Case 82 နဲ့လေယာဉ် အတူစီးမိတာ ပါ.. ကျွန်တော့်ကို အပြစ် ကျူးလွန် ထား တဲ့ တရားခံတစ်ယောက်လို ဝရမ်းပြေးတစ်ယောက်လို ဓါတ်ပုံရိုက်ကြတယ်
Knowledge

Case 82 နဲ့လေယာဉ် အတူစီးမိတာ ပါ.. ကျွန်တော့်ကို အပြစ် ကျူးလွန် ထား တဲ့ တရားခံတစ်ယောက်လို ဝရမ်းပြေးတစ်ယောက်လို ဓါတ်ပုံရိုက်ကြတယ်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

Case 82 နဲ႔ ေလယာဥ္အတူစီးမိတဲ့ေနာက္ အျဖစ္အပ်က္ေလးပါ။ရပ္ကြက္႐ုံးကေန ည ကိုးနာရီခြဲေလာက္မွာ အိမ္ေရာက္လာတယ္။ ရန္ကုန္ကေန ေလယာဥ္နဲ႔ ျပန္လာလို့ သူတို့နဲ႔လိုက္ခဲ့ပါတဲ့။ အိုေကေလ လုံးဝ ကလန္ကဆန္ျပဳလုပ္ျခင္းမရွိဘဲ ဘာေတြယူခဲ့ဖို့လိုလည္းလို့ေမးၾကည့္ေတာ့ အ၀တ္အစားဘဲထည့္ခဲ့လိုက္ပါတဲ့ အကုန္စီစဥ္ေပးထားပါတယ္ဆိုေတာ့ ခ်က္ခ်င္းဘဲ အ၀တ္အစားေကာက္ထည့္လိုက္တယ္

ၿပီးေတာ့ အထုတ္ဆြဲၿပီး အိမ္အျပင္ကို ထြက္လိုက္ေရာ လူ အေယာက္သုံးဆယ္ေက်ာ္ေလာက္နဲ႔ ရဲကားႏွစ္စီးက Point ေတြဖြင့္ထားတာေတြ႕ရတယ္။ သူတို့ ဂ႐ုစိုက္တယ္ေပါ့ စိတ္ထဲကေတာင္ ခ်ီးက်ဴးေနတုန္းရွိေနေသးတယ္။ အဲ့ဒီအေယာက္သုံးဆယ္ထဲက တစ္ေယာက္က ထေအာ္တယ္ “ေဟ့ေဟ့ မလာနဲ႔ ဒီကိုမလာနဲ႔ဦး” တဲ့။ လူေတာင္ အထုတ္ႀကီးဆြဲၿပီးေၾကာင္ေတာင္ေတာင္နဲ႔ ျဖစ္ေနတုန္းက အဲ့ဒီလူအုပ္ထဲက တစ္ေယာက္ကဘဲ “အဲ့နားက အုပ္ခုံေပၚမွာ ခနေလးထိုင္ေနလိုက္” ပါလို့ လွမ္းေအာ္လိုက္လို့ နည္းနည္းေလး အသက္ရွူေခ်ာင္ကာ အထုတ္ေလးဆြဲၿပီး လမ္းေဘး အုတ္ခုံေပၚမွာ ထိုင္ၿပီးေစာင့္ေနခဲ့တယ္။ ( ၆ ေပအကြာဆိုရင္ကို ေရာဂါမကူးပါဘူးဗ်ာ)

အဲ့ဒီမွာ စတင္ခံစားမိလာတာက သူတို့ရဲ့ ဖယ္က်ဥ္မူ႔ေတြနဲ႔ သူတို့ရဲ့အၾကည့္ေတြကို စတင္ခံစားမိလာတယ္။ အဲ့ဒီအခ်ိန္မွာ ကၽြန္ေတာ္ဟာ ကို့ဘာသာ လူသားတစ္ေယာက္လို့ မခံစားရေတာ့ဘူး ဘာနဲ႔ တူလည္းဆိုေတာ့ ငယ္ငယ္က ၾကည့္ခဲ့ရတဲ့ သိပၸံကားထဲကလို တျခား ၿဂိဳလ္ေပၚကေန က်လာတဲ့ ၿဂိဳလ္သား ET တစ္ေကာင္လိုခံစားလာရတယ္။ ကမၻာေျမက လူသားေတြက ကၽြန္ေတာ္ကို အထူးဆန္းသတၱဝါ တစ္ေယာက္လို ဝိုင္းအုံၾကည့္ေနၾကတယ္။

