‘ဥစ္စာစောင့်ဆိုတာ တကယ် ရှိသလား..လူ့ဘဝကို ရောက်လာတဲ့ သူကိုကော ဥစ္စာစောင့် ဘဝကို ပြန်ခေါ်တယ် ဆိုတာ ဟုတ်ပါသလား’
Knowledge

‘ဥစ္စာစောင့်ဆိုတာ တကယ် ရှိသလား..လူ့ဘဝကို ရောက်လာတဲ့ သူကိုကော ဥစ္စာစောင့် ဘဝကို ပြန်ခေါ်တယ် ဆိုတာ ဟုတ်ပါသလား’

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဘုန္းဘုန္း မဂၤလာပါ ဖိုးသား ေမးစရာေလး ေပၚလာလို႔ပါ ဒီေန႔ ဖိုးသားနဲ႔ မိတ္ေဆြ အစ္မ တစ္ေယာက္ အြန္လိုင္း ကေန စာ႐ိုက္ရင္း ေျပာျဖစ္တယ္ ဘုန္းဘုန္း။

အဲဒီမွာ သူေျပာ သြားတာက သူ႔ေမာင္ေလးက ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ ဆုံးသြားေၾကာင္း၊ အသက္ (၂၁) ျပည့္႐ုံေလးပဲ ရွိေသးေၾကာင္း၊ သူဆုံးအၿပီး အမ်ိဳးသမီးႀကီး တစ္ဦးဆီကို ဝင္ပူးၿပီး ေျပာတာက ။သူ႔ကို သိုက္က ျပန္ေခၚ သြားတာ ျဖစ္ေၾကာင္း(သိုက္နာမည္လည္း ေျပာသြားပါတယ္ ဘုန္းဘုန္း၊ အရပ္ေဒသေတာ့ ေျပာမသြားဘူး) အဲလို ေျပာသြား ပါတယ္။အဲဒါ သူ႔ကို လျပည့္ လကြယ္ေတြမွာ ကုသိုလ္လုပ္ၿပီး အမွ်ေပးပါလို႔လည္း ေျပာသြားေသးတယ္ ဘုန္းဘုန္း အဲဒီမွာ အဲဒီအစ္မ သိခ်င္တာက ။

(၁) ဥစၥာေစာင့္ဆိုတာ တကယ္ ရွိသလား ဖိုးသားေတာ့ ရွိတယ္လို႔ သိထားတယ္ ဘုန္းဘုန္း
(၂) ဥစၥာေစာင့္ ဘဝကေန လူ႔ဘဝကို လာတယ္ ဆိုတာ ဟုတ္ပါသလား
(၃) လူ႔ဘဝကို ေရာက္လာတဲ့ သူကိုေကာ ဥစၥာေစာင့္ ဘဝကို ျပန္ေခၚတယ္ ဆိုတာ ဟုတ္ပါသလား၊ ျပန္ေခၚလို႔ေကာ ရပါသလား

(၄) ေနာက္တစ္ခုက ဒီအစ္မ ေမာင္ေလးက ဥစၥာေစာင့္ ဘဝကို သူျပန္ေရာက္ ေနေၾကာင္း ဝင္ပူးၿပီး ေျပာေတာ့ အကယ္၍ လူ႔ဘ၀ ကေန ဥစၥာေစာင့္ ဘဝကို ျပန္ေရာက္ပါက ဥစၥာေစာင့္ ဘဝသည္။ပဋိသေႏၶ ေနၿပီးမွ ျပန္ျဖစ္ တာလား၊ ဒါမွမဟုတ္ ေသဆုံး သြားသူရဲ႕ အသက္အ႐ြယ္ အတိုင္း ျပန္ျဖစ္ တာလား၊ အဲလိုမွ မဟုတ္ေသးရင္ ဘယ္အသက္ အ႐ြယ္က စျဖစ္တာလဲ…

