ကို ရိုနာဗိုင်းရပ်စ် ကို တစ်စိတ်တစ် ဒေသ ကာကွယ်နိုင် တဲ့ ကိုယ် ခံအား” (အောက်စ ဖို့ဒ် ဆရာတော်)
Knowledge

ကို ရိုနာဗိုင်းရပ်စ် ကို တစ်စိတ်တစ် ဒေသ ကာကွယ်နိုင် တဲ့ ကိုယ် ခံအား” (အောက်စ ဖို့ဒ် ဆရာတော်)

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အ ခု သၾကၤန္လည္းနီးၿပီဆိုေတာ့ ႏိုင္ငံျခားအစိုးရေတြလည္း ေျပာၾကတယ္၊ အခုေျပာေနတာက ကို႐ိုနာဗိုင္းရပ္စ္အေၾကာင္း ေျပာေနတာ။ မုဒိတာျဖစ္စရာကေတာ့ ႏိုင္ငံတိုင္း ႏိုင္ငံတိုင္း က သူ႔ျပည္သူေတြကို သူက ေစာင့္ေရွာက္ခ်င္ၾကတယ္။ အစိုးရေတြေရာ ျပည္သူအခ်င္းခ်င္းေရာ ေစာင့္ေရွာက္ခ်င္ၾကတယ္။ ဒါေတြက ေကာင္းတဲ့ဟာေတြ။

အဲေတာ့ ဒီျပႆနာက လူသားေတြရဲ႕စိတ္ထဲမွာ ေကာင္းတာေတြကိုဆြဲထုတ္ေပးႏိုင္ရင္ ဒါေတာ္ေတာ္ေကာင္းတဲ့ အေတြ႕အႀကဳံတစ္ခုျဖစ္သြားမယ္။ ေနာက္တစ္ဖက္ကေန ၾကည့္ရင္လည္း ႏိုင္ငံတိုင္း ႏိုင္ငံတိုင္းက ပိုက္ဆံရွိတဲ့ႏိုင္ငံေရာ သိပၸံအရမ္းထြန္းကားတဲ့ ႏိုင္ငံေရာ၊ သိပၸံထြန္းကားတဲ့ ႏိုင္ငံစာရင္းအေနေရာ ဘယ္သူမွ ဒီေရာဂါကို ဘယ္လိုအတိအက် ကာကြယ္ရမယ္ ကုသရမယ္ဆိုတာ မသိေသးပါဘူး။

ျမန္ျမန္ဆန္ဆန္ မျပန႔္ပြားေအာင္ အဲေလာက္ မေျပာႏိုင္ၾကေသးဘူး။ လုံးဝကာကြယ္ႏိုင္ဖို႔ မေျပာႏိုင္ၾကေသးဘူး။ အဲဒီဟာကို ၾကည့္ၿပီး တစ္ေလာကလုံး ကမာၻလုံးမွာရွိတဲ့လူ သန္းေပါင္း (၇၄၀၀) က႐ုဏာမ်က္စိနဲ႔ ၾကည့္လိုက္။ လူတိုင္းလူတိုင္း ေၾကာက္တယ္ အဲဒီေရာဂါ။ ဘုန္းဘုန္းလည္း ေၾကာက္တာပဲ။ တရားနာပရိတ္သတ္ အြန္လိုင္းကေန နာတဲ့ပရိတ္သတ္ေတြလည္း ေၾကာက္တယ္။

အဲဒါေၾကာင့္မို႔လို႔ က႐ုဏာကေနတဆင့္ ကိုယ္ခ်င္းစာစိတ္ ထားႏိုင္ေအာင္ႀကိဳးစားၾကပါ။

သိပၸံပညာရွင္ေတြေျပာတာ က႐ုဏာ မုဒိတာ တို႔ သတိပ႒ာန္တို႔ ဒီဟာေတြ ပြားမ်ားေလ့ရွိတဲ့ပုဂၢိဳလ္က ကိုယ္ခံအား Immunity ပိုေကာင္းတယ္။ Prof Stephen Trzeciak – ICU ထဲမွာ ေဆးကုတဲ့ ပါေမာကၡႀကီး၊ သူ႔ Lecture ကို Youtube မွာ နားေထာင္ၾကည့္ ဒါေဆးရႈ႕ေထာင့္ကေနၿပီးေတာ့ သူေျပာတာ။

