ေဇာ္ဂ်ီ / ယူနီကုဒ္္
Zawgyi ျဖင့္ဖတ္ပါ
★★★★★
တေန႔မွာ လယ္သမားတေယာက္ရဲ႕ ျမည္းဟာ ေရတြင္းပ်က္ထဲ ျပဳတ္က်ပါေရာ ။ ျမည္းက စနားစဖြယ္ ငိုေႂကြးေနခဲ့ၿပီး၊ လယ္သမားကလည္း ဘယ္လိုလုပ္ရမလဲဆိုတာ အႀကံထုတ္ေနခဲ့တယ္ ။
ျမည္းဟာ အိုေနၿပီ ေရတြင္းေဟာင္းကလည္း ေဟာင္းေနလို႔ ေျမဖို႔ျပစ္ဖို႔လိုေနၿပီ ၊ ဒါေၾကာင့္ျမည္းကို ကယ္တင္ဖို႔ မထိုက္တန္ေတာ့ဘူးလို႔ လယ္သမားက ဆုံးျဖတ္လိုက္တယ္ ။
လယ္သမားဟာ အိမ္နီးခ်င္းေတြကို ဖိတ္ေခၚၿပီး အကူအညီေတာင္းခဲ့တယ္ ။ အိမ္နီးခ်င္းေတြလည္း ေဂၚျပားကိုယ္ဆီကိုင္ၿပီး ေရာက္လာၾကတယ္ ။ ေရတြင္းကို အမႈိက္ေတြ ေျမႀကီးေတြနဲ႔ စတင္ဖို႔ၾကတယ္ ။
ပထမေတာ့ ျမည္းဟာ သူ႔ကို ေရတြင္းထဲမွာ ေျမႀကီးနဲ႔ ဖို႔သတ္ေနတယ္ဆိုတာသိၿပီး တုန္လႈပ္ငိုေႂကြးေတာ့တယ္ ။ ေနာက္ေတာ့ျမည္းဟာ ၿငိမ္သက္သြားတယ္ ။
ေျမႀကီးေတြ အေတာ္ဖို႔ၿပီးေတာ့ လယ္သမားဟာ ေရတြင္းထဲကို ငုံ႔ၾကည့္လိုက္တယ္ ။ လယ္သမားဟာ ျမင္လိုက္ရတဲ့ အရာကို အံအားသင့္သြားတယ္ ။
ျမည္းဟာ သူ႔ရဲ႕ ေက်ာေပၚက်လာတဲ့ အမႈိက္ေတြ ေျမႀကီးေတြကို ခါခ်ၿပီး ျမင့္တက္လာတဲ့ ေျမသားနဲ႔အတူ အေပၚကို တျဖည္းျဖည္းေရာက္လာတယ္ ။
ေနာက္ဆုံးမွာ ျမည္းဟာ သူ႔ကိုဖို႔တဲ့ ေျမႀကီးေတြကို အသုံးခ်ရင္း ေရတြင္းထဲက လြတ္ေျမာက္လာခဲ့တယ္ ။
လူ႔ဘဝမွာ ဘယ္လို အညစ္အေၾကးေတြ မေကာင္းမႈေတြ သင့္အေပၚက်ေရာက္ပါေစ ။
ဒါေတြကို ခါခ်ၿပီး ဘဝတက္လမ္းအတြက္ အသုံးခ်လိုက္ပါ ။ တကယ္ေတာ့ ဒုကၡဆိုတာ ဘဝေအာင္ျမင္ဖို႔အတြက္ ခုတုံးေတြ ေလွခါးထစ္ေတြပဲ ျဖစ္ပါတယ္ ။
ဘယ္လိုနက္ရႈိင္းတဲ့ ဒုကၡ ေရတြင္းထဲက်ေရာက္ပါေစ အရႈံးမေပးပါနဲ႔ ၊ ဒုကၡေတြကို ခါထုတ္ျပစ္လိုက္ၿပီး ေလွခါးထစ္လို အသုံးခ်လိုက္ပါ ။
အရွင္သူရိယ ျပန္လည္မွ်ေဝသည္