၅) အဲလို ဥစၥာေစာင့္ ဘ၀ ေရာက္ေနသူေတြဟာ ေနာင္ ဘုရား တစ္ဆူဆူ ပြင့္မွ ကြၽတ္တာလား၊ က်န္ရစ္သူ ေတြက ရည္စူးၿပီး ကုသိုလ္ျပဳ အမွ်ေဝလို႔ အမွ်ရ ရင္ေကာ ကြၽတ္သလား အဲဒါေလးေတြ သိခ်င္ပါတယ္ ဘုန္းဘုန္း။ စိတ္ထဲ မရွင္းလို႔ပါ။ေနာက္ ေျပာေသးတယ္ သမထလိုင္း လုပ္ေနတဲ့ ဆရာေတာ္ တစ္ပါးက ဒီအစ္မရဲ႕ ေမာင္ေလးကို ဥစၥာေစာင့္ ဘဝကေန လူ႔ဘ၀ ျပန္ေရာက္ေအာင္ လုပ္ေပးမယ္ လို႔လည္း ေျပာေသးတယ္ ဘုန္းဘုန္း။အဲဒါ ကေတာ့ မျဖစ္ႏိုင္ပါဘူး အဲဒါေလး ကိုလည္း ရွင္းျပေပး ပါဦး ဖိုးသား ေမးတဲ့ ေမးခြန္း ေတြလည္း မ်ားသြားၿပီ ထင္တယ္။

ဘုန္းဘုန္း အေနနဲ႔ လိုအပ္မယ္ ထင္တဲ့ ေမးခြန္း ေလးေတြကို ေထရဝါဒ ရႈေဒါင့္ကေန သုံးသပ္လို႔ အားတဲ့ အခ်ိန္ေလးမွာ ေျဖၾကားေပးပါဦး ဘုန္းဘုန္း ဘုန္းဘုန္း က်န္းမာပါေစ ( ႐ိုေသစြာ ဦးခိုက္လ်က္ဖိုးသား )။

ဥစၥာေစာင့္

ဥစၥာေစာင့္ ဆိုတာ အမွန္ေတာ့ သီးျခားဘုံ တစ္ခု မဟုတ္ပါဘူး ဘုရားရွင္ ေဟာၾကားေတာ္ မူတဲ့ ၃၁ ဘုံထဲက ၿပိတၱာဘုံပဲ ျဖစ္ပါတယ္ ဥစၥာေစာင့္ ဘဝကေန လူ႔ဘ၀ လာတယ္ ဆိုတာ ဒီအတိုင္းႀကီး လာတာ မဟုတ္ပါဘူး၊ၿပိတၱာ ဘဝက ေသဆုံးလို႔ လူ႔ဘ၀ လာျဖစ္တာပါဥစၥာေစာင့္ ဘဝက ျပန္ေခၚတယ္ ဆိုတာနဲ႔ ပတ္သက္ၿပီး လူ႔ဘ၀ စုေတခါနီး မွာ သူျပဳခဲ့တဲ့ ကံတရားရဲ႕ အေၾကာင္းေၾကာင့္ သြားရမွာ ျဖစ္တယ္ ။

ဒီေတာ့ လူဘဝက ေသဆုံးရင္ ဥစၥာေစာင့္ ဧကန္ ျဖစ္မယ္လို႔ ေျပာလို႔ မရပါဘူး ကံစီမံရာ ဆိုေတာ့ တစ္ျခားဘုံ ေတြမွာလည္း သြားျဖစ္ႏိုင္ တယ္ေလ လူ႔ဘ၀ ကေန ၿပိတၱာဘဝ(ဥစၥာေစာင့္ ဘဝ)ေရာက္ရင္ ဥပပါတ္ ပဋိသေႏၶ နဲ႔ ေနၾကတာ မ်ားၾကတယ္။သမထ သမားက အေခ်ာင္ ဝင္ႏႈိက္တာ ျဖစ္မယ္ သူက လူ႔ဘ၀ ေရာက္ေအာင္ မလုပ္ေပး ႏိုင္ဘူး၊ သူ႔ကို ျပန္ေမးၾကည့္ ရမယ္ မင္းေသရင္ေကာ မင္းကိုမင္း လူျဖစ္ေအာင္ လုပ္ႏိုင္လားလို႔ ။