က႐ုဏာရွိတဲ့ပုဂၢိဳလ္က ကိုယ္ခံအားပိုေကာင္းပါတယ္။ က႐ုဏာမျဖစ္ဘဲနဲ႔ စိတ္ညစ္တဲ့အခ်ိန္ စိတ္ဖိစီးမႈမ်ားတဲ့အခ်ိန္ဆိုရင္ ကိုယ္ခံအား Immunity အဲဒီအခ်ိန္မွာက်ပါတယ္။

ဒါေၾကာင့္ အခ်င္းခ်င္းက႐ုဏာထားဖို႔ #အေရးႀကီးပါတယ္။ က႐ုဏာဆိုတာကေတာ့ စိတ္ထဲမွာ သနားတယ္ဆို႐ုံနဲ႔ က႐ုဏာမျဖစ္ပါဘူး၊ မျဖစ္ေသးဘူး။ ကိုယ္ခ်င္းစာတဲ့စိတ္ပဲျဖစ္ေသးတယ္။ က႐ုဏာကေတာ့ ျပႆနာကို ေျဖရွင္းတဲ့ေနရာမွာ လက္ေတြ႕ပါ၀င္တာ။

လက္ေတြ႕ပါ၀င္တာအခု က်န္းမာေရးပညာရွင္ေတြ အႀကံေပးတဲ့အတိုင္းပဲ ပြဲလမ္းေတြမလုပ္ဖို႔၊ လူအမ်ားႀကီးမစု႐ုံးဖို႔၊ မျဖစ္မေန စု႐ုံတယ္ဆိုလည္း ခပ္ခြါခြါေနဖို႔ social distance ဆိုတာ အဲဒါမ်ိဳးေတြရွိတယ္။

အဲဒီဟာေတြ တကယ္လိုက္နာတဲ့ပုဂၢိဳလ္က ဒါ ျပႆနာကို တကယ္ေျဖရွင္းတဲ့ ပုဂၢိဳလ္ထဲမွာပါတယ္။ ျပႆနာ ဝိုင္းဝန္းေျဖရွင္းေပးတာ။ တနည္းအားျဖင့္ ေျပာမယ္ဆိုရင္ က႐ုဏာနဲ႔ေနေနတာေပါ့။ ကိုယ့္အတြက္လည္း ေတြးတယ္၊ သူတစ္ပါးအတြက္လည္း ေတြးတယ္။

တကယ္လို႔ျဖစ္လာရင္ ဒီႏိုင္ငံမေျပာနဲ႔ အဂၤလန္ႏိုင္ငံမ်ိဳး ေဆးပညာရပ္တိုးတက္တဲ့ႏိုင္ငံ အီတလီလိုခပ္ျမန္ျမန္ ေရာဂါျပန႔္ပြားရင္ အဂၤလန္ႏိုင္ငံမွာလည္းပဲ ႏွစ္ပတ္သုံးပတ္အတြင္းမွာ ေဆး႐ုံအကုန္လုံး ျပည့္သြားမယ္တဲ့ လူနာလာတိုင္း လက္ခံလို႔မရဘူးေတာ့ဘူး။ ဘယ္ႏိုင္ငံကမွ ဒီဟာကို လက္ေတြ႕ေျဖရွင္းဖို႔အတြက္ cope လုပ္ဖို႔အတြက္ အဆင္သင့္မျဖစ္ပါဘူး။ ဘယ္ႏိုင္ငံမွ မျဖစ္ဘူး။

ဒါေၾကာင့္ ႏိုင္ငံျခားတိုင္းျပည္ကလူေတြကိုေရာ ကိုယ့္ႏိုင္ငံကလူေတြေရာ က႐ုဏာထားတဲ့အေနနဲ႔ ဆင္ဆင္ျခင္ျခင္ေနဖို႔အေရးႀကီးပါတယ္။

ရွင္ေလာင္းပြဲေတြ လူအမ်ားႀကီးအဲဒါမ်ိဳးေတြမလုပ္ဖို႔။ ရွင္ေတာ့ျပဳပါ၊ ရွင္ေလာင္းပြဲေတာ့ မလုပ္ပါနဲ႔။ ရွင္းေလာင္းလုပ္ရင္ ပိုက္ဆံအပိုကုန္တယ္။ အခ်င္းခ်င္းလည္းပဲ ၿပိဳင္ဆိုင္ၿပီးေတာ့ လုပ္ၾကတယ္။ ရွင္ျပဳၿပီးရင္ေတာ့ အဲဒီကိုရင္ေလးေတြကို သူတို႔ရဲ႕ ဓမၼပညာေရးအသိဉာဏ္အတြက္ သုံးဖို႔ပိုက္ဆံေတာင္ သိပ္မက်န္ေတာ့ဘူး။

