Zawgyi ဖြင့်ဖတ်ပါ
★★★★★
” အရမ္းေကာင္းလိုက္တဲ့ စာေလးဗ်ာ။ ပိုင္အိုးနီးယား စားေသာက္ဆိုင္ ပိုင္ရွင္ ကိုေဇာ္မိုးေျပာျပတဲ့ အိမ္တစ္အိမ္ စီးပြားတက္ဖို႔ ယၾတာေခ်ေနဖို႔ မလိုဘူးဆိုတဲ့ စကား အရမ္းမိုက္တယ္ဗ်ာ၊ ဖတ္ၾကည့္ပါ
လင္ႏွင့္မယားခ်စ္ၾကင္ျငားစီးပြားတက္မည္သာ
စီးပြားတက္ခ်င္ရင္ လင္နဲ႔မယား ရန္မျဖစ္ၾကဖို႔လိုတယ္။ ဘာျဖစ္လို႔ ရန္ျဖစ္ရင္ စီးပြားမတက္တာလဲ။
ရန္ျဖစ္ၿပီဆိုတာနဲ႔ဝစီဒုစ႐ိုက္မေနာဒုစ႐ိုက္မႈေတြက်ဴးလြန္မိေတာ့တာကိုး။ လင္နဲ႔မယား ရန္မျဖစ္တဲ့အခ်ိန္က နကၡတ္ေကာင္းတဲ့အခ်ိန္ပါပဲ။
နကၡတ္ေကာင္းရင္ စီးပြားတက္မွာပဲ။ နကၡတ္ေကာင္းဖို႔ ယၾတာေခ်ေနဖို႔ မလိုဘူး။ လင္နဲ႔မယား ရန္မျဖစ္ဖို႔ပဲ လိုတယ္။
လူဆိုတာ ကိုယ့္ကိုယ္ကိုယ္ အေကာင္းခ်ည္းပဲထင္ေနတတ္ၾကတယ္။ ပုထုဇဥ္ေတြပဲဆိုေတာ့ အေကာင္းခ်ည္းပဲဆိုတာေတာ့ျဖစ္မလာဘူး။
လင္မယားဆိုတာ ေကာင္းတိုင္ပင္ ဆိုးတိုင္ပင္ရွိရမယ္။ တစ္ေယာက္ကို တစ္ေယာက္ အျပစ္မျမင္..အျပစ္မတင္ရဘူး။
တစ္ေယာက္ကိုတစ္ေယာက္ ေမတၱာေရွ႕ထားၿပီးေတာ့ အျပဳသေဘာေဆာင္ၿပီးသတိေပးၾကရမယ္။လင္ႏွင့္မယားရန္ျဖစ္ျငားစီးပြားပ်က္မည္သာ။
ဒါကေတာ့ မိုးသု -(မႏၲေလး) က စီးပြားတက္ဖို႔အတြက္ရန္မျဖစ္မိၾကဖို႔အိမ္ေထာင္သည္ေတြကိုသတိေပးထားတာေလးေပါ့။
အိမ္ေထာင္တစ္ခု စီးပြားတက္ဖို႔ဆိုရင္…မွန္ပါတယ္ မိုးသု ရွင္းျပထားသလို လင္မယားေတြရန္သတ္ေနလို႔မျဖစ္ပါဘူး။
ဒါဟာလည္း စီးပြားျဖစ္ျခင္း၊မျဖစ္ျခင္းထက္ နံပါတ္(၁)အခ်က္ကေတာ့ အၿမဲ ရန္သတ္ေနတဲ့ အိမ္က သာယာတဲ့ စိတ္ခ်မ္းသာမႈ မရတာေတာ့အမွန္ပဲ။
ပြင့္ပြင့္လင္းလင္းေျပာရရင္ က်က္သေရမရွိတဲ့အိမ္ေပါ့။
ကြၽန္ေတာ္ ဝန္ထမ္းအိမ္ေထာင္သည္ စုံတြဲကေလးေတြ တစ္ရက္ျခား ရန္ျဖစ္ၾကတယ္။ ရန္ျဖစ္တိုင္းေခၚဆုံးမရတာက အလုပ္တစ္လုပ္။
တခ်ိဳ႕ၾကေတာ့ ရန္ျဖစ္ၿပီဆို အလုပ္ပ်က္၊အလုပ္ခန၊ခနပ်က္ရင္ ၾကာေတာ့ အလုပ္ထုတ္ရေတာ့တာေပါ့(ဒါလည္းစီးပြားပ်က္ျခင္းတမ်ိဳးပဲ)..။