တကယ္လို႔ ေသခ်ာေပါက္ လူဘ၀ ျပန္ျဖစ္ေအာင္ လုပ္ေပးႏိုင္ တယ္ဆိုရင္၊ အားလုံး လူေတြခ်ည္း ျဖစ္ေတာ့မွာေပါ့ ဘုရားရွင္က မႏုႆတၱ ဒုလႅဘ ဆိုတဲ့ စကားေတာ္လည္း ရွိေနတာ။အနာဂတ္မွာ တတ္အပ္ ေသခ်ာ လူျပန္ျဖစ္ ႏိုင္ဖို႔အတြက္ မည္သူမွ် မေျပာႏိုင္ ၾကဘူး လူျဖစ္ဖို႔ အတြက္ ဘယ္ေလာက္ ခဲယဥ္းလဲ ဆိုရင္။းကို ခ်ၿပီး လူ႔ျပည္က အပ္တစ္ေခ်ာင္းနဲ႔ အပ္ဖ်ားခ်င္းသာ ထိသြားဖြယ္ရာ သာရွိတယ္ လူ႔ဘ၀ ျဖစ္ဖို႔ဆိုတာ မလြယ္ပါဘူး။ဥစၥာေစာင့္ (ၿပိတၱာ) ျဖစ္ေနတဲ့ သူမ်ားဟာ ေနာင္ဘုရား တစ္ဆူပြင့္မွ ကြၽတ္မယ္လို႔ ခန္႔မွန္းလို႔ မရပါဘူး။

တကယ္လို႔ ေသသူကို သီလရွိတဲ့ ရဟန္းမ်ား ပင့္ၿပီး သန္႔ရွင္းတဲ့ လႉဖြယ္တို႔ျဖင့္ လႉဒါန္းၿပီး အမွ်အတန္း ေပးေဝမယ္၊။အဲဒီအခါမွာ ၿပိတၱာ ျဖစ္သူကလည္း ေရစက္ခ် အမွ်ေဝရာကို လာၿပီး သာဓု ေခၚဆိုႏိုင္ၾက ပါရင္ ၿပိတၱာ ဘဝက ကြၽတ္လြတ္ၿပီး ဘဝတစ္ ခုခုေတာ့ ေရာက္သြားႏိုင္ ပါတယ္

(ေမတၱာျဖင့္ ဦးေကာဝိဒ ) ။

Unicode ဖြင့်ဖတ်ပါ
★★★★★

ဘုန်းဘုန်း မင်္ဂလာပါ ဖိုးသား မေးစရာလေး ပေါ်လာလို့ပါ ဒီနေ့ ဖိုးသားနဲ့ မိတ်ဆွေ အစ်မ တစ်ယောက် အွန်လိုင်း ကနေ စာရိုက်ရင်း ပြောဖြစ်တယ် ဘုန်းဘုန်း။

အဲဒီမှာ သူပြော သွားတာက သူ့မောင်လေးက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဆုံးသွားကြောင်း၊ အသက် (၂၁) ပြည့်ရုံလေးပဲ ရှိသေးကြောင်း၊ သူဆုံးအပြီး အမျိုးသမီးကြီး တစ်ဦးဆီကို ဝင်ပူးပြီး ပြောတာက ။သူ့ကို သိုက်က ပြန်ခေါ် သွားတာ ဖြစ်ကြောင်း(သိုက်နာမည်လည်း ပြောသွားပါတယ် ဘုန်းဘုန်း၊ အရပ်ဒေသတော့ ပြောမသွားဘူး) အဲလို ပြောသွား ပါတယ်။အဲဒါ သူ့ကို လပြည့် လကွယ်တွေမှာ ကုသိုလ်လုပ်ပြီး အမျှပေးပါလို့လည်း ပြောသွားသေးတယ် ဘုန်းဘုန်း အဲဒီမှာ အဲဒီအစ်မ သိချင်တာက ။

