ခေတ်တခေတ်ပျက်သုန်းချိန်မှာ စီးပွားရှာနိုင်သူ ခေတ်ပျက်သူဌေး (သို့) Covid-19 ကြောင့် ချမ်းသာသွားသူတစ်ဦး…
Knowledge

ခေတ်တခေတ်ပျက်သုန်းချိန်မှာ စီးပွားရှာနိုင်သူ ခေတ်ပျက်သူဌေး (သို့) Covid-19 ကြောင့် ချမ်းသာသွားသူတစ်ဦး…

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သူ႔နာမည္က အဲရစ္ယြမ္လို႔ေခၚတယ္။ ျမန္မာပုံျပင္မွာ ႂကြက္ေသတခုအရင္းျပဳလို႔ ခ်မ္းသာတဲ့သူလို ကိုဗစ္ေၾကာင့္ လူတိုင္း စီးပြားေရးက်ေနခ်ိန္မွာ သူကေတာ့ အေအာင္ျမင္ဆုံးစီးပြားေရးတခုကို ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဘာလို႔လဲဆိုေတာ့ သူက ကိုဗစ္ကာလအတြင္း လူသုံးအမ်ားဆုံး ဗီဒီယိုဆက္သြယ္ေရးျဖစ္တဲ့ ZOOM ရဲ႕ CEO and Founder မို႔လို႔ပါပဲ။ သူက တ႐ုတ္ႏိုင္ငံ ရွမ္ေဒါင္းျပည္နယ္ ထိုင္အန္းၿမိဳ႕ဇာတိ။ သူ႔ကို ၁၉၇၀ ခုႏွစ္မွာ ေမြးတယ္။

၁၉၈၇ ခုႏွစ္ သူတကၠသိုလ္ပထမႏွစ္ တက္တဲ့အခ်ိန္ သူ႔ရဲ႕ရည္းစားဆီကိုသြားတဲ့ ၁၀ နာရီၾကာ ရထားခရီးစဥ္မွာ ရထားစီးေနရင္း ဒီလိုအခ်ိန္အၾကာႀကီးသြားေတြ႕ရတာထက္စာရင္ ဒီထက္ပိုမိုလြယ္ကူၿပီး အခ်ိန္မေ႐ြး ေတြ႕ဆုံေျပာဆိုႏိုင္မယ့္

ဗီဒီယိုဆက္သြယ္ေရး (Video Telephony) ေဆာ့ဝဲတခုကို တီထြင္ဖို႔ စတင္စိတ္ကူးမိခဲ့ပါသတဲ့။ အဲလိုနဲ႔ ရွမ္ေဒါင္းသိပၸံ နည္းပညာတကၠသိုလ္ကေန ဘြဲ႕ရၿပီးတဲ့ေနာက္၊ ဂ်ပန္မွာ ၄ႏွစ္ၾကာ အလုပ္သြားခ်ိန္ ၁၉၉၄ ခုႏွစ္မွာေတာ့

မိုက္ခ႐ိုေဆာ့သူေဌးဘီလ္ဂိတ္စ္ရဲ႕မိန႔္ခြန္းကို နားေထာင္မိရာကေန အေမရိကန္ရဲ႕နာမည္ေက်ာ္နည္းပညာကုမၸဏီေတြ ရွိရာ ဆီလီကြန္ေတာင္ၾကားကိုသြားေရာက္ အေျခခ်လိုစိတ္ေၾကာင့္ ၁၉၉၇ခုႏွစ္၊ သူ႔အသက္ ၂၇ႏွစ္အ႐ြယ္၊

အေမရိကန္ဗီဇာ၉ႀကိမ္ေျမာက္ေလွ်ာက္အၿပီးမွာေတာ့ အေမရိကန္ဝင္ခြင့္ဗီဇာကို ရရွိခဲ့တယ္။ ဆီလီကြန္ေတာင္ၾကားကို ေရာက္တဲ့အခါမွာေတာ့ သူ႔ရဲ႕ရည္႐ြယ္ခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ ဗီဒီယိုဆက္သြယ္ေရးေဆာ့ဝဲေတြကို ေရးတဲ့လုပ္ငန္းကို စလုပ္ေနၿပီျဖစ္တဲ့

