ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
ငွေကြေးဥစ္စာတွေ မဝင်ဘဲ လာဘ်လာဘတွေ ပိတ်နေသူတွေ အတွက် တကယ်စွမ်းတဲ့ လာဘ်ပွင့်ဂါထာတစ်ပုဒ်မျှဝေပေးချင်ပါတယ်…..ဒီထဲကအတိုင်း လိုက်ပါလုပ်ဆောင်ရင်း ဂါထာတော်ကို ရွတ်ပေးမယ်ဆိုရင် လာဘ်တွေပိတ်နေတာတွေ ပွင့်ပြီး လာဘ်ပွင့် ငွေဝင်လာပါလိမ့်မယ်လို့ ဆိုပါတယ်…ပထမဆုံးလုပ်ရမဲ့ နည်းကတော့ ဖယောင်းတိုင် တစ်တိုင်ကို သနချေ သိဒ္ဓိတင် ဂုဏ်တော် ရွတ်ဖတ်ပြီးပါက ရှင်သီဝလိ ဂါထာကို ဖယောင်းတိုင်မှာ ဖယောင်းတိုင် အခြေကနေ စရေးပါ…ထို့နောက် ရှင်သီဝလိ ကိုယ်တော်ကြီးကိုဆွမ်းအဖြူ တစ်ပွဲကို ဆီဆမ်း ငှက်ပျောသီးတစ်လုံး အခွံနွှာ သကြားဖြူးပြီး…ရှင်သီဝလိ ဂါထာ ရေးထားသော ဖယောင်းတိုင်ကို ပုဂံသန့်သန့်တစ်ချပ်ထဲမှာ ထွန်းပါ….
ထိုဆွမ်း ငှက်ပျောပွဲ ဂါထာ ဖယောင်းတိုင်ကို ဘုရားကျောင်းဆောင်ဘေးတွင် ရှင်သီဝလိကို ယ်တော်ကို ရည်မှန်းကပ်လှူ၍ တောင်းဆုပြုပါ….
ဖယောင်းတိုင်တွင် ရေးရမဲ့ရှင်သီဝလိဂါထာ ကတော့…….
သီဝလိစ မဟာထေရော ၊ ဒေဝ မနုဿ ပူဇိတော ၊ သောရဟော ပစ္စယာဒိနံ ၊ မဟာလာဘံ ကာရောတုမေ ။
ထို ဂါထာအား ဖယောင်းတိုင် အခြေမှစ၍ အချွန်တစ်ခုခုဖြင့် ရေးပါ ။ သန့်သော အချွန်ဖြစ်ပါစေ။အချွန်လည်း သနချေသိဒ္ဓိတင်ဂုဏ်တော်ရွတ်ပါ ။
သနချေရန်။ ။ ဥုံ သန သန မဟာသန သနအပေါင်း ထောင်းထောင်းညက် ကြေစရာကြေ ၇အုပ်ရွတ်ပါ ။
သိဒ္ဓိတင်ရန် ။ ။ဥုံ သိဒ္ဓိ သိဒ္ဓိမဟာသိဒ္ဓိ သိဒ္ဓိ အပေါင်းထောင်းထောင်း ထက်ဆရာထက် ။ ၇အုပ်ရွတ်ပါ ။
ဂုဏ်တော်ရွတ်ပါ ၉ခေါက် ထို့နောက် ရှင်သီဝလိ ကိုယ်တော်ကြီးကို အထက်ပါပစ္စည်းများ ကပ်လှူပါ ရှင်သီဝလိ ဂါထာကို ၂၇ ခေါက် ရွတ်ဖတ်ပူဇော်ပါ …
ပရိသတ်ကြီးတို့လည်း လာဘ်တွေ ပိတ်နေတယ် ဆိုရင် စမ်းကြည့်လိုက်ပါ….ယုံယုံကြည်ကြည်နဲ့ လုပ်မယ်ဆို အကျိုးထူးမှာပါ……ပရိသတ်ကြီးတို့လာဘ်ပိတ်နေသူတွေရှိရင် ရွတ်ဖတ်နိုင်အောင်လို့ ပြန်လည် မျှဝေလိုက်ပါတယ်နော်…
Writer – HW (Shwe Yaung Lan)
Source : ပန်းမခူး တဲ့ ဥယျာဉ်မှူး