(၁) ဥစ္စာစောင့်ဆိုတာ တကယ် ရှိသလား ဖိုးသားတော့ ရှိတယ်လို့ သိထားတယ် ဘုန်းဘုန်း
(၂) ဥစ္စာစောင့် ဘဝကနေ လူ့ဘဝကို လာတယ် ဆိုတာ ဟုတ်ပါသလား
(၃) လူ့ဘဝကို ရောက်လာတဲ့ သူကိုကော ဥစ္စာစောင့် ဘဝကို ပြန်ခေါ်တယ် ဆိုတာ ဟုတ်ပါသလား၊ ပြန်ခေါ်လို့ကော ရပါသလား

(၄) နောက်တစ်ခုက ဒီအစ်မ မောင်လေးက ဥစ္စာစောင့် ဘဝကို သူပြန်ရောက် နေကြောင်း ဝင်ပူးပြီး ပြောတော့ အကယ်၍ လူ့ဘ၀ ကနေ ဥစ္စာစောင့် ဘဝကို ပြန်ရောက်ပါက ဥစ္စာစောင့် ဘဝသည်။ပဋိသန္ဓေ နေပြီးမှ ပြန်ဖြစ် တာလား၊ ဒါမှမဟုတ် သေဆုံး သွားသူရဲ့ အသက်အရွယ် အတိုင်း ပြန်ဖြစ် တာလား၊ အဲလိုမှ မဟုတ်သေးရင် ဘယ်အသက် အရွယ်က စဖြစ်တာလဲ…

၅) အဲလို ဥစ္စာစောင့် ဘ၀ ရောက်နေသူတွေဟာ နောင် ဘုရား တစ်ဆူဆူ ပွင့်မှ ကျွတ်တာလား၊ ကျန်ရစ်သူ တွေက ရည်စူးပြီး ကုသိုလ်ပြု အမျှဝေလို့ အမျှရ ရင်ကော ကျွတ်သလား အဲဒါလေးတွေ သိချင်ပါတယ် ဘုန်းဘုန်း။ စိတ်ထဲ မရှင်းလို့ပါ။နောက် ပြောသေးတယ် သမထလိုင်း လုပ်နေတဲ့ ဆရာတော် တစ်ပါးက ဒီအစ်မရဲ့ မောင်လေးကို ဥစ္စာစောင့် ဘဝကနေ လူ့ဘ၀ ပြန်ရောက်အောင် လုပ်ပေးမယ် လို့လည်း ပြောသေးတယ် ဘုန်းဘုန်း။အဲဒါ ကတော့ မဖြစ်နိုင်ပါဘူး အဲဒါလေး ကိုလည်း ရှင်းပြပေး ပါဦး ဖိုးသား မေးတဲ့ မေးခွန်း တွေလည်း များသွားပြီ ထင်တယ်။

ဘုန်းဘုန်း အနေနဲ့ လိုအပ်မယ် ထင်တဲ့ မေးခွန်း လေးတွေကို ထေရဝါဒ ရှုဒေါင့်ကနေ သုံးသပ်လို့ အားတဲ့ အချိန်လေးမှာ ဖြေကြားပေးပါဦး ဘုန်းဘုန်း ဘုန်းဘုန်း ကျန်းမာပါစေ ( ရိုသေစွာ ဦးခိုက်လျက်ဖိုးသား )။

