ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
မေတ္တာ
*******
Credit U NgweSoe
Unicode ဖြင့်ဖတ်ပါ
★★★★★
မေတ္တာ
*******
အောက်ပါဓါတ်ပုံများမှာ အိန္ဒိယနိုင်ငံ အာဆမ် နယ်ရှိကျေးရွာတစ်ရွာတွင် ရိုက်ကူးခဲ့သောပုံများ ဖြစ်ပါသည်။ လူတစ်ယောက်သည် အနီးအနားရွာမှ နွားမတစ်ကောင်ကိုဝယ်ယူပြီးမိမိရွာသို့ ယူခဲ့သည်။ ညအချိန်ရောက်တိုင်းခွေးဟောင်သံများကြားရသည်။
ရွာသားများက ညမထွက်ရအမိန့်ကို အခွင့်အရေးယူပြီး သူခိုးကပ်သည်ဟု ထင်ကြသည်။ သူတို့ CCTV တတ်ဆင်ပြီး တွေ့ရသည်မှာ လူတိုင်းကိုအံ့အားသင့်စေသည်။
သူတို့သည် နွားဝယ်လာသူ ဝယ်လာခဲ့သောရွာကိုသွားရောက်ခဲ့ပြီး စုံစမ်းရာ ရက်၂၀ သာရှိသေးသောကျားသစ်ကလေး တစ်ကောင်၏ မိခင်သေဆုံးသွားသည့်အကြောင်း သိခဲ့ရသည်။
ရွာသားများက ကျားသစ်ပေါက်လေးကို နွားမတစ်ကောင်ထံ ခေါ်လာခဲ့သည်။ထိုနွားမက ကျားသစ်ကလေးကို မိခင်သဖွယ် စောင့်ရှောက်ခဲ့သည်။ ကျားသစ်လေးအရွယ်ရောက်လာသောအခါ သူ့ကိုတောထဲသို့ ပြန်လွှတ်ပေးခဲ့ကြသည်။
သို့ရာတွင် ကျားသစ်လေးကသူ့ကိုနို့ တိုက်မွေးမြူခဲ့သည့် ကယ်တင်ရှင်ကို မမေ့ထားခဲ့ပေ။ သူက ညတိုင်းပင် တောရွာရှိ သူ့အမေထံအလယ်လာခဲ့ပေသည်။
Shoukat Ali ၏ National Geographic: My short discussion ကိုဘာသာပြန်ထားပါသည်။
Credit U NgweSoe