော် အကြံပြုပါဆိုရင် အဲ့ဒီဆေးခန်းကိုသွားပြပါ။ အဲ့ဒီဆရာဝန်က TBရောဂါကုတာ အတော်ကောင်းတယ်။ TBဆေးသောက်နေချိန်မှာ အခြားဆေးတွေ မသုံးပါနဲ့။ ပြီးတော့သူညွှန်ကြားတာကို တသွေမတိမ်းလုပ်ပါ ။ဒါဆို သက်သာပါလိမ့်မယ်ဆိုပြီး အကြံပြုပေးလိုက်တယ်။

ဒီလိုနဲ့ ၁၀ရက်လောက်ကြာတော့ …ထွန်းမင်းအောင်ရေ နင့်ကိုငါ ကျေးဇူးအထူးကို တင်တာ။အင် ဘာဖြစ်လို့ စွတ်ပြီး ကျေးဇူးတင်ရတာလည်းပြောပါဦးဗျ။ နင်ပေးတဲ့ အကြံအတိုင်းငါ လုပ်လိုက်တာ ခု ကိုဇော် ကျန်းမာလို့ အလုပ်တောင်ပြန်ဆင်းနေပြီဟ။

ကောင်းတာပေါ့ အမနီရယ်။ ဒါပေမဲ့ လည်းပြောပါဦး ဘယ်လိုကောင်းတယ် ဆိုတာကိုလည်းသိချင်တယ်လေ။ နင့်ဆီကပြန်တဲ့ ညနေကစပြီး ဆေးခန်းပြဆေးထိုးတယ် သောက်တယ်။တရက်ခြား ဆေးထိုးတယ်။ ၃ကြိမ်ထိုးတယ်။ သိပ်မထူးခြားတော့ ဆရာဝန်ကကပြောတယ်။

ကြိတ်မှန်ရွက်ပြုတ်ရေနဲ့ ပျားရည်ကိုရောပြီး တနေ့ ၃ကြိမ်သောက်ပေးပါတဲ့။ အရင်လူနာတွေကိုလည်း ညွှန်ပေးခဲ့တာ သက်သာပါတယ်တဲ့။ ဒါကြောင့် သောက်ပေးပါတဲ့။ ငါလည်း ပျားရည်ရယ် ကြိတ်မှန်ရွက်ရယ် ရှာပြီး ပြုတ်ရည်တနေ့တိုက်လိုက်တာ ညဖက်ရောက်တော့ တကိုယ်လုံးပူလာတယ်။

မနက်မိုးလင်းတော့ ဝမ်းတွေ တအားသွားတယ် ၅//၆ကြိမ်ပေါ့။ ဝမ်းအရောင်ကမည်းမည်းကြီးတွေ။ နောက်နေ့လည်းအဲ့လိုဘဲ နောက်နေ့ကျတော့ မသွားတော့ဘူး။ ဗိုက်ပူနေတာ မောနေတာ မရှိတော့ သလို ထမင်းတွေလည်း တအားစားပြီး အသားအရည်လည်း အေးလာ ကြည်လာတယ်။

ဒါနဲ့ဆရာဝန်ကို ပြတဲ့ရက် ရောက်တော့ ပြန်ပြတယ်။ ဆရာလည်းဝမ်းသာတယ်။ TBဆေးကိုလည်းဆက်သောက်ပါ။ ကြိတ်မှန်ရွက်ပြုတ်ကိုလည်း ဆက်သောက်ပါတဲ့။ ခုတော့ ကျန်းမာစွာနဲ့အလုပ်ဆင်းနေပါပြီတဲ့ဗျား။

ကျန်းမာစေသောဆန္ဒများဖြင့်သာ

Credit-Htunminaung Htunminaung

Via-Sai Min Thant