Unicode ဖြင့်ဖတ်ပါ
★★★★★
တနေ့မှာ လယ်သမားတယောက်ရဲ့ မြည်းဟာ ရေတွင်းပျက်ထဲ ပြုတ်ကျပါရော ။ မြည်းက စနားစဖွယ် ငိုကြွေးနေခဲ့ပြီး၊ လယ်သမားကလည်း ဘယ်လိုလုပ်ရမလဲဆိုတာ အကြံထုတ်နေခဲ့တယ် ။
မြည်းဟာ အိုနေပြီ ရေတွင်းဟောင်းကလည်း ဟောင်းနေလို့ မြေဖို့ပြစ်ဖို့လိုနေပြီ ၊ ဒါကြောင့်မြည်းကို ကယ်တင်ဖို့ မထိုက်တန်တော့ဘူးလို့ လယ်သမားက ဆုံးဖြတ်လိုက်တယ် ။
လယ်သမားဟာ အိမ်နီးချင်းတွေကို ဖိတ်ခေါ်ပြီး အကူအညီတောင်းခဲ့တယ် ။ အိမ်နီးချင်းတွေလည်း ဂေါ်ပြားကိုယ်ဆီကိုင်ပြီး ရောက်လာကြတယ် ။ ရေတွင်းကို အမှိုက်တွေ မြေကြီးတွေနဲ့ စတင်ဖို့ကြတယ် ။
ပထမတော့ မြည်းဟာ သူ့ကို ရေတွင်းထဲမှာ မြေကြီးနဲ့ ဖို့သတ်နေတယ်ဆိုတာသိပြီး တုန်လှုပ်ငိုကြွေးတော့တယ် ။ နောက်တော့မြည်းဟာ ငြိမ်သက်သွားတယ် ။
မြေကြီးတွေ အတော်ဖို့ပြီးတော့ လယ်သမားဟာ ရေတွင်းထဲကို ငုံ့ကြည့်လိုက်တယ် ။ လယ်သမားဟာ မြင်လိုက်ရတဲ့ အရာကို အံအားသင့်သွားတယ် ။
မြည်းဟာ သူ့ရဲ့ ကျောပေါ်ကျလာတဲ့ အမှိုက်တွေ မြေကြီးတွေကို ခါချပြီး မြင့်တက်လာတဲ့ မြေသားနဲ့အတူ အပေါ်ကို တဖြည်းဖြည်းရောက်လာတယ် ။
နောက်ဆုံးမှာ မြည်းဟာ သူ့ကိုဖို့တဲ့ မြေကြီးတွေကို အသုံးချရင်း ရေတွင်းထဲက လွတ်မြောက်လာခဲ့တယ် ။
လူ့ဘဝမှာ ဘယ်လို အညစ်အကြေးတွေ မကောင်းမှုတွေ သင့်အပေါ်ကျရောက်ပါစေ ။
ဒါတွေကို ခါချပြီး ဘဝတက်လမ်းအတွက် အသုံးချလိုက်ပါ ။ တကယ်တော့ ဒုက္ခဆိုတာ ဘဝအောင်မြင်ဖို့အတွက် ခုတုံးတွေ လှေခါးထစ်တွေပဲ ဖြစ်ပါတယ် ။
ဘယ်လိုနက်ရှိုင်းတဲ့ ဒုက္ခ ရေတွင်းထဲကျရောက်ပါစေ အရှုံးမပေးပါနဲ့ ၊ ဒုက္ခတွေကို ခါထုတ်ပြစ်လိုက်ပြီး လှေခါးထစ်လို အသုံးချလိုက်ပါ ။
အရှင်သူရိယ ပြန်လည်မျှဝေသည်