ေဇာ္ဂ်ီ / ယူနီကုဒ္္
Zawgyi ျဖင့္ဖတ္ပါ
★★★★★
ဆံေတာ္ရွင္ ျမတ္ေမာ္တင္စြန္း ေစတီေတာ္
ကပၸလီပင္လယ္ (Andaman Sea) ႏွင့္အနာက္ဘက္ဘဂၤလားပင္လယ္ေအာ္(BayofBengal)တို႔ထိစပ္ရာ၊(သို႔မဟုတ္) ပိုင္းျခားထားရာေနရာေလးတခုျဖစ္ေသာ၊ျမန္မာႏိုင္ငံ၏သမိုင္းဝင္တန္ခိုးႀကီးဘုရားေစတီမ်ားထဲတြင္တစ္ဆူအပါအဝင္ျဖစ္ေသာ၊ ဆံေတာ္ရွင္ ျမတ္ေမာ္တင္စြန္းေစတီေတာ္သည္ဧရာဝတီတိုင္းေဒသႀကီးဟိုင္းႀကီးကြၽန္းၿမိဳ႕နယ္၊ျမန္မာႏိုင္ငံ၏အေနာက္ ေတာင္ဘက္ အစြန္ဆုံးေနရာတြင္ တည္ထားလွ်က္ရွိပါသည္။
တဖုသႏွင့္ ဘလိကၠ ကုန္သည္ ညီေနာင္ႏွစ္ဦးတို႔ျမတ္စြာဘုရားအား ေလွ်ာက္ထားခ်က္အရ ေပးသနားေတာ္မူေသာဆံေတာ္ ရွစ္ဆူအနက္ ႏွစ္ဆူကို ေဇယ်ေသန နဂါးမင္းက သကၠရာဇ္၁၀၃ခုႏွစ္ဝါဆိုလျပည့္ေန႔တြင္လႊဲေျပာင္းပင့္ေဆာင္ၿပီးဌာပနာကာ ေစတီေတာ္ကို တည္ထားကိုးကြယ္သည္ဟု သမိုင္းရာဇဝင္မ်ားတြင္ေတြ႕ရွိရၿပီး အေသာကမင္းႀကီးလက္ထက္တြင္တစ္ႀကိမ္၊ ပုဂံေခာတ္အေလာင္းစည္သူမင္းလက္ထက္တြင္တစ္ႀကိမ္ထပ္မံမြမ္းမံတည္ထားခဲ့ပါသည္။ဆံေတာ္ရွင္ေစတီေတာ္ျမတ္ႀကီးအား ႏွစ္စဥ္ တေပါင္းလဆန္း ၁ ရက္ေန႔မွ တေပါင္းလျပည့္ေန႔အထိစည္ကားသိုက္ၿမိဳက္စြာ က်င္းပေလ့ရွိပါသည္။
ဘုရားဖူးမိဘျပည္သူမ်ားအေနျဖင့္ေရွးယခင္ကဘုရားဖူးရာသီခ်ိန္တြင္ေရလမ္းခရီးမွသာအထူးေရယာဥ္မ်ားျဖင့္သြားေရာက္ဖူးေမွ်ာ္ႏိုင္ၿပီး ၂၀၁၀ခုႏွစ္ေမလ၁၄ရက္ေန႔မွစကာပုသိမ္သလပ္ခြာ–ေမာ္တင္စြန္းကားလမ္းအတိုင္း(၉၆)မိုင္အကြာအေဝးျဖင့္ လြယ္ကူစြာသြားေရာက္ဖူးေမွ်ာ္ႏိုင္ပါသည္။ကားလမ္းမွာအေနာက္႐ိုးမေတာင္တန္းကိုျဖတ္လွ်က္ပုသိမ္၊ငပုေတာႏွင့္ဟိုင္းႀကီးကြၽန္းၿမိဳ႕မ်ားမွတဆင့္ ခက္ခက္ခဲခဲ ေဖာက္လုပ္ထားျခင္းလည္းျဖစ္ပါသည္။
ကားလမ္းတေလွ်ာက္ကိုေလ့လာၾကည့္ပါကေတာင္တက္လမ္း၊ေတာင္ဆင္းလမ္းမ်ားကိုေႁမြလိမ္ေႁမြေကာက္တြန္႔ကာေကြးကာေဖာက္လုပ္ထားသျဖင့္အသည္းတထိပ္ထိပ္၊ရင္တဖိုဖိုလည္းျဖစ္ရပါသည္။ေတာေတာင္သဘာဝကိုခံစားရႈစားရင္းစိမ္းလန္းစိုေျပေနသည့္ရႈ႕ခင္းမ်ား၊သဘာဝအတိုင္းတည္ရွိေန႔သည့္ေက်းလတ္ေဒသ႐ြာငယ္ေလးမ်ားကိုျမင္ေတြရသည္မွာလည္းစိတ္ကိုၾကည္လင္လန္းဆန္းေစသည္ မဟုတ္ပါလား ခင္ဗ်ာ။