သူတို႔ေက်ာင္းဆက္တက္ဖို႔အတြက္ ပိုက္ဆံေတာင္မရွိေတာ့ဘူး။ တခ်ိဳ႕ဆိုရင္ ပိုက္ဆံေခ်းၿပီးေတာ့ သိန္းရာနဲ႔ခ်ီၿပီး ကုန္တာေလ ရွင္ေလာင္းတခါလုပ္တာ။ အဲဒီလို ၀င္ေငြနဲ႔ထြက္ေငြ မမွ်မတျဖစ္ေအာင္ သုံးတာ အဲဒါကိုယ္က ဗုဒၶျမတ္စြာဘုရားရဲ႕ အဆုံးအမနဲ႔ ဆန႔္က်င္ေနတယ္။

သိဂၤါေလာဝါဒသုတ္ၾကည့္မလား ၊ အဂၤုတၳိဳရ္ထဲကၾကည့္မလား ေနရာတိုင္းမွာ ေခြၽတာသုံးပါ။ တကမာၻလုံး စီးပြားက်တယ္၊ စက္႐ုံေတြပိတ္ထားတယ္၊ အလုပ္႐ုံေတြပိတ္ထားတယ္၊ တကမာၻလုံး စီးပြားက်အုန္းမယ္။ အဲဒီအတြက္လည္း ျပင္ဆင္ထားဖို႔ မလိုအပ္ဘဲနဲ႔ ပိုက္ဆံေတြအမ်ားႀကီးမသုံးနဲ႔။

ကိုယ့္သားသမီးေတြ မိသားစုေတြလည္းပဲ က႐ုဏာထားပါ။ အသက္ႀကီးတဲ့လူေတြလည္း က႐ုဏာထားပါ။ က႐ုဏာထားတဲ့အေနနဲ႔ သူတို႔ကို ကူညီဖို႔အတြက္ အသင့္ျပင္ထားတဲ့အေနနဲ႔ မကုန္သင့္တာေတြ မကုန္ေအာင္ ေနဖို႔အေရးႀကီးပါတယ္။

တကယ္လို႔ဝယ္ရမယ္ဆိုရင္ ဘုန္းဘုန္းတို႔ႏိုင္ငံ ကို႐ိုနာေရာဂါရွိမရွိ ကိရိယာေလးကို ၀ယ္ရမလား၊ ဒါမဟုတ္ အဲဒီေရာဂါေတြကို သြားၿပီးေတာ့ကုသေနတဲ့ ဆရာဝန္ေတြဝတ္တဲ့ သူနာျပဳေတြဝတ္တဲ့ အဝတ္အစားေတြဝယ္ရမလား။ အဲဒါတကယ္ ေစ်းႀကီးတဲ့ဟာေတြ။ အဲဒါက်ေတာ့ တကယ္လိုအပ္လို႔ တကယ္သုံးရမယ့္ဟာ။

အဲဒါေၾကာင့္မို႔လို႔ က႐ုဏာတရားနဲ႔ က႐ုဏာစိတ္ထားၿပီးေတာ့ ဆင္ဆင္ျခင္ျခင္ေနၾကဖို႔၊ ဘာမွမျဖစ္ဘူးဆိုၿပီးေတာ့ မိုက္႐ူးရဲမလုပ္ဖို႔အေရးႀကီးပါတယ္။

ႏိုင္ငံတစ္ႏိုင္ငံလုံး နယ္စပ္ကိုပိတ္ပစ္တာ ကမာၻေပၚမွာ ရွိမွ မရွိဘူးတာ။ အခုႏိုင္ငံေတာ္ေတာ္မ်ား လုပ္ေနၾကၿပီ။ အခုႏိုင္ငံေတာ္ေတာ္မ်ားမ်ား အဲဒီလိုေတြ လုပ္ေနၾကၿပီ။ အဲဒါကို ဂ႐ုမစိုက္ဘဲနဲ႔ လူစုလူေဝးအမ်ားႀကီး လုပ္တာေတြ မလုပ္နဲ႔။ ေနာက္ေက်ာင္းတက္တယ္ဆိုရင္လည္း သၾကၤန္ေက်ာင္းတက္တယ္ ဆိုရင္လည္းပဲ လူအုပ္စုအမ်ားႀကီးနဲ႔ မသြားပါနဲ႔။ လူနည္းနည္းေလး သြားပါ။ ဒါ အားလုံးအတြက္ပါ။

