“ပရိတ်တွေ ပဌာန်းတွေ ရွတ်နေလို့ ကိုရိုနာရောဂါ ပျောက်မှာလား” ဆိုတဲ့ မေးခွန်းကို ဆရာတော်တစ်ပါးရဲ့ ယုတ္တိရှိရှိဖြေကြားချက်
Knowledge

“ပရိတ်တွေ ပဌာန်းတွေ ရွတ်နေလို့ ကိုရိုနာရောဂါ ပျောက်မှာလား” ဆိုတဲ့ မေးခွန်းကို ဆရာတော်တစ်ပါးရဲ့ ယုတ္တိရှိရှိဖြေကြားချက်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

” အရွင္ဘုရားတို႔..ညစဥ္ ပဌာန္း႐ြတ္၊ရတနသုတ္ေတြ႐ြတ္ေန႐ုံနဲ႔ Covid.19ေရာဂါ ေပ်ာက္မယ္ထင္လို႔လား။? တပည့္ေတာ္အျမင္ကေတာ့ လုံးဝမ‌သက္ဆိုင္ဘူးလို႔ျမင္တယ္။ အဲဒီယုံၾကည္မႈေတြက ဒုကၡေရာက္မဲ့ယုံၾကည္မႈေတြလို႔ျမင္တယ္ ဘုရား။တပည့္ေတာ္ ေက်ာင္းဆရာတစ္ေယာက္ပါ။တရားနာရလို႔ ဖားေလး နတ္ျဖစ္တာ၊လင္းႏို႔သားေတြ ရဟႏၲာျဖစ္တာမေျပာနဲ႔ဘုရား..တပည့္ေတာ္မယုံဘူး..တဲ့။( ေက်ာင္းဆရာတစ္ေယာက္ရဲ႕စာပါ။ )

” ေအာ္..ေက်ာင္းဆရာကိုး။ ဒကာေရ႕..ေဘးနားမွာ လွ်ပ္စစ္မီးလႊတ္ထားတဲ့ဝါယာစေလးမ်ားရွိရင္..လက္နဲ႔ကိုင္လိုက္စမ္းပါ။ ဓာတ္လိုက္ၿပီးေသသြားလိမ့္မယ္‌ေနာ္။

လွ်ပ္စစ္ဟာ သက္မဲ့ဆိုေပမဲ့..ဓာတ္ကူးၿပီးအစြမ္းျပ လူသတ္ႏိုင္တယ္ ဒကာရဲ႕။မယုံဘူးဆိုၿပီး သြားမစမ္းနဲ႔ေနာ္ဒကာ။(ဒကာ..စာတတ္ေအာင္သင္ဖူးခဲ့မယ္ဆိုရင္ chemistry မွာ ဓာတ္ျပဳျခင္း၊ဓာတ္ကူးျခင္းသေဘာေတြ နားလည္မွာပါ။ အလြတ္က်က္ေအာင္လာတဲ့သူဆိုရင္ေတာ့နားလည္မွာမဟုတ္ဘူးဒကာရဲ႕။)

ေနာက္တစ္ခ်က္က..ဒကာဟာ ေက်ာင္းဆရာျဖစ္ေနေပမဲ့ စကားလုံးေတြရဲ႕စြမ္းအားကိုနားမလည္တဲ့ေက်ာင္းဆရာျဖစ္ေနတာကတပည့္ေတြအတြက္ ကံဆိုးမႈတစ္ခုပါပဲ။

ဒကာက ႐ုန္႔ရင့္ၾကမ္းတမ္းတဲ့စကားလုံးေတြနဲ႔တစ္စုံတစ္ေယာက္ကို ပစ္ေပါက္ေနမယ္(ဆဲေနမယ္) ဆိုရင္..အဲဒီစကားလုံးေတြကအဆဲခံရသူထံ ကူးသြားၿပီး အစြမ္းျပလိမ့္မယ္ဒကာ။ေလာဘ၊ေဒါသေတြျဖစ္လာၿပီးမၿငိမ္းခ်မ္းမႈေတြ ခ်က္ျခင္းျဖစ္လာပါလိမ့္မယ္။မေတြးဝံ့စရာ ရလာဒ္ေတြလည္းျဖစ္လာႏိုင္ပါတယ္။ ( စကားလုံးေတြကအစြမ္းျပလို႔ လူသတ္၊ေထာင္က်၊ဒုကၡေရာက္ေနသူေတြကို ဒကာၾကားဖူးမွာပါ။)

