မြန်မာ လူမျိုးတွေကို တသက်လုံး ထည့်လာတဲ့ ဂျင်းတွေ
Knowledge

မြန်မာ လူမျိုးတွေကို တသက်လုံး ထည့်လာတဲ့ ဂျင်းတွေ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★









(​မေမြို့မှာ​နေတုန်းက မန်း​လေးထိဆင်း ကိုယ့်​မျက်​စိ​ရှေ့မှာ ​မြေပဲ​တွေကို စက်​ကဇလားကြီးနဲ့ အ​ပေါ်ကကြိတ်​ပြီး ဆီကန်​ထဲ ကျလာတဲ့ ပဲဆီ မှ ပိသာခွက်​ကြီးနဲ့ ကိုယ်​တိုင်​ခပ်​ပြီး မျက်​စိ​ရှေ့မှာ ကြိတ်​တဲ့ ပဲဆီ စစ်​စစ်​မှ မန်း​လေးထိ ဆင်းပြီး ဝယ်​စားတာတို့ ဘာတို့ ဝြံ့ကွားခဲ့ဖူးတယ် တကယ်​​တော့ သူတို့က နဂိုထဲက ဆီကန်​ထဲမှာ စားအုန်းဆီ ၃ ပုံ၂ ပုံ ထည့်​ပြီးသား ဆိုတာ မသိခဲ့​တော့ ဂျင်း​တေ ထည့်​ခံရတာဆွာ​လေ)





နှင်းဆီဧကရီ

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာ လူမျိုးတွေကို တသက်လုံး ထည့်လာတဲ့ ဂျင်းတွေ

ခေတ် ကို က လဖက်ညွှန့် ဆိုပြီး ရာဘာရွက် အညွှန့်တွေ ကို ချဉ်ငံစပ် လုပ် မပုပ်ဆေးတွေ ထည့် ဆီစိမ် ပုလင်းနဲ့ ပိတ်ပြီး တံဆိပ်ကပ်လိုက်ရင် တစ်ဆယ်သား ၃၀၀ တန် ရာဘာညွှန့်တွေ က တပုလင်း ၆၀၀၀ တန်နာမည်ကြီး လက်ဖက်ညွှန့် တွေ ဖြစ်သွား တဲ့ ဂျင်းခေတ်။

(လဖက်စစ် မစစ်ခွဲချင်ရင် Leave margin entire ဖြစ်မဖြစ်နဲ့ခွဲ ရ တယ် လဖက် ရွက်အစစ် ရဲ့ အနားသတ်က နှင်းဆီ ရွက် လို အထစ်အထစ်လေးတွေ ပါပြီး ရာဘာရွက်က အနားသတ် ပြောင်ချောနေ တယ် ။ လဖက်ပင် ကိုယ်တိုင်စိုက်ခဲ့လို့ ကိုယ်တိုင် ခူးခဲ့လို့အကုန် သိနေပေမဲ့လဲ လက်ဖက်ဝယ်တယ်ဆိုတာမျိုးက ရှောက်ရွက်ဝယ် သလို တညွှန့်ချင်း ကြည့်ပီးဝယ် လို့မှ မရတာ ဆိုတော့ တရွက်ချင်း ဖြန့်မကြည့်နိုင် သရွေ့တော့ ခံပေါ့ရှင်)

ခေတ်ကိုက ပုစွန် အသား ငါးဖယ်အသား တစက်လေးမှတောင် မပါပဲ ထမင်းတွေချည်း ချဉ်အောင်လုပ် ရေခဲမုန့် ဖာလူဒါတေမှာ သုံးတဲ့ ပန်းရောင် ဆေးလေးဆိုးပြီး အတောင့်လိုက် ဖက်ရွက်တေနဲ့ ထုပ်လိုက်ရင် ပုစွန် ချဉ် ငဖယ်ချဉ် ဆိုပြီး ထမင်းအချဉ် အသိုးဆေးဆိုးတွေကို တထုပ် ၃၀၀၀ ဝယ်စားရတဲ့ ဂျင်းခေတ်

ခေတ်ကိုက ကြွက်တွေ တီကောင်တွေ မြွေတွေ အကုန်ရော ကြိတ်ပြီး ကြက်အူချောင်း ငဖယ်ချောင်း ဂဏန်းချောင်း ပုစွန်အသားချောင်း ဆိုပြီး တရုတ်က Packing လှလှနဲ့ သွင်းလာတာ တွေကို ကိုးရီးယား အကင် ဆိုပြီး မက်မက်မောမော ကြွက်သားစားနေကြတဲ့ ဂျင်းခေတ်

ခေတ်ကိုက တရုတ်ကြီးဖက်က ဇီးစေ့ ဇီးဆံတွေ ဈေးကောင်း ပေးဝယ်တယ် ဆိုတာနဲ့ ဇီးဆံတွေ ထဲ အဝေရာစေ့တွေ ရောပြီး ဂျင်းထည့်လို့ စိတ်ငြိမ်ဆေး ဖော်ရတဲ့ ဇီးဆံက အဝေရာဆံတေ ဖစ်နေတော့ ဆေးက ဘာအာနိသင်မှ မထက်မှ ပေါက်ဖော်ကြီးတေ သိသွားကြပြီး ဇီးဆံ ဈေးကွက် ပျက်သွားရတဲ့ ဂျင်းခေတ်

