လက်ငင်းဖူး ချက်ချင်းထူး အဓိဌာန်
Knowledge

လက်ငင်းဖူး ချက်ချင်းထူး အဓိဌာန်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★








credit_

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင်နဲ့ အဆိုတော်စမိုင်းလ်ဟာသစ်တံခါး ဆရာတော်ကြီးကို ယုံကြည်သက်ဝင် ကိုးကွယ်သူတစ်ဦးဖြစ်သလို ဆရာတော်ဘုရားကြီးရဲ့ အဆိုအမိန့်အတိုင်း အဓိဌာန်တွေလည်း အမြဲမပြတ်ဝင်လေ့ရှိသူတစ်ဦးဖြစ်ပါတယ်။

အခုလည်း စမိုင်းလ်က ဆရာတော်ကြီးမိန့်ကြားတဲ့ လက်ငင်းဖူးချက်ချင်းထူး အဓိဌာန်ကို ဝင်ရင်း သူမ ပရိသတ်တွေလည်း ကုသိုလ်ယူနိုင်အောင် မျှဝေပေးခဲ့တာဖြစ်ပါတယ်။

စမိုင်းလ်ပြုလုပ်နေတဲ့ လက်ငင်းဖူး ချက်ချင်းထူး အဓိဌာန်ကတော့ သစ်တံခါးဆရာတော်ရဲ့ အဓိဌာန်ကျင့်နေစဉ်မက်ခဲ့သော အိမ်မက်အရ မြို့ဟောင်း ၅မြို့ရဲ့ ဘုရားများကို သွားရောက်ဖူးမျှော် ဗောဓိဓါတ်ယူတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဘုရားတွေကတော့ ညောင်ရမ်း- ရွှေကူကြီးဘုရား ၊ ပင်း – ရှင်အရဟံမဟာဗောဓိပင်ဘုရား၊ ညောင်ဦး – ရွှေစည်းခုံဘုရား၊ ရတနာပုံ – မဟာမြတ်မုနိဘုရား၊ အင်းဝ – မဟာဗောဓိဘုရား တို့ပဲ ဖြစ်ကြပါတယ်လို့ စမိုင်းလ်က ဝေမျှပေးထားတာပါ။

စမိုင်းလ်ဟာ ဆရာတော်ဘုရားကြီးရဲ့ မဟောဗောဓိညောင်ဆယ်ပင် အဓိဌာန်ကို မကြာခဏ ဝင်လေ့ရှိသူတစ်ဦးဖြစ်ပြီး သူမလိုပဲ ကုသိုလ်ပြုလိုသူတွေအတွက် အခုပြုလုပ်နေတဲ့ လက်ငင်းဖူးချက်ချင်းထူး အဓိဌာန်လေးကို ထပ်မံမျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်။

သစ်တံခါးဆရာတော်ကြီးဟာဆိုရင် အနုပညာရှင်တော်တော်များများ ကိုးကွယ်ကြတဲ့ ဆရာတော်တစ်ပါးဖြစ်ပြီး ဆရာတော်ကြီးရဲ့ သစ္စာအဓိဌာန်တွေက ဆုတောင်းပြည့်တယ်ရယ်လို့ အနုပညာရှင် အများစုက မျှဝေထားကြတာတွေ့ရပါတယ်။

သစ်တံခါးဆရာတော်ကြီးဟာဆိုရင် အနုပညာရှင်တော်တော်များများ ကိုးကွယ်ကြတဲ့ ဆရာတော်တစ်ပါးဖြစ်ပြီး ဆရာတော်ကြီးရဲ့ သစ္စာအဓိဌာန်တွေက ဆုတောင်းပြည့်တယ်ရယ်လို့ အနုပညာရှင် အများစုက မျှဝေထားကြတာတွေ့ရပါတယ်။

credit_