ဝါးကို မှိုမတက် ပိုးမထိုးအောင် ဘယ်လိုလုပ်ရမလဲ
Knowledge

ဝါးကို မှိုမတက် ပိုးမထိုးအောင် ဘယ်လိုလုပ်ရမလဲ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဝါးကို မိူမတက္ ပိုးမထိုးေအာင္ ဘယ္လိုလုပ္ရမလဲလို႔ ေမးေနၾကတဲ့ မိတ္ေဆြမ်ားအတြက္ ဗဟုသုတ ရေစရန္အလိုငွာ လက္လမ္းမွီသေလာက္ နည္းလမ္းမ်ားကိုေဝမွ် ေပးလိုက္ပါတယ္။

(၁)Boric_Acid ႏွင့္ Borax Powder ျဖင့္ ေဆးစိမ္ျခင္း

အမ်ားအေခၚအေဝၚ (လက္ခ်ားအမူန႔္) Boric powder နဲ႔ Borax acid ကို ၁ ဆႏွင့္ ၁ဆ ခြဲ ေရာၿပီး ၁ ေပါင္လွ်င္ ေရ၃ဂါလံ ႏွင့္ ၅ ရက္ခန႔္စိမ္ျခင္း ျဖင့္ ဝါးမ်ားကို မိူမတက္ ပိုးမထိုးေအာင္ ကာကြယ္ႏိုင္ပါတယ္။

ဝါးအတြင္းရွိ သၾကားရည္သည္ ေရထက္ျပစ္သည္။ ဝါးကို ကန္အတြင္း စိမ္ထားပါက သၾကားရည္မ်ားထြက္ကာ အခ်ဥ္ေပါက္လာသည္။ ေနာက္ထပ္တဖန္ စိမ္ေသာအခါ အလ်ဥ္ရလာေသာေၾကာင့္ ေလးရက္ခန႔္ၾကာလွ်င္ အခ်ဥ္ေပါက္လာသည္။ ပိုးမ်ားႀကိဳက္ေသာ သၾကားဓါတ္မ်ားကုန္၍ ပိုးမစားေၾကာင္းသိရသည္။ ေငြေၾကးသက္ေသာ္လည္းၾကာၾကာထားပါက အပုတ္နံ႔ထြက္လာ၍ ေရအနည္းငယ္ခ်န္ကာ ေရလွဲလယ္သင့္သည္။

(၂) ပင္လယ္ေရတြင္ စိမ္ၿပီး ေနလွမ္းအေျခာက္ခံျခင္း

စီးဆင္းေနေသာ ေရတြင္ သုံးပတ္မွ တလ အထိ စိမ္ထားပါက သၾကားရည္ေနရာတြင္ ေရအစား ဝင္ေရာက္သြားသည္။ ထိုေၾကာင့္ ေရစိမ္ဝါးသည္ ပိုးမစားေၾကာင္း ေတြ႕ရသည္။ ဝါးကို ေရစိမ္ပါက အေရာင္ေျပာင္းလဲေစသည္။ ႐ူပႏွင့္ အားအင္ဆိုင္ရာမ်ား ဆုံးရံွးေစေသာေၾကာင့္ ခံႏိုင္ရည္ က်ဆင္းေစသည္။

(၃)ၾကပ္တိုက္ျခင္း

ဝါးကို ၾကပ္တိုက္ျခင္းျဖင့္လည္း ၾကာရွည္ခံေအာင္ ျပဳလုပ္ႏိုင္သည္။ မိူင္းတိုက္ျခင္း၊ မီးရႈိ႕ရန္ မီးေသြး၊ ထင္း၊ ဂတ္(စ္)တို႔ကိုအသုံးျပဳႏိုင္သည္။ မီးေလာင္စာေၾကာင့္ဝါးသည္ သိပ္သည္းလာၿပီး ပိုးမႊားအႏၲရာယ္ ကာကြယ္ႏိုင္သည္။

(၄) တန္ေဆာင္မုန္းလ (သို႔) ဒီေရက်ခ်ိန္တြင္ ဝါးကို ေ႐ြးခ်ယ္ခုတ္ျခင္း

ဝါးသည္ သဘာဝႏွင့္ ဆက္စပ္မူ အလြန္ရွိသည္။ ဒီေရ တက္လွ်င္ ဝါးပင္တြင္ ေရမ်ားတက္ၿပီး ဒီေရ က်ခ်ိန္တြင္ဝါးပင္အတြင္းတြင္ ေရမ်ားက်သြားတတ္သည္။ လ၏ ဆြဲငင္အားျဖင့္ ေျမႀကီးအတြင္းမွ အစာရည္က ဆြဲစုတ္ယူသည္။ လျပည့္ရက္တြင္ ဝါးအဆစ္အတြင္း သၾကားရည္ ျပည့္ေနတတ္သည္။ထို႔ေၾကာင့္ လကြယ္ရက္(သို႔) တန္ေဆာင္မုန္းလတြင္ ဝါးခုတ္ပါက ပိုးမႊားအႏၲာရယ္သက္သာသည္။