မတူသလို မတန္သလို ရြံသလို ေၾကာက္သလို ပုံစံေတြနဲ႔ စကားေျပာစက္ႀကီးေတြနဲ႔သတင္းေတြပို့သလိုလို ဘာလိုလိုဗ်ာ ကၽြန္ေတာ္က လုံး၀ တျခား ၿဂိဳလ္က သတၱဝါတစ္ေကာင္လိုဘဲ။ ရပ္ကြက္ထဲကလူေတြကလည္း အကုန္ထြက္ၾကည့္ၾကတယ္။ ဆယ္မိနစ္ေက်ာ္ေက်ာ္ေလာက္မွာ Ambulance ကားတစ္စီး ေရာက္လာတယ္။ PPE ၀တ္စုံေတြနဲ႔ေပါ့ ကၽြန္ေတာ္ကို ကားတံခါးဖြင့္ေပးတယ္။ ကားေပၚတက္လိုက္လာခဲ့ရတယ္။ ကားေပၚတက္ေနတဲ့အခ်ိန္မွာ လူအုပ္ႀကီးက ဖုန္းေတြနဲ႔ ဓါတ္ပုံရိုက္ၾကတယ္။ (လူ ၅ ဦီးထဲ့ပိုမစုရဆိုတဲ့ အမိန႔္ထုတ္ထားတဲ့အခ်ိန္ေနာ္) ကၽြန္ေတာ္က အျပစ္က်ဴးလြန္ထားတဲ့ တရားခံတစ္ေယာက္လို ဝရမ္းေျပးတစ္ေယာက္လို ဓါတ္ပုံရိုက္ၾကတယ္။

အဲ့ဒီမွာ ပထမဆုံးကၽြန္ေတာ္ စကားစေျပာလိုက္တယ္။ ဓါတ္ပုံရိုက္ခြင့္လုံး၀ မရွိပါဘူး လူတစ္ေယာက္ရဲ့Privacy ကိုထိပါးေနပါတယ္လို့ေျပာလည္း မရဘူး ဇြတ္ေတြရိုက္ၾကတယ္။ ထားပါ ဒါက ျမန္မာနိူင္ငံဘဲေလ ဒီေလာက္ေတာ့ရွိမွာေပါ့။ ေနာက္ေတာ့ ျမင္းၿခံ ဒီဂရီေကာလိပ္မွာ ဖြင့္လွစ္ထားတဲ့ Facility Quarantine Center ကိုေရာက္လာတယ္ေပါ့ဗ်ာ။

ဖုန္ေတြတက္ေနတဲ့ ကုတင္ဘဲ ဘဲရွိတယ္ က်န္တာဘာမွမရွိဘူး။ အဲ့ဒီမွာ ကၽြန္ေတာ့္ကို လူလို သူလို စကားစေျပာတာက Ambulance ေမာင္းလာတဲ့ နာေရးကူညီမူ႔ အသင္းက ကိုသန္းစိုး ပါ။ ( အကိုေရေက်းဇူးအထူးတင္ပါတယ္ဗ်ာ)။ အတိုခ်ဳပ္ေျပာရရင္ သူ႔ေၾကာင့္ အိမ္က အိပ္ယာလိပ္နဲ႔ အိပ္လို့ရခဲ့လိုက္တယ္။ အဲ့ဒီမွာ အိပ္ယာလိပ္လာပို့တဲ့သူက နာေရးကူညီမူ႔အသင္းကဘဲ ထင္ပါတယ္။ ကၽြန္ေတာ္ ေနရပ္လိပ္စာ အတိအက်ႀကီးကို Ethic မဲ့စြာတင္တယ္ေပါ့ဗ်ာ။

Facebook ေပၚမွာ ကၽြန္ေတာ္ဟာ သမိုင္းရဲ့ တရားခံ တစ္ေယာက္လိုဘဲ Blame က်တာ။ လုံးဝ သက္ငယ္မုဒိန္းက်ဴးလြန္ၿပီး လူသတ္၀ရမ္းေျပးတရားခံတစ္ေယာက္လိုဘဲ။ ( ဒါေတာင္ Case 82 နဲ႔ ေလယာဥ္တစ္စီးတည္းစီးမိတာေနာ္။ Positive မဟုတ္ေသးဘူး)။ အထူးေက်းဇူးတင္တာကေတာ့ Facility Quarantine မွာ တာ၀န္ထမ္းေဆာင္ေနတဲ့ က်န္းမာေရး ဝန္ထမ္းမ်ားအားလုံး အားလုံး အထူးေက်းဇူးတင္ပါတယ္( လုံး၀ ေက်းဇူးအထူးတင္ပါတယ္) ခြဲျခားမူ႔မရွိပါ လူကို လူတစ္ေယာက္လိုဘဲျမင္ေပးၿပီး ဆက္ဆံေပးတဲ့အတြက္ အထူးေက်းဇူးတင္ပါတယ္။

