ကျောင်း/ကျူရှင် များ မဖွင့်ခင် (၁၀) တန်းတက်မ ယ့်သူများ အိမ် မှာ ကြိုတင်ပြင်ဆင်နို င်သည့် အရာများ
Knowledge

ကျောင်း/ကျူရှင် များ မဖွင့်ခင် (၁၀) တန်းတက်မ ယ့်သူများ အိမ် မှာ ကြိုတင်ပြင်ဆင်နို င်သည့် အရာများ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

၁ ၀ တန္းတက္မယ့္ ေက်ာင္းသားမ်ားအတြက္…

အ ခုခ်ိန္ လတ္တေလာမွာ က်ဴရွင္ေတြ၊ ကိုယ္ပိုင္ေက်ာင္းေတြ အကုန္ပိတ္ထားပါတယ္။ ဒါေပမယ့္ ၂၀၂၁ မွာ ေျဖရမယ့္ စာေမးပြဲအတြက္ ဆရာ/ဆရာမသို႔ Guide အကူအညီမလိုပဲ ႀကိဳတင္ျပင္ဆင္ထားလို႔ ရတာေလးေတြ ႀကိဳတင္ျပင္ဆင္ထားႏိုင္ပါတယ္။

ျမန္မာစာ

ခက္ဆစ္‌၊ အလကၤာ ၊စာရွစ္စာနဲ႔ ဝါစဂၤ ၈ မ်ိဳးရဲ႕ အဓိပၸါယ္ေတြကို က်က္ထားလို႔ရပါတယ္။ ကဗ်ာပုဒ္ရင္းေတြ က်က္ထားႏိုင္ပါတယ္။ အထူးထုတ္သာရွိရင္ အျခားေလ့လာစရာေတြပါ ဖတ္ထားႏိုင္ပါတယ္။ စာစီစာကုံးေတြ ဖတ္ၿပီး ကိုယ့္စိတ္ကူးအတိုင္း စု၊ တု၊ ျပဳ ၿပီး ေရးႏိုင္ပါတယ္။

အဂၤလိပ္စာ

၉ တန္းက သင္ထားၿပီးျဖစ္တဲ့ Grammar ပုံစံေတြကို အျပန္ျပန္ အလွန္လွန္ ေလ့က်င့္ႏိုင္ပါတယ္။ ေနာက္ ၁၀ တန္း Meaning စာအုပ္ဝယ္ၿပီး Meaning ေတြ က်က္ထားႏိုင္ပါတယ္။ Irregular verbs ေတြကို မျဖစ္မေန ျပန္က်က္ေပးပါ။ တခ်ိဳ႕ကေလးေတြဆို ၁၀ တန္းသာေရာက္တယ္။ Irregular Verbs ေတြ မေက်ညက္လို႔ Grammar အမွတ္ေတြ မေလ်ာ့သင့္ပဲ အမွတ္ေတြေလ်ာ့ၾကလို႔ပါ။ အျငင္းဝါက်ေျပာင္းနည္းလည္း ျပန္ေလ့လာႏိုင္ပါတယ္။ ေနာက္ အဆင္ေျပရင္ ကဗ်ာ ၇ ပုဒ္လည္း က်က္ထားသင့္ပါတယ္။ Essay နဲ႔ Letter ေတြလည္း ဖတ္ထားႏိုင္ပါတယ္။

သခ်ၤာ

သခ်ၤာအတြက္‌ေတာ့ အတန္းငယ္တုန္းက သင္ခဲ့တဲ့ ၾကက္ေျခခတ္ခြဲနည္း၊ မသိကိန္း ၂ လုံးပါ ညီမွ်ျခင္း ေျဖရွင္းနည္း၊ ပိုလီႏိုမီယယ္မ်ားကို စားနည္းနဲ႔ ၁၆ အလီထိ အလီေတြ ျပန္က်က္ပါ။ တခ်ိဳ႕ကေျပာတယ္။ အေပါင္းအႏုတ္ အေျမာက္အစားက ဘာခက္လဲတဲ့။ မခက္ပါဘူး။ ဒါေပမယ့္ ငယ္က စာေတြမပိုင္ႏိုင္ေတာ့..