တခ်ိဳ႕ ခ်စ္ခ်စ္ခင္ခင္ေနတဲ့ အိမ္ေထာင္သည္စုံတြဲေတြၾကျပန္ေတာ့၊ လင္အလုပ္ မယားကကူ၊မယားအလုပ္လင္ကကူနဲ႔ သူတို႔ေလးေတြၾကျပန္ေတာ့ ေ႐ႊတြဲလြဲေငြတြဲလြဲနဲ႔ေပါ့။
ဒါက ဝန္ထမ္းအိမ္ေထာင္သည္ေတြနဲ႔ဥပမာႏႈိင္းျပတာ။ကြၽန္ေတာ္ တို႔လင္မယား ႏွစ္ေယာက္အေပၚ ဝန္ထမ္းကေလးေတြ ပေဟဠိ ျဖစ္ေနတဲ့အခ်က္တစ္ခုရွိတယ္၊
အဲဒါက ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ရန္ျဖစ္တာမေတြ႕ၾကလို႔တဲ့ဗ်။အိမ္ေထာင္သည္ဝန္ထမ္းေတြေကာ၊အိမ္ေထာင္မသည္ေသးတဲ့ဝန္ထမ္းေလးေတြေကာေပါ့….
သူတို႔က်င္လည္လာတဲ့ပတ္ဝန္းက်င္၊သူတို႔မိဘေတြ ရန္ခနခနျဖစ္ၾကတယ္တဲ့၊တည့္တဲ့အခ်ိန္ကနဲတယ္၊ကိုကိုႀကီးနဲ႔မမ ၾကေတာ့ရန္ျဖစ္တာ တစ္ခါမွမေတြ႕ဘူးဆိုၿပီးလာေမးၾကတဲ့အထိေပါ့….
သူတို႔ေရွ႕မွာ ရန္ျဖစ္တာမေတြ႕လို႔လာေမးၾကတာ။ေရွ႕မွာရန္မျဖစ္သလိုကြယ္ရာမွာလဲရန္မျဖစ္ဘူး။ဘာေၾကာင့္ရန္မျဖစ္ၾကတာလဲ?တစ္ေယာက္ကိုတစ္ေယာက္ခ်စ္လို႔ယူထားၾကတာေလ။
ရန္ျဖစ္ဖို႔ယူတာမွမဟုတ္တာ။ရည္းစားဘဝမွာ ဘယ္ေလာက္ပဲအလိုလိုက္လိုက္၊ဘယ္ေလာက္ပဲခ်စ္ခ်စ္၊တခ်ိဳ႕တခ်ိဳ႕ေတြအိမ္ေထာင္ၾကၿပီးေနာက္ပိုင္း လက္ပါလာၾကတယ္။အလြန္အမင္း႐ိုက္နက္ၾကတဲ့သူေတြလည္းရွိတယ္။
သူတို႔ေတြကို ေတြ႕ေတာ့ ရည္စားဘဝတုန္းက ဘယ္လိုမ်ား ခ်စ္စကားေျပာလာၾကလည္းဆိုတာအရမ္းသိခ်င္မိတယ္။မိန္းခေလးဘက္ကလည္း ဘယ္ေလာက္ထိ အိုက္တင္ခံၿပီးမွ အေျဖေပးသလဲဆိုတာသိခ်င္မိတယ္။
ကြၽန္ေတာ္တုန္းက ခက္ခက္ခဲခဲခ်စ္ခြင့္ပန္ခဲ့ရတယ္၊အခက္အခဲေတြအမ်ားႀကီးႀကဳံေတြ႕ခဲ့ရတယ္၊ဒီလိုခက္ခဲစြာရယူလာခဲ့ရတဲ့အခ်စ္ကို တန္ဖိုးထားတယ္၊ျမတ္ႏိုးတယ္။
တကယ္ေတာ့ လင္မယားဆိုတာ အရင္းနီးဆုံးမိတ္ေဆြေတြေလ၊ထိလွ်လြယ္တယ္။ရန္မျဖစ္မိေအာင္အတတ္ႏိုင္ဆုံးေျဖေလ်ာ့တတ္ရမယ္။
ကြၽန္ေတာ္တို႔ႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္နားလည္းမႈအျပည့္ရွိၾကတယ္။
နားလည္မႈဆိုတာ ဆင္းရဲတာ၊ခ်မ္းသာတာနဲ႔မဆိုင္ဘူးေနာ္။ေနာက္တစ္ခ်က္က ငါဆိုတဲ့ အတၱစြဲတြေလ်ာ့ခ်ပစ္ရမယ္။