နည္းေပး၊လမ္းၫႊန္၊ဆိုဆုံးမစကားေတြ၊ေကာင္းတဲ့ဂုဏ္သတင္းေတြ၊ သူရဲေကာင္းေတြရဲ႕သမိုင္းေတြ၊ ျမင့္ျမတ္သန္႔ရွင္းစင္ၾကယ္သူတို႔ရဲ႕ အေၾကာင္းေတြကို ၾကားရတဲ့အခါမွာ .. စကားလုံးေတြကေနတစ္ဆင့္ဓာတ္ကူးၿပီး၊ ခြန္အားေတြ၊အသိဉာဏ္‌ေတြျဖစ္ၿပီး ဒုကၡေတြကိုေက်ာ္လႊား၊ေအာင္ျမင္မႈ ေတြရသြားတဲ့ လူေတြကို ျမင္ဖူး၊ေတြ႕ဖူးရင္အဲဒါဟာ စကားလုံးေတြရဲ႕စြမ္းအားကေနဓာတ္ကူးသြားတာ ဆိုတာကို မွတ္ကြဲ႕။

“စကားလုံးတိုင္းမွာ စြမ္းအားကိုယ္စီရွိတေက်ာင္းဆရာရဲ႕။ မေကာင္းတဲ့စကားနဲ႔ေကာင္းတဲ့စကား၊ ပညာရွိစကားနဲ႔ ပညာမဲ့စကား စြမ္းအားေတြက မတူပါဘူးဒကာ။( ဒကာ့မွာ မိန္းမရွိရင္.. မိန္းမစကားနဲ႔ မိဘစကားေတာင္ စြမ္းအားမတူဘူးဆိုတာ သိမွာပါ။)

ပ႒ာန္းတို႔ ရတနသုတ္တို႔ရဲ႕စာ၊စကားအဓိပၸါယ္ ဘာကိုဆိုလိုတယ္ဆိုတာဒကာသိရဲ႕လား။ေလ့လာဖူးရဲ႕လား။ ? ရတနသုတ္က စကားလုံးေတြရဲ႕အစြမ္းသိခ်င္ရင္ ေလ့လာပါအုံးဒကာ။ သေဘာအဓိပၸါယ္နဲ႔စြမ္းအားေတြကို သိၿပီဆိုရင္စကားစစ္ထိုးပါ။

ေနာက္တစ္ခ်က္က စကားလုံးရဲ႕ စြမ္းအားအနိမ့္အျမင့္ဟာ ေျပာဆို၊႐ြတ္ဖတ္သူရဲ႕စိတ္၊ေစတနာ စြမ္းအားနဲ႔ သက္ဆိုင္သလိုနာၾကားသူရဲ႕ သေဘာေပါက္နားလည္သိျမင္က်င့္သုံးမႈ႕နဲ႔လည္း ဆိုင္ပါတယ္ ဒကာ။ဒကာ ေက်းညီေနာင္ပုံျပင္ကို မွတ္မိအုံးမယ္ထင္ပါတယ္။ ေျပာဆိုဆုံးမသူရဲ႕ စကားလုံးစြမ္းအားေတြ မတူညီေတာ့ရလာဒ္ေတြလည္းမတူဘူးေပါ့။

ေနာက္တစ္ခ်က္ ဆရာတစ္ဦးထဲကဆုံးမစကားကို အတူတူေျပာေပမဲ့..နာယူသူရဲ႕ဉာဏ္ပညာအနိမ့္အျမင့္ေပၚမူတည္ၿပီးတပည့္ေတြမွာ လူေတာ္၊လူညံ့ကြဲျပားသြားတာေတြလည္းျမင္ဖူးမွာပါ။