WebEx ကုမၸဏီမွာ ေဆာ့ဝဲအင္ဂ်င္နီယာဝင္လုပ္တယ္။ WebEx ကို ၂၀၀၇ ခုႏွစ္မွာ Cisco က ဝယ္ယူၿပီးေနာက္မွာသူ႔ရဲ႕အလုပ္ႀကိဳးစားမႈေၾကာင့္ အင္ဂ်င္နီယာပိုင္းဆိုင္ရာမွာ ဒုတိယဥကၠဌ ရာထူးအထိ ရခဲ့တယ္။

၂၀၁၁ ခုႏွစ္ဝန္းက်င္၊ စမတ္ဖုန္းေတြ ေခတ္စားလာတဲ့အခ်ိန္မွာ စမတ္ဖုန္းေတြမွာအသုံးျပဳႏိုင္မယ့္ Video Conference Appတခုကို ေရးသားၿပီး Cisco ကုမၸဏီအုပ္ခ်ဳပ္ေရးအဖြဲ႕ကိုျပခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕appကို အုပ္ခ်ဳပ္ေရးအဖြဲ႕က ပယ္ခ်လိုက္တဲ့အခါမွာေတာ့ သူဟာ

ဒီကုမၸဏီကေနထြက္ၿပီး ကိုယ္ပိုင္ကုမၸဏီကို တည္ေထာင္ဖို႔ျပင္ရာမွာ ရာထူးေကာင္းေကာင္း လစာေကာင္းေကာင္း ရေနတဲ့အခ်ိန္မွကိုယ္ပိုင္အလုပ္ကို ျပန္စဖို႔ရာကို သေဘာသိပ္မတူတဲ့ဇနီးျဖစ္သူကို” ဒါဟာအရမ္းခက္ခဲတဲ့ ခရီးရွည္ျဖစ္မယ္မွန္း ငါသိပါတယ္ မိန္းမရယ္၊

ဒါေပမယ့္ ငါအခု ဒီလိုမလုပ္ခဲ့ရရင္ေတာ့ တသက္လုံးေနာင္တရေနေတာ့မွာပဲ” လို႔ ေျပာၿပီး ၂၀၁၁ ခုႏွစ္ ဧၿပီလ ၂၁ ရက္ေန႔မွာ သူ႔ရဲ႕ ZOOM ကုမၸဏီကို စတင္ခဲ့ပါေတာ့တယ္။ (ဒါေၾကာင့္မို႔ ​ေကာင္းတာ လုပ္ေနသမွ် မိန္းမတားလဲလုပ္ပါ။ ဤကားစကားခ်ပ္)

၂၀၁၃ ခုႏွစ္မွ ဗီဒီယိုဆက္သြယ္ေရးေဆာ့ဝဲ ေဈးကြက္ထဲကိုေရာက္လာခဲ့တာ ျဖစ္ေပမယ့္ စစခ်င္းႏွစ္မွာတင္ လူသုံးမ်ားလာတဲ့ ေဆာ့ဝဲျဖစ္လာခဲ့ၿပီး ေမလမွာ ZOOM သုံးစြဲသူေပါင္း ၁သန္းအထိ ရွိလာခဲ့တယ္။ ေနာက္ ၄ႏွစ္အၾကာ ၂၀၁၇ ခုႏွစ္မွာေတာ့ သူ႔ရဲ႕

ZOOM ကုမၸဏီဟာ အေမရိကန္ေဒၚလာ ၁ဘီလ်ံ တန္ဖိုးရွိတဲ့ကုမၸဏီျဖစ္လာခဲ့တယ္။ ၂၀၁၉ ဧၿပီလမွာ ကုမၸဏီကို အမ်ားပိုင္ကုမၸဏီအျဖစ္ေျပာင္းခဲ့ၿပီးေနာက္၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ ကိုဗစ္ႏိုင္တင္းစတင္ျဖစ္တဲ့ကာလမွာေတာ့ သုံးစြဲသူေပါင္း ၁၀ သန္းအထိ ရွိလာခဲ့ပါတယ္။

COVID-19 ျဖစ္ခဲ့ၿပီးတဲ့ေနာက္ ၂၀၂၀ ခုႏွစ္မတ္လမွာေတာ့ သုံးစြဲသူေပါင္း သန္း ၂၀၀ အထိ တမဟုတ္ခ်င္းတက္လာတာနဲ႔အမွ် ZOOM ကုမၸဏီရဲ႕ရွယ္ယာေဈးဟာလည္း တရွိန္တိုးျမင့္တက္လာခဲ့တယ္။