အႏုတ္ ၂ ခုဆို ေပါင္းရမယ္ဆိုတာ မသိဘူး။

ကြင္းထဲက ကိန္းေတြ အရင္ရွင္းရမယ္ဆိုတာ မသိဘူး။

ကိန္းေသတစ္ခုနဲ႔ ကြင္းကို ေျမာက္ရင္ ကြင္းထဲက ကိန္းတစ္ခုမက်န္ ေျမာက္ေပးရမယ္ဆိုတာ မသိဘူး။ အဲ့လိုလူေတြက ၁၀ တန္းေက်ာင္းသား ၁၀ ေယာက္မွာ ၆ ေယာက္ေလာက္မို႔ လုပ္သင့္တာကို ေျပာရျခင္းပါ။

ဓာတုေဗဒ နဲ႔ ႐ူပေဗဒ

ဓာတုေဗဒ နဲ႔ ႐ူပေဗဒကေတာ့ က်ဴရွင္က သေဘာတရားေတြသင္မွအဆင္ေျပမွာမို႔ ခ်န္ထားလိုက္ပါမယ္။

ဒါေပမယ့္ log ၾကည့္နည္း၊ ပါဝါ‌ ေျပာင္းနည္း (1000ဆို 10 power 3, 1/1000 ဆို 10 power -3 စသည္ျဖင့္ ပါဝါ‌ေျပာင္းနည္း) ေတြကို ေက်ညက္ေအာင္ ျပန္ေလ့လာေစခ်င္ပါတယ္။ ၉ တန္းတုန္းက သင္ခဲ့တဲ့ Compound ေတြရဲ႕ နာမည္ေတြ၊ Acid‌ Name‌ ေတြ၊ ေနာက္ Formula ထုတ္နည္းေတြကိုလည္း ျပန္ၿပီး အေသအခ်ာေလ့လာသင့္ပါတယ္။

ဇီဝဗေဒ

ဇီဝကေတာ့ ဖတ္စာအုပ္ထဲကအတိုင္း က်က္႐ုံပါပဲ။ ဖတ္စာအုပ္ထဲက ကိုယ္တိုင္က်က္လို႔ အဆင္မေျပရင္ အထူးထုတ္ေလး ဝယ္ၿပီး ေလ့လာႏိုင္ပါတယ္။ ေနာက္ စာပိုဒ္မက်က္ခ်င္ရင္ေတာင္ စာလုံးေပါင္းေတြ၊ သိပၸံနာမည္ေတြ က်က္ထားႏိုင္ပါတယ္။အဲဒါေတြက စာပိုဒ္လည္းမဟုတ္ေတာ့ က်က္ရတာ အဆင္ေျပႏိုင္ပါတယ္။

ေဘာဂေဗဒ

အခန္း ၁ ရယ္၊ အခန္း ၄ နဲ႔ အခန္း ၅ က ကိုယ္တိုင္က်က္ထားလို႔ အဆင္ေျပႏိုင္ပါတယ္။ ေနာက္ အခန္း ၆ ခန္းလုံးက အဓိပၸါယ္ဖြင့္ဆိုခ်က္ေတြကို ေက်ညက္ေအာင္ က်က္ထားႏိုင္ပါတယ္။ တခ်ိဳ႕ နားမလည္တာရွိရင္ေတာ့ ခ်န္ထားႏိုင္ပါတယ္။ နားလည္တာေလးေတာ့ က်က္ထားႏိုင္ပါတယ္။

ဘာပဲျဖစ္ျဖစ္ က်ဴရွင္ေတြလည္း ပိတ္ထားေတာ့ အိမ္ထဲမွာ ေနရမယ့္အတူတူ ဂိမ္းလည္း ေဆာ့ပါ။ စာလည္း က်က္ပါ၊ေလ့လာပါ။ ႐ုပ္ရွင္ Series aတြလည္း ၾကည့္ပါ။ အခ်ိန္မွန္လည္း စားေသာက္ပါ။ အိပ္ေရးဝဝအိပ္ပါ။ အနာဂတ္အတြက္လည္း ျပင္ဆင္ပါလို႔ အႀကံျပဳရင္း။