(၅)ေနေရာင္မရွိခ်ိန္တြင္ ဝါးကို ေ႐ြးခ်ယ္ခုတ္ျခင္း

သစ္ပင္တို႔၏ သဘာဝသည္ အစာခ်က္ရန္ ေနေရာင္ လိုအပ္သည္။ဝါးပင္သည္လည္း အစာမခ်က္ေသာ ေနေရာင္ မရွိေသာအခ်ိန္တြင္ ခုတ္ယူပါက ပိုးစားသက္သာေၾကာင္းေတြ႕ရသည္။

(၆) အပင္တြင္ အျပတ္ မခုတ္ပဲ အနည္းငယ္ခ်န္ကာ အ႐ြက္က်မွ သိမ္းျခင္း

ကိုယ္ပိုင္စိုက္ခင္းျဖစ္ပါက သက္တမ္းမွန္ေသာ ဝါးကိုေ႐ြးခ်ယ္ပါ။ ေအာက္ဆုံးအဆစ္မွ တစ္လက္မေလာက္ခ်န္ထား၍ ျပတ္မသြားေအာင္ ခုတ္ပါ။ ခုတ္စာထြက္ေသြားေသာေနရာကို သပ္ခု ထားၿပီးတျခားအပင္ကို မွီထားပါ။ ၂ ပတ္ ၃ ပတ္ၾကာေသာအခါ သၾကားရည္ထြက္သြားမည္။က်န္ရွိေသာ သၾကားဓါတ္ကိုလည္း အ႐ြက္မ်ားက အစာခ်က္၍ သၾကားဓါတ္နည္းသြားမည္။ ဝါးအတြင္း က်န္ရွိေသာ သၾကားရည္သည္လည္း အခ်ဥ္ေပါက္ၿပီးအယ္(လ္)ကိုေဟာ သို႔ေျပာင္းကာ ပိုးမႊားမ်ားမႀကိဳက္ေတာ့ပါ။ ယခုနည္းသည္ အေကာင္းဆုံး ဝါးခုတ္နည္း ျဖစ္ပါသည္။
အားလုံးအဆင္ေျပၾကပါေစ

Source: ဆရာဝင္းေက်ာ္ဦး

ေလးစားရမည့္ ဝါးပင္တို႔၏ သဘာ၀ စာအုပ္မွ

Credit – ဗဟုသုတေက်း႐ြာ

Unicode ဖြင့်ဖတ်ပါ
★★★★★

ဝါးကို မိူမတက် ပိုးမထိုးအောင် ဘယ်လိုလုပ်ရမလဲလို့ မေးနေကြတဲ့ မိတ်ဆွေများအတွက် ဗဟုသုတ ရစေရန်အလိုငှာ လက်လမ်းမှီသလောက် နည်းလမ်းများကိုဝေမျှ ပေးလိုက်ပါတယ်။

(၁)Boric_Acid နှင့် Borax Powder ဖြင့် ဆေးစိမ်ခြင်း

အများအခေါ်အဝေါ် (လက်ချားအမူန့်) Boric powder နဲ့ Borax acid ကို ၁ ဆနှင့် ၁ဆ ခွဲ ရောပြီး ၁ ပေါင်လျှင် ရေ၃ဂါလံ နှင့် ၅ ရက်ခန့်စိမ်ခြင်း ဖြင့် ဝါးများကို မိူမတက် ပိုးမထိုးအောင် ကာကွယ်နိုင်ပါတယ်။

ဝါးအတွင်းရှိ သကြားရည်သည် ရေထက်ပြစ်သည်။ ဝါးကို ကန်အတွင်း စိမ်ထားပါက သကြားရည်များထွက်ကာ အချဉ်ပေါက်လာသည်။ နောက်ထပ်တဖန် စိမ်သောအခါ အလျဉ်ရလာသောကြောင့် လေးရက်ခန့်ကြာလျှင် အချဉ်ပေါက်လာသည်။ ပိုးများကြိုက်သော သကြားဓါတ်များကုန်၍ ပိုးမစားကြောင်းသိရသည်။ ငွေကြေးသက်သော်လည်းကြာကြာထားပါက အပုတ်နံ့ထွက်လာ၍ ရေအနည်းငယ်ချန်ကာ ရေလှဲလယ်သင့်သည်။