ဒီေဆာ့ဝဲဟာ လုံၿခဳံေရးစိတ္မခ်ရဘူးဆိုတဲ့ ေထာက္ျပေဝဖန္သံေတြထြက္ခဲ့ေပမယ့္ သုံးစြဲသူေတြဟာ တိုးလာဆဲ တိုးၿမဲျဖစ္ေနကာ လူသိအမ်ားဆုံး ဗီဒီယိုဆက္သြယ္ေရးေဆာ့ဝဲတခုျဖစ္လာခဲ့တယ္။ ဒီကုမၸဏီရဲ႕ ရွယ္ယာတန္ဖိုးဟာ ၂၀၂၀ ဇန္နဝါရီလမွာ

ေဒၚလာ ၇၀ေအာက္သာ ရွိခဲ့ေပမယ့္ မတ္လကုန္မွာေတာ့ ေဒၚလာ ၁၅၀ ျဖစ္သြားၿပီး ၃လအတြင္း ၂ဆေက်ာ္ ခုန္တက္ခဲ့တယ္။ အခုဆိုရင္ ဝန္ထမ္း ၂၅၀၀ ေက်ာ္နဲ႔ လည္ပတ္ေနတဲ့ ဒီကုမၸဏီရဲ႕တန္ဖိုးဟာ

၄၂ဘီလ်ံ အထိေဈးကြက္တန္ေၾကးရွိသြားၿပီျဖစ္သလို တည္ေထာင္သူျဖစ္တဲ့ အဲရစ္ယြန္ဟာလည္း ၁ႏွစ္အတြင္းမွာ အေမရိကန္ေဒၚလာ ၇.၈ဘီလ်ံႂကြယ္ဝလာကာ တည္ေထာင္ၿပီး၉ႏွစ္အၾကာမွာေတာ့ ကမာၻအခ်မ္းသာဆုံးပုဂၢိဳလ္ ၃၀၀ စာရင္းထဲကို ပါဝင္လာခဲ့ပါတယ္။

”ေခတ္တေခတ္ပ်က္သုန္းခ်ိန္နဲ႔ ေခတ္တခုထူေထာင္ခ်ိန္ဟာ စီးပြားရွာလို႔အေကာင္းဆုံးပဲ” လို႔ စာေရးဆရာမ မာဂရက္မစ္ခ်ယ္ရဲ႕ Gone with the wind (ဆရာျမသန္းတင့္မွ ေလ႐ူးသုန္သုန္လို႔ ဘာသာျပန္ခဲ့တဲ့) စာအုပ္ထဲက ဇတ္ေကာင္ ရတ္ဘတ္တလာ ေျပာခဲ့သလိုပဲ

အက်ဥ္းအက်ပ္ထဲမွာေပမယ့္ ေခတ္ကာလကိုအသုံးခ်တတ္ရင္ အခြင့္အလမ္းေတြရွိေနတယ္ဆိုတာ အဲရစ္ရဲ႕ ဇတ္လမ္းကေနေျပာျပေနတယ္လို႔ ျမင္မိပါတယ္။ Entrepreneurship နဲ႔ Innovator ေတြ ျမန္မာျပည္မွာလဲမ်ားမ်ားရွိဖို႔ရည္႐ြယ္ရင္း ဒီစာေရးပါတယ္။ ခရက္ဒစ္

Unicode ဖြင့်ဖတ်ပါ
★★★★★

သူ့နာမည်က အဲရစ်ယွမ်လို့ခေါ်တယ်။ မြန်မာပုံပြင်မှာ ကြွက်သေတခုအရင်းပြုလို့ ချမ်းသာတဲ့သူလို ကိုဗစ်ကြောင့် လူတိုင်း စီးပွားရေးကျနေချိန်မှာ သူကတော့ အအောင်မြင်ဆုံးစီးပွားရေးတခုကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ သူက ကိုဗစ်ကာလအတွင်း လူသုံးအများဆုံး ဗီဒီယိုဆက်သွယ်ရေးဖြစ်တဲ့ ZOOM ရဲ့ CEO and Founder မို့လို့ပါပဲ။ သူက တရုတ်နိုင်ငံ ရှမ်ဒေါင်းပြည်နယ် ထိုင်အန်းမြို့ဇာတိ။ သူ့ကို ၁၉၇၀ ခုနှစ်မှာ မွေးတယ်။

