ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
တနင်္ဂနွေနေ့ ဆိုရင်
တနင်္လာနေ့ ဆိုရင်
အင်္ဂါနေ့ ဆိုရင်
ဗုဒ္ဓဟူးနေ့ ဆိုရင်
ကြာသပတေးနေ့
သောကြာနေ့ ဆိုရင်
စနေနေ့ ဆိုရင်
Unicode ဖြင့်ဖတ်ပါ
★★★★★
ဆရာကြီးမင်းသိင်္ခရဲ့ ပညာရပ်များထဲက တင်ပြလိုက်တာဖြစ်ပါတယ် အမြဲတမ်း ငွေမပြတ်စေတဲ့ယတြာ နှင့် ဈေးဆိုင် အရောင်းဆိုင်မှာ ဧည့်သည်စည် ကားစေရန် ယတြာ တွေ
ငွေဖလား ဒါမှမဟုတ် ကြေးဖလားတစ်လုံးထဲမှာ ငွေစက္ကူထဲက တန်ဖိုးအကြီးဆုံး ငွေစက္ကူတစ်ရွက် ကိုဖြန့်ခင်းထားလိုက်ပါ ကိုယ်တတ်နိုင်တဲ့ငွေစက္ကူ အတိုင်းအတာနဲ့တွက်ပြီးထည့်နိုင်ပါတယ်၊
တတ်နိုင် တဲ့လူအတွက်ကတော့ တစ်သောင်းတန်ပေါ့၊ဒေါ်လာနဲ့အလုပ်လုပ်နေသူဆိုရင်တော့ ဒေါ်လာ ထည့်ပေါ့ ပြီးရင်အဲဒီငွေစက္ကူထည့်ထားတဲ့ဖလားထဲကို ရေဖြည်းဖြည်းခြင်းလောင်းထည့်ပါ ။
ရေစက်ခွက်ထဲကိုရေစက်ချတဲ့အခါလောင်းသလို မျိုးလောင်းထည့်ပါ ရေလောင်းနေတဲ့အချိုန်မှာ ဂုဏ်တော် ၉ ပါးကို ၉ ခေါက်ပြည့်အောင်ရွတ်နေပါ၊
ပြီးတာနဲ့ရေမြုပ်နေတဲ့ငွေစက္ကူပေါ်ကိုခေါင်းလောင်း တစ်လုံးတင်ထားလိုက်ပါ မကြာခဏ အဲဒီခေါင်းလောင်း ကိုယူပြီးတီးပါ၊ခေါင်းလောင်းတီးနေတဲ့အချိန်မှာလည်း ဂုဏ်တော် ၉ ပါးကို ၉ ခေါက်ပြည့်အောင်ရွတ်ပါ။
အဲဒီဓါတ်ဆင်ထားတဲ့ ငွေစက္ကူထည့်ထားသော ဖလားနဲ့ခေါင်းလောင်းကို ဘုရားစင် ဒါမှမဟုတ် မြင့်မြတ်သောနေရာမှာတင်ထားပါ။
အဲဒ ီငွေဓါတ်ဆင် တာကိုလုပ်ရမယ့်အချိန်က တနင်္လာနဝင်းစီးနေတဲ့ အချိန်မှာလုပ်ရပါမယ် တနင်္လာနဝင်းစီးတဲ့ အချိန်တွေကတော့၊
တနင်္ဂနွေနေ့ ဆိုရင်
နေ့လည် ၁ နာရီခွဲ မှ ၃ နာရီအတွင်း၊
တနင်္လာနေ့ ဆိုရင်
နံက် ၉ နာရီ မှ ၁၀ နာရီခွဲအတွင်း၊
အင်္ဂါနေ့ ဆိုရင်
ညနေ ၃ နာရီ မှ ၄ နာရီခွဲအတွင်း၊
ဗုဒ္ဓဟူးနေ့ ဆိုရင်
နံက် ၁၀ နာရီခွဲ မှ ၁၂ နာရီအတွင်း၊
ကြာသပတေးနေ့
ဆိုရင် နံက် ၆ နာရီ မှ ၇ နာရီခွဲအတွင်း၊
သောကြာနေ့ ဆိုရင်
မွန်းလွဲ ၁၂ နာရီ မှ ၁ နာရီခွဲအတွင်း၊
စနေနေ့ ဆိုရင်
နံက် ၇ နာရီခွဲ မှ ၉ နာရီအတွင်း၊
တနင်္လာနဝင်းစီးတဲ့အချိန်ဟာ အချို့နေ့တွေမှာဆိုရင် ညနေစောင်း နဲ့ ညဦးပိုင်းတွေမှာလည်းရှိကြပေမယ့် လည်း နေရောင်ရှိသောအချိန်များမှာသာလုပ်ရမှာဖြစ်တဲ့အတွက် ညနေ ၄ နာရီခွဲ ထက်ကျော်ပြီးမလုပ်သင့်ပါ၊
ဒါဆို ငွေ နဲ့ လက်နဲ့မပြတ်တော့ဘူးပေါ့ အားလုံးငွေမပြတ်ဝင်ပြီးအဆင်ပြေကြပါစေ။
ဈေးဆိုင် အရောင်းဆိုင်မှာ ဧည့်သည်စည် ကားစေရန်
အရောင်းအဝယ်ပွင့်လန်းစေရန် ကြေးဖလား သို့မဟုတ် ငွေဖလားတွင် ရေတစ်ဝက်ခန့်ထည့်၍ မေတ္တာသုတ် ၉ ခေါက်ရွတ်ပြီး မိမိဆိုင်ရှေ့ မျက်နှာစာကိုဖျန်းပတ်ပါ လဧည့်သည် စည်ကား၍ အရောင်းအဝယ်များ ပွင့်လန်းလာလိမ့်မည်။