ခေတ်ကိုက ထောင်းရကြိတ်ရမှာ ပျင်းတဲ့ အိမ်ရှင်မတွေ အတွက် ငါးခြောက်မှုနိ့နဲ့ ဖွဲမှုန့် ရောထည့် ပုစွန် ခြောက်မှူန့် ဆိုပြီး ဖွဲမှုန့် ပင်လယ်ငါးမှုန့်တွေကို တပိသာ ၃သောင်း ဝယ်စားကြတဲ့ ဂျင်းခေတ်

ခေတ်ကိုက ပဲဆီစစ်စစ်မှ စားတာ အညာပဲဆီမှ စားတာ ဘာတံဆိပ်မှ စားတာ ဘယ်လိုထားထား မခဲတဲ့ ပဲဆီမှစားတာ ဆိုတဲ့ အိမ်ရှင်မတွေ အတွက် စားအုန်းဆီ တစ်ပေပါထဲ အီလန်ဆပ်ပြာမှုန့် တရာတန်တထုပ် ဖောက်ထည့် တညအိပ် အငြိမ် စိမ်ထား၊ မနက်မှ ကုန်ဈေးတန်းမှာ ရောင်းတဲ့ တရုတ်ကသွင်းလာတဲ့ တဗူး ၁၃၅၀၀ တန် ပဲဆီ အနံ့လေးနည်းနည်း ထည့်လိုက်တာနဲ့ ဆပ်ပြာမှုန့်တွေ ဖျော်ထည့်ထားတဲ့ တပိသာ ၁၆၅၀ တန် စားအုန်းဆီ တွေက ဆပ်ပြာမှူန့်တန်ခိုးနဲ့ ရေခဲသေတ္တာထဲ ထည့်ရင်တောင်မခဲတော့ ပဲဆီ စစ်စစ်ဆိုပြီး တပိသာ ၇၀၀၀ ပေးစားကြတဲ့ ဂျင်းခေတ်

(မေမြို့မှာနေတုန်းက မန်းလေးထိဆင်း ကိုယ့်မျက်စိရှေ့မှာ မြေပဲတွေကို စက်ကဇလားကြီးနဲ့ အပေါ်ကကြိတ်ပြီး ဆီကန်ထဲ ကျလာတဲ့ ပဲဆီ မှ ပိသာခွက်ကြီးနဲ့ ကိုယ်တိုင်ခပ်ပြီး မျက်စိရှေ့မှာ ကြိတ်တဲ့ ပဲဆီ စစ်စစ်မှ မန်းလေးထိ ဆင်းပြီး ဝယ်စားတာတို့ ဘာတို့ ဝံြ့ကွားခဲ့ဖူးတယ် တကယ်တော့ သူတို့က နဂိုထဲက ဆီကန်ထဲမှာ စားအုန်းဆီ ၃ ပုံ၂ ပုံ ထည့်ပြီးသား ဆိုတာ မသိခဲ့တော့ ဂျင်းတေ ထည့်ခံရတာဆွာလေ)

ခေတ်ကိုက ငဇင်ရိုင်း လို ငါးရံ့လို ငါးမျိုးဝယ်ရင် အညှီတွေချွဲနေမှ လတ်တယ် ထင်တဲ့ အိမ်ရှင်မတွေအတွက် ခေါင်းလျော်တဲ့တရော်ရည် အချွဲတွေ လောင်းချနယ်ဖတ်ပြီး ပုပ်လို့ပွလာလို့ တပိသာ ၂၅၀၀လောက်ပဲ တန်တဲ့ ငဇင်ရိုင်းတွေကို လတ်လွန်းလို့ အညှီတေ ချွဲစိုနေတာ ဆိုပြီး တပိသာ ၇၀၀၀ ပေးစားကြတဲ့ ဂျင်းခေတ်

နို့မလိုင် ရောင်းတဲ့ ဆိုင်တွေမှာ အိမ်သာသုံး တစ်သျူးတွေကို နို့ထဲထည့်ကြိုပြီး ပျော့ဖတ်ဖတ် တစ်သျူးတွေကို နို့မလိုင် ဆိုပြီး တပွဲ ၃၀၀၀ ထိပေးစားနေရတဲ့ ဂျင်းခေတ်

ပြောရမယ်ဆို များကြီး များကြီးကျန်သေးဒယ် ဒါတေ ရှောင်မယ်ဆို ရှောင်ရင်း ရှောင်ရင်း စားဈာမရှိ ဖစ်တွားကြမစိုးလို့….. ဈေးသည်တွေ ကုန်သည်တွေ ထမင်းအိုး တုတ်နဲ့ထိုးသလို ဖစ်နေမစိုးလို့ ခုလောက်နဲ့ပဲ တော်သေးပါပြီ

ဒါတေ ဒါတေ ရှိနေသေးသရွေ့ ဒါတေ ဒီလိုတေ စားနေရသရွေ့ ကင်ဆာ ၊ နှလုံးဈ သွေးတိုး ၊ဆီးချို၊ ကျောက်ကပ် ၊ သွိုင်းရွိုက် ရောဂါတေ ရောဂါတေ ရှောင်လို့မရ ဖြစ်နေကြဦးမှာပါပဲ ။ ဒေါင်း လေးတွေလဲ မွေးလာကြဦး မှာပါပဲ၊ ဆေးရုံ ဆေးခန်းတွေလဲ ကြိတ်ကြိတ်တိုး စည်ကားနေကြဦး မှာပါပဲလေ

နှင်းဆီဧကရီ