ထားပါေတာ့ ဒကာေရ႕။ ဆိုလိုခ်င္တာကစကားလုံးေတြမွာ စြမ္းအားကိုယ္စီရွိတယ္ဆိုတာ သိေစခ်င္တာပါ။ ႏိုင္ငံ့ေခါင္းေဆာင္တစ္ေယာက္ရဲ႕စကားစြမ္းအားဟာ အဓမၼနဲ႔ယွဥ္တဲ့စကားသာျဖစ္ခဲ့မယ္ဆိုရင္..ႏိုင္ငံကိုေတာင္ ပ်က္သြားေစႏိုင္ပါတယ္။စကားေလးတစ္ခြန္းေၾကာင့္ ဘဝေတြတိုးတက္ေျပာင္းလဲ ေအာင္ျမင္သြားတာေတြစာဖတ္ဖူးရင္သိမွာပါဒကာ။

ျမတ္ဗုဒၶရဲ႕စကားေတာ္ေတြဟာ သုဂတဂုဏ္နဲ႔ ျပည့္စုံေတာ္မူသတဲ့ဒကာရဲ႕။ သတၱဝါေတြရဲ႕ အက်ိဳးမဲ့ကို ျဖစ္ေစတဲ့စကားမပါဘူး။စကားလုံးတိုင္းဟာ ဒုကၡလြတ္ေျမာက္ဖို႔အတြက္ဦးတည္ထားတယ္။ ေလ့လာလို႔ရပါတယ္။ သူခိုး၊ဂ်ပိုး၊ လူယုတ္မာ၊လူမိုက္၊ေတြထံကထြက္လာတဲ့စကားမ်ိဳးမဟုတ္ဘူးကြဲ႕။ စြမ္းအားအျပည့္နဲ႔စကား။

ငါတို႔ပရိတ္႐ြတ္တယ္ဆိုတာ ဒကာနားလည္ေအာင္ေျပာရရင္ စြမ္းအားျပည့္စကားလုံးေတြကို မိတၱဴကူးတာပါပဲ။ပရိတ္႐ြတ္လို႔ Covid ‌ေပ်ာက္တာ၊မေပ်ာက္တာ ငါတို႔စိတ္မဝင္စားပါဘူးဒကာ။ ေပ်ာက္မယ္လို႔လည္းမ‌ေျပာပါဘူး။ စြမ္းအားရွိတဲ့စကားလုံးေတြကို မိတၱဴကူးျခင္း၊ဓာတ္ကူးျခင္းေၾကာင့္ ငါတို႔မွာ စိတ္ဓာတ္စြမ္းအားေတြရတယ္။ ဒါဟာ ငါတို႔ရဲ႕ယုံၾကည္ခ်က္ပါ။ဒါ့ေၾကာင့္ ငါတို႔ပရိတ္႐ြတ္ပါတယ္။