ေနာက္ၿပီး အတိုခ်ဳပ္ေျပာရမယ္ဆိုရင္ ကၽြန္ေတာ္တို့ အမွတ္(၇) အုပ္ခ်ဳပ္ေရးမူး ( ကၽြန္ေတာ္တို့ စာသင္ေပးခဲ့တဲ့ဆရာပါဘဲ) အိမ္မွာ က်န္ခဲ့တဲ့ ကၽြန္ေတာ့္ မိဘေတြကို ဟိုဟာလုပ္ လုပ္ျပန္ၿပီ ဒီဟာလုပ္ လုပ္ျပန္ၿပီ ေလသံမာမာနဲ႔ ေငါက္ငမ္းေျပာဆိုတာ ခံရပါတယ္။ အိုေက ဒီေရာဂါေၾကာင့္ ကၽြန္ေတာ္တို့ မိသားစု၀င္ေတြ လုပ္တာကိုင္တာ မွားေနခဲ့ရင္ေတာင္ ေအးေအးေဆးေဆးေျပာျပလို့မရဘူးတဲ့လား။ အားလုံးလူလိုေျပာရင္ လူလိုသိပါတယ္။ တရားခံရဲ့ မိသားစုလို ဆက္ဆံတာမ်ိဳးက လုံး၀ သေဘာမက် စရာကိစၥပါ။ ကၽြန္ေတာ္ လာေခၚတယ္ ကၽြန္ေတာ္လိုက္လာတယ္။ ကၽြန္ေတာ္ မရွက္ပါဘူး။ ကၽြန္ေတာ္ ဘာအျပစ္မွ က်ဴးလြန္ထားတာမွမဟုတ္တာ။

ခင္ဗ်ားတို့ ကၽြန္ေတာ္ ေလယာဥ္ အတူစီးမိလို့ (စစ္အစိုးရ လက္ထက္ကလို ညႀကီး လူေတြအမ်ားႀကီးနဲ႔ လာေခၚၿပီး) မတူသလို မတန္သလို ဆက္ဆံတာခင္ဗ်ားတို့ေတာ့ မသိဘူး ျမင္းၿခံသားတစ္ေယာက္အေနနဲ႔ ရွက္မိတာေတာ့ အမွန္ပါဘဲ။ ဒီပို့စ္ကလည္း ဘယ္သူမွ ထိခိုက္နစ္နာလိုစိတ္မရွိပါဘူး။ ေနာက္လူေတြ အတြက္ေရးလိုက္ရတာပါ။ Ko Naing

Unicode ဖြင့်ဖတ်ပါ
★★★★★

Case 82 နဲ့ လေယာဉ်အတူစီးမိတဲ့နောက် အဖြစ်အပျက်လေးပါ။ရပ်ကွက်ရုံးကနေ ည ကိုးနာရီခွဲလောက်မှာ အိမ်ရောက်လာတယ်။ ရန်ကုန်ကနေ လေယာဉ်နဲ့ ပြန်လာလို့ သူတို့နဲ့လိုက်ခဲ့ပါတဲ့။ အိုကေလေ လုံးဝ ကလန်ကဆန်ပြုလုပ်ခြင်းမရှိဘဲ ဘာတွေယူခဲ့ဖို့လိုလည်းလို့မေးကြည့်တော့ အဝတ်အစားဘဲထည့်ခဲ့လိုက်ပါတဲ့ အကုန်စီစဉ်ပေးထားပါတယ်ဆိုတော့ ချက်ချင်းဘဲ အဝတ်အစားကောက်ထည့်လိုက်တယ်