(၂) ပင်လယ်ရေတွင် စိမ်ပြီး နေလှမ်းအခြောက်ခံခြင်း

စီးဆင်းနေသော ရေတွင် သုံးပတ်မှ တလ အထိ စိမ်ထားပါက သကြားရည်နေရာတွင် ရေအစား ဝင်ရောက်သွားသည်။ ထိုကြောင့် ရေစိမ်ဝါးသည် ပိုးမစားကြောင်း တွေ့ရသည်။ ဝါးကို ရေစိမ်ပါက အရောင်ပြောင်းလဲစေသည်။ ရူပနှင့် အားအင်ဆိုင်ရာများ ဆုံးရံှးစေသောကြောင့် ခံနိုင်ရည် ကျဆင်းစေသည်။

(၃)ကြပ်တိုက်ခြင်း

ဝါးကို ကြပ်တိုက်ခြင်းဖြင့်လည်း ကြာရှည်ခံအောင် ပြုလုပ်နိုင်သည်။ မိူင်းတိုက်ခြင်း၊ မီးရှို့ရန် မီးသွေး၊ ထင်း၊ ဂတ်(စ်)တို့ကိုအသုံးပြုနိုင်သည်။ မီးလောင်စာကြောင့်ဝါးသည် သိပ်သည်းလာပြီး ပိုးမွှားအန္တရာယ် ကာကွယ်နိုင်သည်။

(၄) တန်ဆောင်မုန်းလ (သို့) ဒီရေကျချိန်တွင် ဝါးကို ရွေးချယ်ခုတ်ခြင်း

ဝါးသည် သဘာဝနှင့် ဆက်စပ်မူ အလွန်ရှိသည်။ ဒီရေ တက်လျှင် ဝါးပင်တွင် ရေများတက်ပြီး ဒီရေ ကျချိန်တွင်ဝါးပင်အတွင်းတွင် ရေများကျသွားတတ်သည်။ လ၏ ဆွဲငင်အားဖြင့် မြေကြီးအတွင်းမှ အစာရည်က ဆွဲစုတ်ယူသည်။ လပြည့်ရက်တွင် ဝါးအဆစ်အတွင်း သကြားရည် ပြည့်နေတတ်သည်။ထို့ကြောင့် လကွယ်ရက်(သို့) တန်ဆောင်မုန်းလတွင် ဝါးခုတ်ပါက ပိုးမွှားအန္တာရယ်သက်သာသည်။

(၅)နေရောင်မရှိချိန်တွင် ဝါးကို ရွေးချယ်ခုတ်ခြင်း

သစ်ပင်တို့၏ သဘာဝသည် အစာချက်ရန် နေရောင် လိုအပ်သည်။ဝါးပင်သည်လည်း အစာမချက်သော နေရောင် မရှိသောအချိန်တွင် ခုတ်ယူပါက ပိုးစားသက်သာကြောင်းတွေ့ရသည်။

(၆) အပင်တွင် အပြတ် မခုတ်ပဲ အနည်းငယ်ချန်ကာ အရွက်ကျမှ သိမ်းခြင်း

ကိုယ်ပိုင်စိုက်ခင်းဖြစ်ပါက သက်တမ်းမှန်သော ဝါးကိုရွေးချယ်ပါ။ အောက်ဆုံးအဆစ်မှ တစ်လက်မလောက်ချန်ထား၍ ပြတ်မသွားအောင် ခုတ်ပါ။ ခုတ်စာထွက်သွေားသောနေရာကို သပ်ခု ထားပြီးတခြားအပင်ကို မှီထားပါ။ ၂ ပတ် ၃ ပတ်ကြာသောအခါ သကြားရည်ထွက်သွားမည်။ကျန်ရှိသော သကြားဓါတ်ကိုလည်း အရွက်များက အစာချက်၍ သကြားဓါတ်နည်းသွားမည်။ ဝါးအတွင်း ကျန်ရှိသော သကြားရည်သည်လည်း အချဉ်ပေါက်ပြီးအယ်(လ်)ကိုဟော သို့ပြောင်းကာ ပိုးမွှားများမကြိုက်တော့ပါ။ ယခုနည်းသည် အကောင်းဆုံး ဝါးခုတ်နည်း ဖြစ်ပါသည်။
အားလုံးအဆင်ပြေကြပါစေ

Source: ဆရာဝင်းကျော်ဦး

လေးစားရမည့် ဝါးပင်တို့၏ သဘာ၀ စာအုပ်မှ

Credit – ဗဟုသုတကျေးရွာ