လူပဲအခန္႔မသင့္ရင္ စိတ္ေတာ့တိုတတ္ၾကတာေပါ့။စိတ္တိုတိုင္းလည္းေပါက္ကြဲျပစ္လို႔မရဘူး၊ေပါက္ကြဲမႈျပင္းရင္ျပင္းသလို အပိုင္းအဆေတြက လႊင့္စင္ထြက္သြားတတ္ၾကတယ္၊
နဂိုအတိုင္းျပန္ျဖစ္ဖို႔လႊင့္သြားတဲ့ စိတ္ဒဏ္ရာ အပိုင္းအဆေတြကိုျပန္ဆက္ရတာမလြယ္ဘူးေလ။ဒီေတာ့ ေဒါသရဲ႕ေပါက္ကြဲမႈအားကို နည္းႏိုင္သေလာက္နည္းေအာင္ ပထမအဆင့္ေလ်ာ့ခ်ႏိုင္ရမယ္။
မျဖစ္ႏိုင္တာမရွိပါဘူး၊ခင္ဗ်ားတို႔ရဲ႕ ထစ္ကတည္းေနရင္ ထြက္တတ္တဲ့ေဒါသအက်င့္ကေလးကို ေျဖးေျဖးခ်င္းေလ်ာ့ခ်ၾကည့္ပါ။လင္မယားေတြရန္ျဖစ္တာ နည္းလာေလ၊
ပတ္ဝန္းက်င္က ကိုယ့္ကိုေလးစားအထင္ႀကီးလာေလပါပဲ၊စိတ္ခ်မ္းသာမႈအၿမဲရေနရင္ အလုပ္လုပ္ရတာလည္း အဆင္ေျပလာမယ္၊စီးပြားလည္းသူ႔အလိုလိုျဖစ္လာတာေပါ့။
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ရန္မျဖစ္ၾကဘူး။ တစ္ေယာက္ကိုတစ္ေယာက္ေဖးမကူညီတယ္။ဒါေၾကာင့္ အိမ္ေထာင္မႈသာယာတယ္၊စီးပြားလည္းတက္တယ္ဆိုတာ နိဂုံး ခ်ဳပ္ေျပာျပခ်င္ပါတယ္။
ေလးစားစြာျဖင့္….ေဇာ္မိုးပိုင္အိုးနီးယား ၁၁၅ , Credit-Zaw Moe
Unicode ဖြင့်ဖတ်ပါ
★★★★★
” အရမ်းကောင်းလိုက်တဲ့ စာလေးဗျာ။ ပိုင်အိုးနီးယား စားသောက်ဆိုင် ပိုင်ရှင် ကိုဇော်မိုးပြောပြတဲ့ အိမ်တစ်အိမ် စီးပွားတက်ဖို့ ယတြာချေနေဖို့ မလိုဘူးဆိုတဲ့ စကား အရမ်းမိုက်တယ်ဗျာ၊ ဖတ်ကြည့်ပါ
လင်နှင့်မယားချစ်ကြင်ငြားစီးပွားတက်မည်သာ
စီးပွားတက်ချင်ရင် လင်နဲ့မယား ရန်မဖြစ်ကြဖို့လိုတယ်။ ဘာဖြစ်လို့ ရန်ဖြစ်ရင် စီးပွားမတက်တာလဲ။
ရန်ဖြစ်ပြီဆိုတာနဲ့ဝစီဒုစရိုက်မနောဒုစရိုက်မှုတွေကျူးလွန်မိတော့တာကိုး။ လင်နဲ့မယား ရန်မဖြစ်တဲ့အချိန်က နက္ခတ်ကောင်းတဲ့အချိန်ပါပဲ။
နက္ခတ်ကောင်းရင် စီးပွားတက်မှာပဲ။ နက္ခတ်ကောင်းဖို့ ယတြာချေနေဖို့ မလိုဘူး။ လင်နဲ့မယား ရန်မဖြစ်ဖို့ပဲ လိုတယ်။
လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အကောင်းချည်းပဲထင်နေတတ်ကြတယ်။ ပုထုဇဉ်တွေပဲဆိုတော့ အကောင်းချည်းပဲဆိုတာတော့ဖြစ်မလာဘူး။
လင်မယားဆိုတာ ကောင်းတိုင်ပင် ဆိုးတိုင်ပင်ရှိရမယ်။ တစ်ယောက်ကို တစ်ယောက် အပြစ်မမြင်..အပြစ်မတင်ရဘူး။
တစ်ယောက်ကိုတစ်ယောက် မေတ္တာရှေ့ထားပြီးတော့ အပြုသဘောဆောင်ပြီးသတိပေးကြရမယ်။လင်နှင့်မယားရန်ဖြစ်ငြားစီးပွားပျက်မည်သာ။
ဒါကတော့ မိုးသု -(မန္တလေး) က စီးပွားတက်ဖို့အတွက်ရန်မဖြစ်မိကြဖို့အိမ်ထောင်သည်တွေကိုသတိပေးထားတာလေးပေါ့။
အိမ်ထောင်တစ်ခု စီးပွားတက်ဖို့ဆိုရင်…မှန်ပါတယ် မိုးသု ရှင်းပြထားသလို လင်မယားတွေရန်သတ်နေလို့မဖြစ်ပါဘူး။
ဒါဟာလည်း စီးပွားဖြစ်ခြင်း၊မဖြစ်ခြင်းထက် နံပါတ်(၁)အချက်ကတော့ အမြဲ ရန်သတ်နေတဲ့ အိမ်က သာယာတဲ့ စိတ်ချမ်းသာမှု မရတာတော့အမှန်ပဲ။
ပွင့်ပွင့်လင်းလင်းပြောရရင် ကျက်သရေမရှိတဲ့အိမ်ပေါ့။
ကျွန်တော် ဝန်ထမ်းအိမ်ထောင်သည် စုံတွဲကလေးတွေ တစ်ရက်ခြား ရန်ဖြစ်ကြတယ်။ ရန်ဖြစ်တိုင်းခေါ်ဆုံးမရတာက အလုပ်တစ်လုပ်။
တချို့ကြတော့ ရန်ဖြစ်ပြီဆို အလုပ်ပျက်၊အလုပ်ခန၊ခနပျက်ရင် ကြာတော့ အလုပ်ထုတ်ရတော့တာပေါ့(ဒါလည်းစီးပွားပျက်ခြင်းတမျိုးပဲ)..။
တချို့ ချစ်ချစ်ခင်ခင်နေတဲ့ အိမ်ထောင်သည်စုံတွဲတွေကြပြန်တော့၊ လင်အလုပ် မယားကကူ၊မယားအလုပ်လင်ကကူနဲ့ သူတို့လေးတွေကြပြန်တော့ ရွှေတွဲလွဲငွေတွဲလွဲနဲ့ပေါ့။
ဒါက ဝန်ထမ်းအိမ်ထောင်သည်တွေနဲ့ဥပမာနှိုင်းပြတာ။ကျွန်တော် တို့လင်မယား နှစ်ယောက်အပေါ် ဝန်ထမ်းကလေးတွေ ပဟေဠိ ဖြစ်နေတဲ့အချက်တစ်ခုရှိတယ်၊
အဲဒါက ကျွန်တော်တို့နှစ်ယောက် ရန်ဖြစ်တာမတွေ့ကြလို့တဲ့ဗျ။အိမ်ထောင်သည်ဝန်ထမ်းတွေကော၊အိမ်ထောင်မသည်သေးတဲ့ဝန်ထမ်းလေးတွေကောပေါ့….
သူတို့ကျင်လည်လာတဲ့ပတ်ဝန်းကျင်၊သူတို့မိဘတွေ ရန်ခနခနဖြစ်ကြတယ်တဲ့၊တည့်တဲ့အချိန်ကနဲတယ်၊ကိုကိုကြီးနဲ့မမ ကြတော့ရန်ဖြစ်တာ တစ်ခါမှမတွေ့ဘူးဆိုပြီးလာမေးကြတဲ့အထိပေါ့….