၁၀ တန္းတက္မယ့္ လတ္လ်ားလတ္လ်ားျဖစ္‌ေနတဲ့ တပည့္မေလးတစ္ေယာက္အတြက္ ေရးမိတာေလးပါ။ လိုအပ္ခ်က္မ်ားရွိရင္ သည္းခံဖတ္ဖို႔ ေမတၱာရပ္ခံပါတယ္။

ေလးစားစြာျဖင့္ – မူရင္းေရးသားသူ

Unicode ဖြင့်ဖတ်ပါ
★★★★★

၁ ၀ တန်းတက်မယ့် ကျောင်းသားများအတွက်…

အ ခုချိန် လတ်တလောမှာ ကျူရှင်တွေ၊ ကိုယ်ပိုင်ကျောင်းတွေ အကုန်ပိတ်ထားပါတယ်။ ဒါပေမယ့် ၂၀၂၁ မှာ ဖြေရမယ့် စာမေးပွဲအတွက် ဆရာ/ဆရာမသို့ Guide အကူအညီမလိုပဲ ကြိုတင်ပြင်ဆင်ထားလို့ ရတာလေးတွေ ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။

မြန်မာစာ

ခက်ဆစ်‌၊ အလင်္ကာ ၊စာရှစ်စာနဲ့ ဝါစင်္ဂ ၈ မျိုးရဲ့ အဓိပ္ပါယ်တွေကို ကျက်ထားလို့ရပါတယ်။ ကဗျာပုဒ်ရင်းတွေ ကျက်ထားနိုင်ပါတယ်။ အထူးထုတ်သာရှိရင် အခြားလေ့လာစရာတွေပါ ဖတ်ထားနိုင်ပါတယ်။ စာစီစာကုံးတွေ ဖတ်ပြီး ကိုယ့်စိတ်ကူးအတိုင်း စု၊ တု၊ ပြု ပြီး ရေးနိုင်ပါတယ်။

အင်္ဂလိပ်စာ

၉ တန်းက သင်ထားပြီးဖြစ်တဲ့ Grammar ပုံစံတွေကို အပြန်ပြန် အလှန်လှန် လေ့ကျင့်နိုင်ပါတယ်။ နောက် ၁၀ တန်း Meaning စာအုပ်ဝယ်ပြီး Meaning တွေ ကျက်ထားနိုင်ပါတယ်။ Irregular verbs တွေကို မဖြစ်မနေ ပြန်ကျက်ပေးပါ။ တချို့ကလေးတွေဆို ၁၀ တန်းသာရောက်တယ်။ Irregular Verbs တွေ မကျေညက်လို့ Grammar အမှတ်တွေ မလျော့သင့်ပဲ အမှတ်တွေလျော့ကြလို့ပါ။ အငြင်းဝါကျပြောင်းနည်းလည်း ပြန်လေ့လာနိုင်ပါတယ်။ နောက် အဆင်ပြေရင် ကဗျာ ၇ ပုဒ်လည်း ကျက်ထားသင့်ပါတယ်။ Essay နဲ့ Letter တွေလည်း ဖတ်ထားနိုင်ပါတယ်။

သင်္ချာ

သင်္ချာအတွက်‌တော့ အတန်းငယ်တုန်းက သင်ခဲ့တဲ့ ကြက်ခြေခတ်ခွဲနည်း၊ မသိကိန်း ၂ လုံးပါ ညီမျှခြင်း ဖြေရှင်းနည်း၊ ပိုလီနိုမီယယ်များကို စားနည်းနဲ့ ၁၆ အလီထိ အလီတွေ ပြန်ကျက်ပါ။ တချို့ကပြောတယ်။ အပေါင်းအနုတ် အမြောက်အစားက ဘာခက်လဲတဲ့။ မခက်ပါဘူး။ ဒါပေမယ့် ငယ်က စာတွေမပိုင်နိုင်တော့..