႐ိုးသားႀကိဳးစားဧရာဝတီသားတို႔ေနထိုင္ရာပုသိမ္ၿမိဳ႕မွထြက္ၿပီးငဝန္ျမစ္ကူးတံတားကိုေက်ာ္လိုက္သည္ႏွင့္ေခ်ာင္းသာ၊ေငြေဆာင္ လမ္းဆုံမွသည္ စခဲ့ေသာ ခရီးစဥ္မွာ ေရသိုးႀကီးစခန္း၊ စိန္ေတာင္စခန္း၊ တတန္ကူးစခန္း၊ သစ္ကတိုးအိုင္းစခန္း၊ FM စိုက္ပ်ိဳးေရးစခန္း အလီလီကိုျဖတ္သန္းကာငပုေတာၿမိဳ႕သို႔တေထာက္နားက်ပါသည္။ထိုမွလြန္ေသာ္ဥသွ်စ္ကြင္း၊ေတာႀကီး႐ြာ၊ င႐ုတ္ေကာင္းေတာင္႐ြာ၊ ဂိုးေလာင္း႐ြာ၊ ငါးေျပမ႐ြာ၊ မရမ္းကြင္း႐ြာ တို႔ကိုေက်ာ္လာပါကဆံေတာ္ရွင္ေစတီေတာ္ျမတ္ႀကီးအား အားပါးတရ ဖူးေမွ်ာ္ၾကည္ညိဳခြင့္ ရပါေတာ့သည္။
ျမန္မာႏိုင္ငံ၏အေနာက္ေတာင္ဘက္အငူအစြန္းေပၚတြင္တည္ရွိေနျခင္း၊ပင္လယ္ႀကီးႏွစ္ခုမွပို႔လႊတ္လိုက္ေသာသန္႔ရွင္းလတ္ဆက္သည့္ ေလ၊ ေရလႈိင္းမ်ား ေၾကာင့္ ဘုရားဖူးရသည့္ အာ႐ုဏ္မွာ အျခားမည္သည့္ ထိေတြ႕မႈမ်ား၊ခံစားမႈမ်ားႏွင့္တုႏႈိင္းမရ ျဖစ္မိပါသည္။ တခါတရံ နဂါးေမာင္ႏွံေတြမ်ား စံေပ်ာ္ေနသလား ခံစားရေအာင္ ပင္လယ္လႈိင္းလုံးမ်ားကေဖၚက်ဴးေနသေရာင္၊ ဆံေတာ္ရွင္ေစတီႀကီးအား နဂါးေမာင္ႏွံ တို႔ လာေရာက္ဖူးေနသေရာင္အား ေဖ်ာ္ေျဖမႈရသ အျပည့္ေပးေနပါေတာ့သည္။
Credit: SearchMyanmar
Unicode ဖြင့်ဖတ်ပါ
★★★★★
ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်
ကပ္ပလီပင်လယ်(AndamanSea)နှင့်အနာက်ဘက်ဘင်္ဂလားပင်လယ်အော်(BayofBengal)တို့ထိစပ်ရာ၊(သို့မဟုတ်)ပိုင်းခြားထားရာနေရာလေးတခုဖြစ်သော၊မြန်မာနိုင်ငံ၏သမိုင်းဝင်တန်ခိုးကြီးဘုရားစေတီများထဲတွင်တစ်ဆူအပါအဝင်ဖြစ်သော၊ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်သည်ဧရာဝတီတိုင်းဒေသကြီးဟိုင်းကြီးကျွန်းမြို့နယ်၊မြန်မာနိုင်ငံ၏အနောက် တောင်ဘက် အစွန်ဆုံးနေရာတွင် တည်ထားလျှက်ရှိပါသည်။
တဖုသနှင့်ဘလိက္ကကုန်သည်ညီနောင်နှစ်ဦးတို့မြတ်စွာဘုရားအားလျှောက်ထားချက်အရပေးသနားတော်မူသောဆံတော်ရှစ်ဆူအနက်နှစ်ဆူကိုဇေယျသေနနဂါးမင်းကသက္ကရာဇ်၁၀၃ခုနှစ်ဝါဆိုလပြည့်နေ့တွင်လွှဲပြောင်းပင့်ဆောင်ပြီးဌာပနာကာစေတီတော်ကိုတည်ထားကိုးကွယ်သည်ဟုသမိုင်းရာဇဝင်များတွင်တွေ့ရှိရပြီးအသောကမင်းကြီးလက်ထက်တွင်တစ်ကြိမ်၊ပုဂံခောတ်အလောင်းစည်သူမင်းလက်ထက်တွင်တစ်ကြိမ်ထပ်မံမွမ်းမံတည်ထားခဲ့ပါသည်။ဆံတော်ရှင်စေတီတော်မြတ်ကြီးအားနှစ်စဉ်တပေါင်းလဆန်း၁ရက်နေ့မှတပေါင်းလပြည့်နေ့အထိစည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပါသည်။