အားလုံးအတြက္ ေမတၱာရပ္ခံပါတယ္။ က႐ုဏာတရား မုဒိတာတရား လက္ကိုင္ထားၿပီးေတာ့ မိမိကိုယ္လည္း ေစာင့္ေရွာက္၊ သူတစ္ပါးလည္း ေစာင့္ေရွာက္၊ Prosocial teaching ဆိုတာ အမ်ားအတြက္ေတြးတဲ့ အေတြးေတြျဖစ္ပါတယ္။

ေက်းဇူးေတာ္ရွင္ေအာက္စဖို႔ဒ္ဆရာေတာ္
ပါေမာကၡ ေဒါက္တာအရွင္ဓမၼသာမိ

(၁၇.၃.၂၀၂၀) ရွမ္းျပည္နယ္ဗုဒၶတကၠသိုလ္တြင္ ေဟာၾကားေတာ္မူခဲ့ေသာ တရားေတာ္မွ ေကာက္ႏႈတ္ေရးသားပူေဇာ္ပါသည္။

Unicode ဖြင့်ဖတ်ပါ
★★★★★

အ ခု သင်္ကြန်လည်းနီးပြီဆိုတော့ နိုင်ငံခြားအစိုးရတွေလည်း ပြောကြတယ်၊ အခုပြောနေတာက ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပြောနေတာ။ မုဒိတာဖြစ်စရာကတော့ နိုင်ငံတိုင်း နိုင်ငံတိုင်း က သူ့ပြည်သူတွေကို သူက စောင့်ရှောက်ချင်ကြတယ်။ အစိုးရတွေရော ပြည်သူအချင်းချင်းရော စောင့်ရှောက်ချင်ကြတယ်။ ဒါတွေက ကောင်းတဲ့ဟာတွေ။

အဲတော့ ဒီပြဿနာက လူသားတွေရဲ့စိတ်ထဲမှာ ကောင်းတာတွေကိုဆွဲထုတ်ပေးနိုင်ရင် ဒါတော်တော်ကောင်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်သွားမယ်။ နောက်တစ်ဖက်ကနေ ကြည့်ရင်လည်း နိုင်ငံတိုင်း နိုင်ငံတိုင်းက ပိုက်ဆံရှိတဲ့နိုင်ငံရော သိပ္ပံအရမ်းထွန်းကားတဲ့ နိုင်ငံရော၊ သိပ္ပံထွန်းကားတဲ့ နိုင်ငံစာရင်းအနေရော ဘယ်သူမှ ဒီရောဂါကို ဘယ်လိုအတိအကျ ကာကွယ်ရမယ် ကုသရမယ်ဆိုတာ မသိသေးပါဘူး။

မြန်မြန်ဆန်ဆန် မပြန့်ပွားအောင် အဲလောက် မပြောနိုင်ကြသေးဘူး။ လုံးဝကာကွယ်နိုင်ဖို့ မပြောနိုင်ကြသေးဘူး။ အဲဒီဟာကို ကြည့်ပြီး တစ်လောကလုံး ကမ္ဘာလုံးမှာရှိတဲ့လူ သန်းပေါင်း (၇၄၀၀) ကရုဏာမျက်စိနဲ့ ကြည့်လိုက်။ လူတိုင်းလူတိုင်း ကြောက်တယ် အဲဒီရောဂါ။ ဘုန်းဘုန်းလည်း ကြောက်တာပဲ။ တရားနာပရိတ်သတ် အွန်လိုင်းကနေ နာတဲ့ပရိတ်သတ်တွေလည်း ကြောက်တယ်။