၁၉၈၇ ခုနှစ် သူတက္ကသိုလ်ပထမနှစ် တက်တဲ့အချိန် သူ့ရဲ့ရည်းစားဆီကိုသွားတဲ့ ၁၀ နာရီကြာ ရထားခရီးစဉ်မှာ ရထားစီးနေရင်း ဒီလိုအချိန်အကြာကြီးသွားတွေ့ရတာထက်စာရင် ဒီထက်ပိုမိုလွယ်ကူပြီး အချိန်မရွေး တွေ့ဆုံပြောဆိုနိုင်မယ့်

ဗီဒီယိုဆက်သွယ်ရေး (Video Telephony) ဆော့ဝဲတခုကို တီထွင်ဖို့ စတင်စိတ်ကူးမိခဲ့ပါသတဲ့။ အဲလိုနဲ့ ရှမ်ဒေါင်းသိပ္ပံ နည်းပညာတက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့နောက်၊ ဂျပန်မှာ ၄နှစ်ကြာ အလုပ်သွားချိန် ၁၉၉၄ ခုနှစ်မှာတော့

မိုက်ခရိုဆော့သူဌေးဘီလ်ဂိတ်စ်ရဲ့မိန့်ခွန်းကို နားထောင်မိရာကနေ အမေရိကန်ရဲ့နာမည်ကျော်နည်းပညာကုမ္ပဏီတွေ ရှိရာ ဆီလီကွန်တောင်ကြားကိုသွားရောက် အခြေချလိုစိတ်ကြောင့် ၁၉၉၇ခုနှစ်၊ သူ့အသက် ၂၇နှစ်အရွယ်၊

အမေရိကန်ဗီဇာ၉ကြိမ်မြောက်လျှောက်အပြီးမှာတော့ အမေရိကန်ဝင်ခွင့်ဗီဇာကို ရရှိခဲ့တယ်။ ဆီလီကွန်တောင်ကြားကို ရောက်တဲ့အခါမှာတော့ သူ့ရဲ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ ဗီဒီယိုဆက်သွယ်ရေးဆော့ဝဲတွေကို ရေးတဲ့လုပ်ငန်းကို စလုပ်နေပြီဖြစ်တဲ့

WebEx ကုမ္ပဏီမှာ ဆော့ဝဲအင်ဂျင်နီယာဝင်လုပ်တယ်။ WebEx ကို ၂၀၀၇ ခုနှစ်မှာ Cisco က ဝယ်ယူပြီးနောက်မှာသူ့ရဲ့အလုပ်ကြိုးစားမှုကြောင့် အင်ဂျင်နီယာပိုင်းဆိုင်ရာမှာ ဒုတိယဥက္ကဌ ရာထူးအထိ ရခဲ့တယ်။

၂၀၁၁ ခုနှစ်ဝန်းကျင်၊ စမတ်ဖုန်းတွေ ခေတ်စားလာတဲ့အချိန်မှာ စမတ်ဖုန်းတွေမှာအသုံးပြုနိုင်မယ့် Video Conference Appတခုကို ရေးသားပြီး Cisco ကုမ္ပဏီအုပ်ချုပ်ရေးအဖွဲ့ကိုပြခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့appကို အုပ်ချုပ်ရေးအဖွဲ့က ပယ်ချလိုက်တဲ့အခါမှာတော့ သူဟာ

ဒီကုမ္ပဏီကနေထွက်ပြီး ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်ဖို့ပြင်ရာမှာ ရာထူးကောင်းကောင်း လစာကောင်းကောင်း ရနေတဲ့အချိန်မှကိုယ်ပိုင်အလုပ်ကို ပြန်စဖို့ရာကို သဘောသိပ်မတူတဲ့ဇနီးဖြစ်သူကို” ဒါဟာအရမ်းခက်ခဲတဲ့ ခရီးရှည်ဖြစ်မယ်မှန်း ငါသိပါတယ် မိန်းမရယ်၊

ဒါပေမယ့် ငါအခု ဒီလိုမလုပ်ခဲ့ရရင်တော့ တသက်လုံးနောင်တရနေတော့မှာပဲ” လို့ ပြောပြီး ၂၀၁၁ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ သူ့ရဲ့ ZOOM ကုမ္ပဏီကို စတင်ခဲ့ပါတော့တယ်။ (ဒါကြောင့်မို့ ကောင်းတာ လုပ်နေသမျှ မိန်းမတားလဲလုပ်ပါ။ ဤကားစကားချပ်)