အနုတ် ၂ ခုဆို ပေါင်းရမယ်ဆိုတာ မသိဘူး။

ကွင်းထဲက ကိန်းတွေ အရင်ရှင်းရမယ်ဆိုတာ မသိဘူး။

ကိန်းသေတစ်ခုနဲ့ ကွင်းကို မြောက်ရင် ကွင်းထဲက ကိန်းတစ်ခုမကျန် မြောက်ပေးရမယ်ဆိုတာ မသိဘူး။ အဲ့လိုလူတွေက ၁၀ တန်းကျောင်းသား ၁၀ ယောက်မှာ ၆ ယောက်လောက်မို့ လုပ်သင့်တာကို ပြောရခြင်းပါ။

ဓာတုဗေဒ နဲ့ ရူပဗေဒ

ဓာတုဗေဒ နဲ့ ရူပဗေဒကတော့ ကျူရှင်က သဘောတရားတွေသင်မှအဆင်ပြေမှာမို့ ချန်ထားလိုက်ပါမယ်။

ဒါပေမယ့် log ကြည့်နည်း၊ ပါဝါ‌ ပြောင်းနည်း (1000ဆို 10 power 3, 1/1000 ဆို 10 power -3 စသည်ဖြင့် ပါဝါ‌ပြောင်းနည်း) တွေကို ကျေညက်အောင် ပြန်လေ့လာစေချင်ပါတယ်။ ၉ တန်းတုန်းက သင်ခဲ့တဲ့ Compound တွေရဲ့ နာမည်တွေ၊ Acid‌ Name‌ တွေ၊ နောက် Formula ထုတ်နည်းတွေကိုလည်း ပြန်ပြီး အသေအချာလေ့လာသင့်ပါတယ်။

ဇီဝဗဒေ

ဇီဝကတော့ ဖတ်စာအုပ်ထဲကအတိုင်း ကျက်ရုံပါပဲ။ ဖတ်စာအုပ်ထဲက ကိုယ်တိုင်ကျက်လို့ အဆင်မပြေရင် အထူးထုတ်လေး ဝယ်ပြီး လေ့လာနိုင်ပါတယ်။ နောက် စာပိုဒ်မကျက်ချင်ရင်တောင် စာလုံးပေါင်းတွေ၊ သိပ္ပံနာမည်တွေ ကျက်ထားနိုင်ပါတယ်။အဲဒါတွေက စာပိုဒ်လည်းမဟုတ်တော့ ကျက်ရတာ အဆင်ပြေနိုင်ပါတယ်။

ဘောဂဗေဒ

အခန်း ၁ ရယ်၊ အခန်း ၄ နဲ့ အခန်း ၅ က ကိုယ်တိုင်ကျက်ထားလို့ အဆင်ပြေနိုင်ပါတယ်။ နောက် အခန်း ၆ ခန်းလုံးက အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ကျေညက်အောင် ကျက်ထားနိုင်ပါတယ်။ တချို့ နားမလည်တာရှိရင်တော့ ချန်ထားနိုင်ပါတယ်။ နားလည်တာလေးတော့ ကျက်ထားနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျူရှင်တွေလည်း ပိတ်ထားတော့ အိမ်ထဲမှာ နေရမယ့်အတူတူ ဂိမ်းလည်း ဆော့ပါ။ စာလည်း ကျက်ပါ၊လေ့လာပါ။ ရုပ်ရှင် Series aတွလည်း ကြည့်ပါ။ အချိန်မှန်လည်း စားသောက်ပါ။ အိပ်ရေးဝဝအိပ်ပါ။ အနာဂတ်အတွက်လည်း ပြင်ဆင်ပါလို့ အကြံပြုရင်း။

၁၀ တန်းတက်မယ့် လတ်လျားလတ်လျားဖြစ်‌နေတဲ့ တပည့်မလေးတစ်ယောက်အတွက် ရေးမိတာလေးပါ။ လိုအပ်ချက်များရှိရင် သည်းခံဖတ်ဖို့ မေတ္တာရပ်ခံပါတယ်။

လေးစားစွာဖြင့် – မူရင်းရေးသားသူ