ပြီးတော့ အထုတ်ဆွဲပြီး အိမ်အပြင်ကို ထွက်လိုက်ရော လူ အယောက်သုံးဆယ်ကျော်လောက်နဲ့ ရဲကားနှစ်စီးက Point တွေဖွင့်ထားတာတွေ့ရတယ်။ သူတို့ ဂရုစိုက်တယ်ပေါ့ စိတ်ထဲကတောင် ချီးကျူးနေတုန်းရှိနေသေးတယ်။ အဲ့ဒီအယောက်သုံးဆယ်ထဲက တစ်ယောက်က ထအော်တယ် “ဟေ့ဟေ့ မလာနဲ့ ဒီကိုမလာနဲ့ဦး” တဲ့။ လူတောင် အထုတ်ကြီးဆွဲပြီးကြောင်တောင်တောင်နဲ့ ဖြစ်နေတုန်းက အဲ့ဒီလူအုပ်ထဲက တစ်ယောက်ကဘဲ “အဲ့နားက အုပ်ခုံပေါ်မှာ ခနလေးထိုင်နေလိုက်” ပါလို့ လှမ်းအော်လိုက်လို့ နည်းနည်းလေး အသက်ရှူချောင်ကာ အထုတ်လေးဆွဲပြီး လမ်းဘေး အုတ်ခုံပေါ်မှာ ထိုင်ပြီးစောင့်နေခဲ့တယ်။ ( ၆ ပေအကွာဆိုရင်ကို ရောဂါမကူးပါဘူးဗျာ)

အဲ့ဒီမှာ စတင်ခံစားမိလာတာက သူတို့ရဲ့ ဖယ်ကျဉ်မူ့တွေနဲ့ သူတို့ရဲ့အကြည့်တွေကို စတင်ခံစားမိလာတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ဟာ ကို့ဘာသာ လူသားတစ်ယောက်လို့ မခံစားရတော့ဘူး ဘာနဲ့ တူလည်းဆိုတော့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ သိပ္ပံကားထဲကလို တခြား ဂြိုလ်ပေါ်ကနေ ကျလာတဲ့ ဂြိုလ်သား ET တစ်ကောင်လိုခံစားလာရတယ်။ ကမ္ဘာမြေက လူသားတွေက ကျွန်တော်ကို အထူးဆန်းသတ္တဝါ တစ်ယောက်လို ဝိုင်းအုံကြည့်နေကြတယ်။

မတူသလို မတန်သလို ရွံသလို ကြောက်သလို ပုံစံတွေနဲ့ စကားပြောစက်ကြီးတွေနဲ့သတင်းတွေပို့သလိုလို ဘာလိုလိုဗျာ ကျွန်တော်က လုံး၀ တခြား ဂြိုလ်က သတ္တဝါတစ်ကောင်လိုဘဲ။ ရပ်ကွက်ထဲကလူတွေကလည်း အကုန်ထွက်ကြည့်ကြတယ်။ ဆယ်မိနစ်ကျော်ကျော်လောက်မှာ Ambulance ကားတစ်စီး ရောက်လာတယ်။ PPE ဝတ်စုံတွေနဲ့ပေါ့ ကျွန်တော်ကို ကားတံခါးဖွင့်ပေးတယ်။ ကားပေါ်တက်လိုက်လာခဲ့ရတယ်။ ကားပေါ်တက်နေတဲ့အချိန်မှာ လူအုပ်ကြီးက ဖုန်းတွေနဲ့ ဓါတ်ပုံရိုက်ကြတယ်။ (လူ ၅ ဦီးထဲ့ပိုမစုရဆိုတဲ့ အမိန့်ထုတ်ထားတဲ့အချိန်နော်) ကျွန်တော်က အပြစ်ကျူးလွန်ထားတဲ့ တရားခံတစ်ယောက်လို ဝရမ်းပြေးတစ်ယောက်လို ဓါတ်ပုံရိုက်ကြတယ်။

အဲ့ဒီမှာ ပထမဆုံးကျွန်တော် စကားစပြောလိုက်တယ်။ ဓါတ်ပုံရိုက်ခွင့်လုံး၀ မရှိပါဘူး လူတစ်ယောက်ရဲ့Privacy ကိုထိပါးနေပါတယ်လို့ပြောလည်း မရဘူး ဇွတ်တွေရိုက်ကြတယ်။ ထားပါ ဒါက မြန်မာနိူင်ငံဘဲလေ ဒီလောက်တော့ရှိမှာပေါ့။ နောက်တော့ မြင်းခြံ ဒီဂရီကောလိပ်မှာ ဖွင့်လှစ်ထားတဲ့ Facility Quarantine Center ကိုရောက်လာတယ်ပေါ့ဗျာ။