ျမင္ႏိုင္တဲ့သတၱဝါရွိသလို၊ မျမင္ႏိုင္တဲ့သတၱဝါ ဆိုတာလည္းရွိတယ္ဒကာရဲ႕။ေနာက္တစ္ခုက စည္းကမ္းလိုက္နာတဲ့သတၱဝါရွိသလို၊ မလိုက္နာတဲ့ သတၱဝါလည္းရွိတာပါပဲ။ သတၱဝါေတြမွာ သူ႔အဖြဲ႕အစည္းနဲ႔သူ ဓာတ္တူရာစုၾကသကြဲ႕။ သူတို႔နဲ႔ဓာတ္မတူ၊ဓာတ္မတဲ့ရင္ ေရွာင္ေျပးၾကပါတယ္။ အစိုးရက အမိန္႔စာထြက္လာရင္ လိုက္နာသူမလိုက္နာသူ ရွိစၿမဲပါ။ အစိုးရကိုယ္တိုင္မလာေပမဲ့ အမိန္႔စာမွာ စြမ္းအားေတြပါသကြဲ႕။ အစိုးရနဲ႔ သူခိုးဓားျပ ဓာတ္မတူပါဘူး။ဒါေပမဲ့..ညမထြက္ရလို႔အမိန္႔စကားထုတ္လိုက္ရင္ .. ဘယ္သူအျပင္ထြက္ရဲလို႔လည္း။ဒါက စကားလုံးစြမ္းအားနဲ႔ အမိန္႔စြမ္းအားကို ဥပမာျပတာပါ။အစိုးရမင္းလာရင္ ရဲေတြပါမယ္။ ရဲေတြပါရင္ လူဆိုးေတြေျပးမယ္။အေမႊးနံ႔လာရင္၊ အပုတ္နံ႔ေပ်ာက္မယ္။အပူဓာတ္လာရင္ အေအးဓာတ္ေပ်ာက္မယ္။

ေျပာရတာလည္းရွည္ပါသကြယ္။ ဥပမာတစ္ခုေျပာပါ့မယ္။ ဒကာတို႔ေက်ာင္းမွာ..အမႈိက္ေတြရႈပ္ေနေပမဲ့ လူႀကီးလာသတဲ့ဆိုရင္ သန္႔ရွင္းေရးလုပ္ၾကရတယ္မဟုတ္လား။ ဒီလိုပါပဲ။ ေလာကရဲ႕ေကာင္းက်ိဳးကိုသာ ေဆာင္႐ြက္ေတာ္မူတဲ့ ျမတ္ဗုဒၶရဲ႕ဂုဏ္ေတြကို ႐ြတ္ဖတ္ပူေဇာ္ၾကတဲ့အခါ..ျမတ္ဗုဒၶကို ၾကည္ညိဳေလးစား တန္ဖိုးထားၾကသူေတာ္ေကာင္းလူ၊နတ္၊ျဗဟၼာေတြဓာတ္တူရာစုၾကသကြဲ႕။ ဆင္ျဖဴမ်က္ႏွာဆင္မဲ မၾကည့္ဝံ့ ဆိုသလို.. မၾကည္ညိဳမေလးစား တန္ဖိုးမထားတတ္၊နားမလည္သူလူ႔ဗာလကေတာ့..ေရွာင္သြားၾကတာေပါ့ေလ။ ဓာတ္မွ မတူတာကိုး။ငါတို႔ ပရိတ္လွည့္႐ြတ္တယ္ဆိုတာ..ဓာတ္မတူတာေတြ ေရွာင္ရွားဖို႔အတြက္ဓာတ္တူတာေတြကို ေဆာင္ထားတဲ့သေဘာပါ ဒကာ။ ဒါဟာတို႔ရဲ႕ယုံၾကည္မႈပါ။

Unicode ဖြင့်ဖတ်ပါ
★★★★★

” အရှင်ဘုရားတို့..ညစဉ် ပဌာန်းရွတ်၊ရတနသုတ်တွေရွတ်နေရုံနဲ့ Covid.19ရောဂါ ပျောက်မယ်ထင်လို့လား။? တပည့်တော်အမြင်ကတော့ လုံးဝမ‌သက်ဆိုင်ဘူးလို့မြင်တယ်။ အဲဒီယုံကြည်မှုတွေက ဒုက္ခရောက်မဲ့ယုံကြည်မှုတွေလို့မြင်တယ် ဘုရား။တပည့်တော် ကျောင်းဆရာတစ်ယောက်ပါ။တရားနာရလို့ ဖားလေး နတ်ဖြစ်တာ၊လင်းနို့သားတွေ ရဟန္တာဖြစ်တာမပြောနဲ့ဘုရား..တပည့်တော်မယုံဘူး..တဲ့။( ကျောင်းဆရာတစ်ယောက်ရဲ့စာပါ။ )