ဥစ္စာစောင့်

ဥစ္စာစောင့် ဆိုတာ အမှန်တော့ သီးခြားဘုံ တစ်ခု မဟုတ်ပါဘူး ဘုရားရှင် ဟောကြားတော် မူတဲ့ ၃၁ ဘုံထဲက ပြိတ္တာဘုံပဲ ဖြစ်ပါတယ် ဥစ္စာစောင့် ဘဝကနေ လူ့ဘ၀ လာတယ် ဆိုတာ ဒီအတိုင်းကြီး လာတာ မဟုတ်ပါဘူး၊ပြိတ္တာ ဘဝက သေဆုံးလို့ လူ့ဘ၀ လာဖြစ်တာပါဥစ္စာစောင့် ဘဝက ပြန်ခေါ်တယ် ဆိုတာနဲ့ ပတ်သက်ပြီး လူ့ဘ၀ စုတေခါနီး မှာ သူပြုခဲ့တဲ့ ကံတရားရဲ့ အကြောင်းကြောင့် သွားရမှာ ဖြစ်တယ် ။

ဒီတော့ လူဘဝက သေဆုံးရင် ဥစ္စာစောင့် ဧကန် ဖြစ်မယ်လို့ ပြောလို့ မရပါဘူး ကံစီမံရာ ဆိုတော့ တစ်ခြားဘုံ တွေမှာလည်း သွားဖြစ်နိုင် တယ်လေ လူ့ဘ၀ ကနေ ပြိတ္တာဘဝ(ဥစ္စာစောင့် ဘဝ)ရောက်ရင် ဥပပါတ် ပဋိသန္ဓေ နဲ့ နေကြတာ များကြတယ်။သမထ သမားက အချောင် ဝင်နှိုက်တာ ဖြစ်မယ် သူက လူ့ဘ၀ ရောက်အောင် မလုပ်ပေး နိုင်ဘူး၊ သူ့ကို ပြန်မေးကြည့် ရမယ် မင်းသေရင်ကော မင်းကိုမင်း လူဖြစ်အောင် လုပ်နိုင်လားလို့ ။

တကယ်လို့ သေချာပေါက် လူဘ၀ ပြန်ဖြစ်အောင် လုပ်ပေးနိုင် တယ်ဆိုရင်၊ အားလုံး လူတွေချည်း ဖြစ်တော့မှာပေါ့ ဘုရားရှင်က မနုဿတ္တ ဒုလ္လဘ ဆိုတဲ့ စကားတော်လည်း ရှိနေတာ။အနာဂတ်မှာ တတ်အပ် သေချာ လူပြန်ဖြစ် နိုင်ဖို့အတွက် မည်သူမျှ မပြောနိုင် ကြဘူး လူဖြစ်ဖို့ အတွက် ဘယ်လောက် ခဲယဉ်းလဲ ဆိုရင်။းကို ချပြီး လူ့ပြည်က အပ်တစ်ချောင်းနဲ့ အပ်ဖျားချင်းသာ ထိသွားဖွယ်ရာ သာရှိတယ် လူ့ဘ၀ ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ဥစ္စာစောင့် (ပြိတ္တာ) ဖြစ်နေတဲ့ သူများဟာ နောင်ဘုရား တစ်ဆူပွင့်မှ ကျွတ်မယ်လို့ ခန့်မှန်းလို့ မရပါဘူး။

တကယ်လို့ သေသူကို သီလရှိတဲ့ ရဟန်းများ ပင့်ပြီး သန့်ရှင်းတဲ့ လှူဖွယ်တို့ဖြင့် လှူဒါန်းပြီး အမျှအတန်း ပေးဝေမယ်၊။အဲဒီအခါမှာ ပြိတ္တာ ဖြစ်သူကလည်း ရေစက်ချ အမျှဝေရာကို လာပြီး သာဓု ခေါ်ဆိုနိုင်ကြ ပါရင် ပြိတ္တာ ဘဝက ကျွတ်လွတ်ပြီး ဘဝတစ် ခုခုတော့ ရောက်သွားနိုင် ပါတယ်

(မေတ္တာဖြင့် ဦးကောဝိဒ ) ။