သူတို့ရှေ့မှာ ရန်ဖြစ်တာမတွေ့လို့လာမေးကြတာ။ရှေ့မှာရန်မဖြစ်သလိုကွယ်ရာမှာလဲရန်မဖြစ်ဘူး။ဘာကြောင့်ရန်မဖြစ်ကြတာလဲ?တစ်ယောက်ကိုတစ်ယောက်ချစ်လို့ယူထားကြတာလေ။
ရန်ဖြစ်ဖို့ယူတာမှမဟုတ်တာ။ရည်းစားဘဝမှာ ဘယ်လောက်ပဲအလိုလိုက်လိုက်၊ဘယ်လောက်ပဲချစ်ချစ်၊တချို့တချို့တွေအိမ်ထောင်ကြပြီးနောက်ပိုင်း လက်ပါလာကြတယ်။အလွန်အမင်းရိုက်နက်ကြတဲ့သူတွေလည်းရှိတယ်။
သူတို့တွေကို တွေ့တော့ ရည်စားဘဝတုန်းက ဘယ်လိုများ ချစ်စကားပြောလာကြလည်းဆိုတာအရမ်းသိချင်မိတယ်။မိန်းခလေးဘက်ကလည်း ဘယ်လောက်ထိ အိုက်တင်ခံပြီးမှ အဖြေပေးသလဲဆိုတာသိချင်မိတယ်။
ကျွန်တော်တုန်းက ခက်ခက်ခဲခဲချစ်ခွင့်ပန်ခဲ့ရတယ်၊အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရတယ်၊ဒီလိုခက်ခဲစွာရယူလာခဲ့ရတဲ့အချစ်ကို တန်ဖိုးထားတယ်၊မြတ်နိုးတယ်။
တကယ်တော့ လင်မယားဆိုတာ အရင်းနီးဆုံးမိတ်ဆွေတွေလေ၊ထိလျှလွယ်တယ်။ရန်မဖြစ်မိအောင်အတတ်နိုင်ဆုံးဖြေလျော့တတ်ရမယ်။
ကျွန်တော်တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်နားလည်းမှုအပြည့်ရှိကြတယ်။
နားလည်မှုဆိုတာ ဆင်းရဲတာ၊ချမ်းသာတာနဲ့မဆိုင်ဘူးနော်။နောက်တစ်ချက်က ငါဆိုတဲ့ အတ္တစွဲတွလျော့ချပစ်ရမယ်။
လူပဲအခန့်မသင့်ရင် စိတ်တော့တိုတတ်ကြတာပေါ့။စိတ်တိုတိုင်းလည်းပေါက်ကွဲပြစ်လို့မရဘူး၊ပေါက်ကွဲမှုပြင်းရင်ပြင်းသလို အပိုင်းအဆတွေက လွှင့်စင်ထွက်သွားတတ်ကြတယ်၊
နဂိုအတိုင်းပြန်ဖြစ်ဖို့လွှင့်သွားတဲ့ စိတ်ဒဏ်ရာ အပိုင်းအဆတွေကိုပြန်ဆက်ရတာမလွယ်ဘူးလေ။ဒီတော့ ဒေါသရဲ့ပေါက်ကွဲမှုအားကို နည်းနိုင်သလောက်နည်းအောင် ပထမအဆင့်လျော့ချနိုင်ရမယ်။
မဖြစ်နိုင်တာမရှိပါဘူး၊ခင်ဗျားတို့ရဲ့ ထစ်ကတည်းနေရင် ထွက်တတ်တဲ့ဒေါသအကျင့်ကလေးကို ဖြေးဖြေးချင်းလျော့ချကြည့်ပါ။လင်မယားတွေရန်ဖြစ်တာ နည်းလာလေ၊
ပတ်ဝန်းကျင်က ကိုယ့်ကိုလေးစားအထင်ကြီးလာလေပါပဲ၊စိတ်ချမ်းသာမှုအမြဲရနေရင် အလုပ်လုပ်ရတာလည်း အဆင်ပြေလာမယ်၊စီးပွားလည်းသူ့အလိုလိုဖြစ်လာတာပေါ့။
ကျွန်တော်တို့နှစ်ယောက် ရန်မဖြစ်ကြဘူး။ တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီတယ်။ဒါကြောင့် အိမ်ထောင်မှုသာယာတယ်၊စီးပွားလည်းတက်တယ်ဆိုတာ နိဂုံး ချုပ်ပြောပြချင်ပါတယ်။
လေးစားစွာဖြင့်….ဇော်မိုးပိုင်အိုးနီးယား ၁၁၅ , Credit-Zaw Moe