ဘုရားဖူးမိဘပြည်သူများအနေဖြင့်ရှေးယခင်ကဘုရားဖူးရာသီချိန်တွင်ရေလမ်းခရီးမှသာအထူးရေယာဉ်များဖြင့်သွားရောက်ဖူးမျှော်နိုင်ပြီး၂၀၁၀ခုနှစ်မေလ၁၄ရက်နေ့မှစကာပုသိမ်သလပ်ခွာမော်တင်စွန်းကားလမ်းအတိုင်း(၉၆)မိုင်အကွာအဝေးဖြင့်လွယ်ကူစွာသွားရောက်ဖူးမျှော်နိုင်ပါသည်။ကားလမ်းမှာအနောက်ရိုးမတောင်တန်းကိုဖြတ်လျှက်ပုသိမ်၊ငပုတောနှင့်ဟိုင်းကြီးကျွန်းမြို့များမှတဆင့် ခက်ခက်ခဲခဲ ဖောက်လုပ်ထားခြင်းလည်းဖြစ်ပါသည်။
ကားလမ်းတလျှောက်ကိုလေ့လာကြည့်ပါကတောင်တက်လမ်း၊တောင်ဆင်းလမ်းများကိုမြွေလိမ်မြွေကောက်တွန့်ကာကွေးကာဖောက်လုပ်ထားသဖြင့်အသည်းတထိပ်ထိပ်၊ရင်တဖိုဖိုလည်းဖြစ်ရပါသည်။တောတောင်သဘာဝကိုခံစားရှုစားရင်းစိမ်းလန်းစိုပြေနေသည့်ရှု့ခင်းများ၊သဘာဝအတိုင်းတည်ရှိနေ့သည့်ကျေးလတ်ဒေသရွာငယ်လေးများကိုမြင်တွေရသည်မှာလည်းစိတ်ကိုကြည်လင်လန်းဆန်းစေသည် မဟုတ်ပါလား ခင်ဗျာ။
ရိုးသားကြိုးစားဧရာဝတီသားတို့နေထိုင်ရာပုသိမ်မြို့မှထွက်ပြီးငဝန်မြစ်ကူးတံတားကိုကျော်လိုက်သည်နှင့်ချောင်းသာ၊ငွေဆောင် လမ်းဆုံမှသည် စခဲ့သော ခရီးစဉ်မှာ ရေသိုးကြီးစခန်း၊ စိန်တောင်စခန်း၊ တတန်ကူးစခန်း၊သစ်ကတိုးအိုင်းစခန်း၊ FMစိုက်ပျိုးရေးစခန်းအလီလီကိုဖြတ်သန်းကာငပုတောမြို့သို့တထောက်နားကျပါသည်။ထိုမှလွန်သော်ဥသျှစ်ကွင်း၊တောကြီးရွာ၊ငရုတ်ကောင်းတောင်ရွာ၊ဂိုးလောင်းရွာ၊ငါးပြေမရွာ၊မရမ်းကွင်းရွာတို့ကိုကျော်လာပါကဆံတော်ရှင်စေတီတော်မြတ်ကြီးအား အားပါးတရ ဖူးမျှော်ကြည်ညိုခွင့် ရပါတော့သည်။
မြန်မာနိုင်ငံ၏အနောက်တောင်ဘက်အငူအစွန်းပေါ်တွင်တည်ရှိနေခြင်း၊ပင်လယ်ကြီးနှစ်ခုမှပို့လွှတ်လိုက်သောသန့်ရှင်းလတ်ဆက်သည့်လေ၊ရေလှိုင်းများကြောင့်ဘုရားဖူးရသည့်အာရုဏ်မှာအခြားမည်သည့်ထိတွေ့မှုများ၊ခံစားမှုများနှင့်တုနှိုင်းမရဖြစ်မိပါသည်။တခါတရံနဂါးမောင်နှံတွေများစံပျော်နေသလားခံစားရအောင်ပင်လယ်လှိုင်းလုံးများကဖေါ်ကျူးနေသရောင်၊ဆံတော်ရှင်စေတီကြီးအားနဂါးမောင်နှံတို့လာရောက်ဖူးနေသရောင်အားဖျော်ဖြေမှုရသအပြည့်ပေးနေပါတော့သည်။
Credit: SearchMyanmar