” အော်..ကျောင်းဆရာကိုး။ ဒကာရေ့..ဘေးနားမှာ လျှပ်စစ်မီးလွှတ်ထားတဲ့ဝါယာစလေးများရှိရင်..လက်နဲ့ကိုင်လိုက်စမ်းပါ။ ဓာတ်လိုက်ပြီးသေသွားလိမ့်မယ်‌နော်။

လျှပ်စစ်ဟာ သက်မဲ့ဆိုပေမဲ့..ဓာတ်ကူးပြီးအစွမ်းပြ လူသတ်နိုင်တယ် ဒကာရဲ့။မယုံဘူးဆိုပြီး သွားမစမ်းနဲ့နော်ဒကာ။(ဒကာ..စာတတ်အောင်သင်ဖူးခဲ့မယ်ဆိုရင် chemistry မှာ ဓာတ်ပြုခြင်း၊ဓာတ်ကူးခြင်းသဘောတွေ နားလည်မှာပါ။ အလွတ်ကျက်အောင်လာတဲ့သူဆိုရင်တော့နားလည်မှာမဟုတ်ဘူးဒကာရဲ့။)

နောက်တစ်ချက်က..ဒကာဟာ ကျောင်းဆရာဖြစ်နေပေမဲ့ စကားလုံးတွေရဲ့စွမ်းအားကိုနားမလည်တဲ့ကျောင်းဆရာဖြစ်နေတာကတပည့်တွေအတွက် ကံဆိုးမှုတစ်ခုပါပဲ။

ဒကာက ရုန့်ရင့်ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့တစ်စုံတစ်ယောက်ကို ပစ်ပေါက်နေမယ်(ဆဲနေမယ်) ဆိုရင်..အဲဒီစကားလုံးတွေကအဆဲခံရသူထံ ကူးသွားပြီး အစွမ်းပြလိမ့်မယ်ဒကာ။လောဘ၊ဒေါသတွေဖြစ်လာပြီးမငြိမ်းချမ်းမှုတွေ ချက်ခြင်းဖြစ်လာပါလိမ့်မယ်။မတွေးဝံ့စရာ ရလာဒ်တွေလည်းဖြစ်လာနိုင်ပါတယ်။ ( စကားလုံးတွေကအစွမ်းပြလို့ လူသတ်၊ထောင်ကျ၊ဒုက္ခရောက်နေသူတွေကို ဒကာကြားဖူးမှာပါ။)

နည်းပေး၊လမ်းညွှန်၊ဆိုဆုံးမစကားတွေ၊ကောင်းတဲ့ဂုဏ်သတင်းတွေ၊ သူရဲကောင်းတွေရဲ့သမိုင်းတွေ၊ မြင့်မြတ်သန့်ရှင်းစင်ကြယ်သူတို့ရဲ့ အကြောင်းတွေကို ကြားရတဲ့အခါမှာ .. စကားလုံးတွေကနေတစ်ဆင့်ဓာတ်ကူးပြီး၊ ခွန်အားတွေ၊အသိဉာဏ်‌တွေဖြစ်ပြီး ဒုက္ခတွေကိုကျော်လွှား၊အောင်မြင်မှု တွေရသွားတဲ့ လူတွေကို မြင်ဖူး၊တွေ့ဖူးရင်အဲဒါဟာ စကားလုံးတွေရဲ့စွမ်းအားကနေဓာတ်ကူးသွားတာ ဆိုတာကို မှတ်ကွဲ့။

“စကားလုံးတိုင်းမှာ စွမ်းအားကိုယ်စီရှိတကျောင်းဆရာရဲ့။ မကောင်းတဲ့စကားနဲ့ကောင်းတဲ့စကား၊ ပညာရှိစကားနဲ့ ပညာမဲ့စကား စွမ်းအားတွေက မတူပါဘူးဒကာ။( ဒကာ့မှာ မိန်းမရှိရင်.. မိန်းမစကားနဲ့ မိဘစကားတောင် စွမ်းအားမတူဘူးဆိုတာ သိမှာပါ။)