၂၀၁၃ ခုနှစ်မှ ဗီဒီယိုဆက်သွယ်ရေးဆော့ဝဲ ဈေးကွက်ထဲကိုရောက်လာခဲ့တာ ဖြစ်ပေမယ့် စစချင်းနှစ်မှာတင် လူသုံးများလာတဲ့ ဆော့ဝဲဖြစ်လာခဲ့ပြီး မေလမှာ ZOOM သုံးစွဲသူပေါင်း ၁သန်းအထိ ရှိလာခဲ့တယ်။ နောက် ၄နှစ်အကြာ ၂၀၁၇ ခုနှစ်မှာတော့ သူ့ရဲ့

ZOOM ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၁ဘီလျံ တန်ဖိုးရှိတဲ့ကုမ္ပဏီဖြစ်လာခဲ့တယ်။ ၂၀၁၉ ဧပြီလမှာ ကုမ္ပဏီကို အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းခဲ့ပြီးနောက်၂၀၁၉ ခုနှစ် နှစ်ကုန် ကိုဗစ်နိုင်တင်းစတင်ဖြစ်တဲ့ကာလမှာတော့ သုံးစွဲသူပေါင်း ၁၀ သန်းအထိ ရှိလာခဲ့ပါတယ်။

COVID-19 ဖြစ်ခဲ့ပြီးတဲ့နောက် ၂၀၂၀ ခုနှစ်မတ်လမှာတော့ သုံးစွဲသူပေါင်း သန်း ၂၀၀ အထိ တမဟုတ်ချင်းတက်လာတာနဲ့အမျှ ZOOM ကုမ္ပဏီရဲ့ရှယ်ယာဈေးဟာလည်း တရှိန်တိုးမြင့်တက်လာခဲ့တယ်။

ဒီဆော့ဝဲဟာ လုံခြုံရေးစိတ်မချရဘူးဆိုတဲ့ ထောက်ပြဝေဖန်သံတွေထွက်ခဲ့ပေမယ့် သုံးစွဲသူတွေဟာ တိုးလာဆဲ တိုးမြဲဖြစ်နေကာ လူသိအများဆုံး ဗီဒီယိုဆက်သွယ်ရေးဆော့ဝဲတခုဖြစ်လာခဲ့တယ်။ ဒီကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးဟာ ၂၀၂၀ ဇန်နဝါရီလမှာ

ဒေါ်လာ ၇၀အောက်သာ ရှိခဲ့ပေမယ့် မတ်လကုန်မှာတော့ ဒေါ်လာ ၁၅၀ ဖြစ်သွားပြီး ၃လအတွင်း ၂ဆကျော် ခုန်တက်ခဲ့တယ်။ အခုဆိုရင် ဝန်ထမ်း ၂၅၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ ဒီကုမ္ပဏီရဲ့တန်ဖိုးဟာ

၄၂ဘီလျံ အထိဈေးကွက်တန်ကြေးရှိသွားပြီဖြစ်သလို တည်ထောင်သူဖြစ်တဲ့ အဲရစ်ယွန်ဟာလည်း ၁နှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၇.၈ဘီလျံကြွယ်ဝလာကာ တည်ထောင်ပြီး၉နှစ်အကြာမှာတော့ ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ် ၃၀၀ စာရင်းထဲကို ပါဝင်လာခဲ့ပါတယ်။

”ခေတ်တခေတ်ပျက်သုန်းချိန်နဲ့ ခေတ်တခုထူထောင်ချိန်ဟာ စီးပွားရှာလို့အကောင်းဆုံးပဲ” လို့ စာရေးဆရာမ မာဂရက်မစ်ချယ်ရဲ့ Gone with the wind (ဆရာမြသန်းတင့်မှ လေရူးသုန်သုန်လို့ ဘာသာပြန်ခဲ့တဲ့) စာအုပ်ထဲက ဇတ်ကောင် ရတ်ဘတ်တလာ ပြောခဲ့သလိုပဲ

အကျဉ်းအကျပ်ထဲမှာပေမယ့် ခေတ်ကာလကိုအသုံးချတတ်ရင် အခွင့်အလမ်းတွေရှိနေတယ်ဆိုတာ အဲရစ်ရဲ့ ဇတ်လမ်းကနေပြောပြနေတယ်လို့ မြင်မိပါတယ်။ Entrepreneurship နဲ့ Innovator တွေ မြန်မာပြည်မှာလဲများများရှိဖို့ရည်ရွယ်ရင်း ဒီစာရေးပါတယ်။ ခရက်ဒစ်