ဖုန်တွေတက်နေတဲ့ ကုတင်ဘဲ ဘဲရှိတယ် ကျန်တာဘာမှမရှိဘူး။ အဲ့ဒီမှာ ကျွန်တော့်ကို လူလို သူလို စကားစပြောတာက Ambulance မောင်းလာတဲ့ နာရေးကူညီမူ့ အသင်းက ကိုသန်းစိုး ပါ။ ( အကိုရေကျေးဇူးအထူးတင်ပါတယ်ဗျာ)။ အတိုချုပ်ပြောရရင် သူ့ကြောင့် အိမ်က အိပ်ယာလိပ်နဲ့ အိပ်လို့ရခဲ့လိုက်တယ်။ အဲ့ဒီမှာ အိပ်ယာလိပ်လာပို့တဲ့သူက နာရေးကူညီမူ့အသင်းကဘဲ ထင်ပါတယ်။ ကျွန်တော် နေရပ်လိပ်စာ အတိအကျကြီးကို Ethic မဲ့စွာတင်တယ်ပေါ့ဗျာ။

Facebook ပေါ်မှာ ကျွန်တော်ဟာ သမိုင်းရဲ့ တရားခံ တစ်ယောက်လိုဘဲ Blame ကျတာ။ လုံးဝ သက်ငယ်မုဒိန်းကျူးလွန်ပြီး လူသတ်ဝရမ်းပြေးတရားခံတစ်ယောက်လိုဘဲ။ ( ဒါတောင် Case 82 နဲ့ လေယာဉ်တစ်စီးတည်းစီးမိတာနော်။ Positive မဟုတ်သေးဘူး)။ အထူးကျေးဇူးတင်တာကတော့ Facility Quarantine မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းများအားလုံး အားလုံး အထူးကျေးဇူးတင်ပါတယ်( လုံး၀ ကျေးဇူးအထူးတင်ပါတယ်) ခွဲခြားမူ့မရှိပါ လူကို လူတစ်ယောက်လိုဘဲမြင်ပေးပြီး ဆက်ဆံပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

နောက်ပြီး အတိုချုပ်ပြောရမယ်ဆိုရင် ကျွန်တော်တို့ အမှတ်(၇) အုပ်ချုပ်ရေးမူး ( ကျွန်တော်တို့ စာသင်ပေးခဲ့တဲ့ဆရာပါဘဲ) အိမ်မှာ ကျန်ခဲ့တဲ့ ကျွန်တော့် မိဘတွေကို ဟိုဟာလုပ် လုပ်ပြန်ပြီ ဒီဟာလုပ် လုပ်ပြန်ပြီ လေသံမာမာနဲ့ ငေါက်ငမ်းပြောဆိုတာ ခံရပါတယ်။ အိုကေ ဒီရောဂါကြောင့် ကျွန်တော်တို့ မိသားစုဝင်တွေ လုပ်တာကိုင်တာ မှားနေခဲ့ရင်တောင် အေးအေးဆေးဆေးပြောပြလို့မရဘူးတဲ့လား။ အားလုံးလူလိုပြောရင် လူလိုသိပါတယ်။ တရားခံရဲ့ မိသားစုလို ဆက်ဆံတာမျိုးက လုံး၀ သဘောမကျ စရာကိစ္စပါ။ ကျွန်တော် လာခေါ်တယ် ကျွန်တော်လိုက်လာတယ်။ ကျွန်တော် မရှက်ပါဘူး။ ကျွန်တော် ဘာအပြစ်မှ ကျူးလွန်ထားတာမှမဟုတ်တာ။

ခင်ဗျားတို့ ကျွန်တော် လေယာဉ် အတူစီးမိလို့ (စစ်အစိုးရ လက်ထက်ကလို ညကြီး လူတွေအများကြီးနဲ့ လာခေါ်ပြီး) မတူသလို မတန်သလို ဆက်ဆံတာခင်ဗျားတို့တော့ မသိဘူး မြင်းခြံသားတစ်ယောက်အနေနဲ့ ရှက်မိတာတော့ အမှန်ပါဘဲ။ ဒီပို့စ်ကလည်း ဘယ်သူမှ ထိခိုက်နစ်နာလိုစိတ်မရှိပါဘူး။ နောက်လူတွေ အတွက်ရေးလိုက်ရတာပါ။ Ko Naing