ပဋ္ဌာန်းတို့ ရတနသုတ်တို့ရဲ့စာ၊စကားအဓိပ္ပါယ် ဘာကိုဆိုလိုတယ်ဆိုတာဒကာသိရဲ့လား။လေ့လာဖူးရဲ့လား။ ? ရတနသုတ်က စကားလုံးတွေရဲ့အစွမ်းသိချင်ရင် လေ့လာပါအုံးဒကာ။ သဘောအဓိပ္ပါယ်နဲ့စွမ်းအားတွေကို သိပြီဆိုရင်စကားစစ်ထိုးပါ။

နောက်တစ်ချက်က စကားလုံးရဲ့ စွမ်းအားအနိမ့်အမြင့်ဟာ ပြောဆို၊ရွတ်ဖတ်သူရဲ့စိတ်၊စေတနာ စွမ်းအားနဲ့ သက်ဆိုင်သလိုနာကြားသူရဲ့ သဘောပေါက်နားလည်သိမြင်ကျင့်သုံးမှု့နဲ့လည်း ဆိုင်ပါတယ် ဒကာ။ဒကာ ကျေးညီနောင်ပုံပြင်ကို မှတ်မိအုံးမယ်ထင်ပါတယ်။ ပြောဆိုဆုံးမသူရဲ့ စကားလုံးစွမ်းအားတွေ မတူညီတော့ရလာဒ်တွေလည်းမတူဘူးပေါ့။

နောက်တစ်ချက် ဆရာတစ်ဦးထဲကဆုံးမစကားကို အတူတူပြောပေမဲ့..နာယူသူရဲ့ဉာဏ်ပညာအနိမ့်အမြင့်ပေါ်မူတည်ပြီးတပည့်တွေမှာ လူတော်၊လူညံ့ကွဲပြားသွားတာတွေလည်းမြင်ဖူးမှာပါ။

ထားပါတော့ ဒကာရေ့။ ဆိုလိုချင်တာကစကားလုံးတွေမှာ စွမ်းအားကိုယ်စီရှိတယ်ဆိုတာ သိစေချင်တာပါ။ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ရဲ့စကားစွမ်းအားဟာ အဓမ္မနဲ့ယှဉ်တဲ့စကားသာဖြစ်ခဲ့မယ်ဆိုရင်..နိုင်ငံကိုတောင် ပျက်သွားစေနိုင်ပါတယ်။စကားလေးတစ်ခွန်းကြောင့် ဘဝတွေတိုးတက်ပြောင်းလဲ အောင်မြင်သွားတာတွေစာဖတ်ဖူးရင်သိမှာပါဒကာ။

မြတ်ဗုဒ္ဓရဲ့စကားတော်တွေဟာ သုဂတဂုဏ်နဲ့ ပြည့်စုံတော်မူသတဲ့ဒကာရဲ့။ သတ္တဝါတွေရဲ့ အကျိုးမဲ့ကို ဖြစ်စေတဲ့စကားမပါဘူး။စကားလုံးတိုင်းဟာ ဒုက္ခလွတ်မြောက်ဖို့အတွက်ဦးတည်ထားတယ်။ လေ့လာလို့ရပါတယ်။ သူခိုး၊ဂျပိုး၊ လူယုတ်မာ၊လူမိုက်၊တွေထံကထွက်လာတဲ့စကားမျိုးမဟုတ်ဘူးကွဲ့။ စွမ်းအားအပြည့်နဲ့စကား။

ငါတို့ပရိတ်ရွတ်တယ်ဆိုတာ ဒကာနားလည်အောင်ပြောရရင် စွမ်းအားပြည့်စကားလုံးတွေကို မိတ္တူကူးတာပါပဲ။ပရိတ်ရွတ်လို့ Covid ‌ပျောက်တာ၊မပျောက်တာ ငါတို့စိတ်မဝင်စားပါဘူးဒကာ။ ပျောက်မယ်လို့လည်းမ‌ပြောပါဘူး။ စွမ်းအားရှိတဲ့စကားလုံးတွေကို မိတ္တူကူးခြင်း၊ဓာတ်ကူးခြင်းကြောင့် ငါတို့မှာ စိတ်ဓာတ်စွမ်းအားတွေရတယ်။ ဒါဟာ ငါတို့ရဲ့ယုံကြည်ချက်ပါ။ဒါ့ကြောင့် ငါတို့ပရိတ်ရွတ်ပါတယ်။

မြင်နိုင်တဲ့သတ္တဝါရှိသလို၊ မမြင်နိုင်တဲ့သတ္တဝါ ဆိုတာလည်းရှိတယ်ဒကာရဲ့။နောက်တစ်ခုက စည်းကမ်းလိုက်နာတဲ့သတ္တဝါရှိသလို၊ မလိုက်နာတဲ့ သတ္တဝါလည်းရှိတာပါပဲ။ သတ္တဝါတွေမှာ သူ့အဖွဲ့အစည်းနဲ့သူ ဓာတ်တူရာစုကြသကွဲ့။ သူတို့နဲ့ဓာတ်မတူ၊ဓာတ်မတဲ့ရင် ရှောင်ပြေးကြပါတယ်။ အစိုးရက အမိန့်စာထွက်လာရင် လိုက်နာသူမလိုက်နာသူ ရှိစမြဲပါ။ အစိုးရကိုယ်တိုင်မလာပေမဲ့ အမိန့်စာမှာ စွမ်းအားတွေပါသကွဲ့။ အစိုးရနဲ့ သူခိုးဓားပြ ဓာတ်မတူပါဘူး။ဒါပေမဲ့..ညမထွက်ရလို့အမိန့်စကားထုတ်လိုက်ရင် .. ဘယ်သူအပြင်ထွက်ရဲလို့လည်း။ဒါက စကားလုံးစွမ်းအားနဲ့ အမိန့်စွမ်းအားကို ဥပမာပြတာပါ။အစိုးရမင်းလာရင် ရဲတွေပါမယ်။ ရဲတွေပါရင် လူဆိုးတွေပြေးမယ်။အမွှေးနံ့လာရင်၊ အပုတ်နံ့ပျောက်မယ်။အပူဓာတ်လာရင် အအေးဓာတ်ပျောက်မယ်။

ပြောရတာလည်းရှည်ပါသကွယ်။ ဥပမာတစ်ခုပြောပါ့မယ်။ ဒကာတို့ကျောင်းမှာ..အမှိုက်တွေရှုပ်နေပေမဲ့ လူကြီးလာသတဲ့ဆိုရင် သန့်ရှင်းရေးလုပ်ကြရတယ်မဟုတ်လား။ ဒီလိုပါပဲ။ လောကရဲ့ကောင်းကျိုးကိုသာ ဆောင်ရွက်တော်မူတဲ့ မြတ်ဗုဒ္ဓရဲ့ဂုဏ်တွေကို ရွတ်ဖတ်ပူဇော်ကြတဲ့အခါ..မြတ်ဗုဒ္ဓကို ကြည်ညိုလေးစား တန်ဖိုးထားကြသူတော်ကောင်းလူ၊နတ်၊ဗြဟ္မာတွေဓာတ်တူရာစုကြသကွဲ့။ ဆင်ဖြူမျက်နှာဆင်မဲ မကြည့်ဝံ့ ဆိုသလို.. မကြည်ညိုမလေးစား တန်ဖိုးမထားတတ်၊နားမလည်သူလူ့ဗာလကတော့..ရှောင်သွားကြတာပေါ့လေ။ ဓာတ်မှ မတူတာကိုး။ငါတို့ ပရိတ်လှည့်ရွတ်တယ်ဆိုတာ..ဓာတ်မတူတာတွေ ရှောင်ရှားဖို့အတွက်ဓာတ်တူတာတွေကို ဆောင်ထားတဲ့သဘောပါ ဒကာ။ ဒါဟာတို့ရဲ့ယုံကြည်မှုပါ။