အဲဒါကြောင့်မို့လို့ ကရုဏာကနေတဆင့် ကိုယ်ချင်းစာစိတ် ထားနိုင်အောင်ကြိုးစားကြပါ။

သိပ္ပံပညာရှင်တွေပြောတာ ကရုဏာ မုဒိတာ တို့ သတိပဋ္ဌာန်တို့ ဒီဟာတွေ ပွားများလေ့ရှိတဲ့ပုဂ္ဂိုလ်က ကိုယ်ခံအား Immunity ပိုကောင်းတယ်။ Prof Stephen Trzeciak – ICU ထဲမှာ ဆေးကုတဲ့ ပါမောက္ခကြီး၊ သူ့ Lecture ကို Youtube မှာ နားထောင်ကြည့် ဒါဆေးရှု့ထောင့်ကနေပြီးတော့ သူပြောတာ။

ကရုဏာရှိတဲ့ပုဂ္ဂိုလ်က ကိုယ်ခံအားပိုကောင်းပါတယ်။ ကရုဏာမဖြစ်ဘဲနဲ့ စိတ်ညစ်တဲ့အချိန် စိတ်ဖိစီးမှုများတဲ့အချိန်ဆိုရင် ကိုယ်ခံအား Immunity အဲဒီအချိန်မှာကျပါတယ်။

ဒါကြောင့် အချင်းချင်းကရုဏာထားဖို့ #အရေးကြီးပါတယ်။ ကရုဏာဆိုတာကတော့ စိတ်ထဲမှာ သနားတယ်ဆိုရုံနဲ့ ကရုဏာမဖြစ်ပါဘူး၊ မဖြစ်သေးဘူး။ ကိုယ်ချင်းစာတဲ့စိတ်ပဲဖြစ်သေးတယ်။ ကရုဏာကတော့ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ လက်တွေ့ပါဝင်တာ။

လက်တွေ့ပါဝင်တာအခု ကျန်းမာရေးပညာရှင်တွေ အကြံပေးတဲ့အတိုင်းပဲ ပွဲလမ်းတွေမလုပ်ဖို့၊ လူအများကြီးမစုရုံးဖို့၊ မဖြစ်မနေ စုရုံတယ်ဆိုလည်း ခပ်ခွါခွါနေဖို့ social distance ဆိုတာ အဲဒါမျိုးတွေရှိတယ်။

အဲဒီဟာတွေ တကယ်လိုက်နာတဲ့ပုဂ္ဂိုလ်က ဒါ ပြဿနာကို တကယ်ဖြေရှင်းတဲ့ ပုဂ္ဂိုလ်ထဲမှာပါတယ်။ ပြဿနာ ဝိုင်းဝန်းဖြေရှင်းပေးတာ။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ကရုဏာနဲ့နေနေတာပေါ့။ ကိုယ့်အတွက်လည်း တွေးတယ်၊ သူတစ်ပါးအတွက်လည်း တွေးတယ်။

တကယ်လို့ဖြစ်လာရင် ဒီနိုင်ငံမပြောနဲ့ အင်္ဂလန်နိုင်ငံမျိုး ဆေးပညာရပ်တိုးတက်တဲ့နိုင်ငံ အီတလီလိုခပ်မြန်မြန် ရောဂါပြန့်ပွားရင် အင်္ဂလန်နိုင်ငံမှာလည်းပဲ နှစ်ပတ်သုံးပတ်အတွင်းမှာ ဆေးရုံအကုန်လုံး ပြည့်သွားမယ်တဲ့ လူနာလာတိုင်း လက်ခံလို့မရဘူးတော့ဘူး။ ဘယ်နိုင်ငံကမှ ဒီဟာကို လက်တွေ့ဖြေရှင်းဖို့အတွက် cope လုပ်ဖို့အတွက် အဆင်သင့်မဖြစ်ပါဘူး။ ဘယ်နိုင်ငံမှ မဖြစ်ဘူး။

ဒါကြောင့် နိုင်ငံခြားတိုင်းပြည်ကလူတွေကိုရော ကိုယ့်နိုင်ငံကလူတွေရော ကရုဏာထားတဲ့အနေနဲ့ ဆင်ဆင်ခြင်ခြင်နေဖို့အရေးကြီးပါတယ်။

ရှင်လောင်းပွဲတွေ လူအများကြီးအဲဒါမျိုးတွေမလုပ်ဖို့။ ရှင်တော့ပြုပါ၊ ရှင်လောင်းပွဲတော့ မလုပ်ပါနဲ့။ ရှင်းလောင်းလုပ်ရင် ပိုက်ဆံအပိုကုန်တယ်။ အချင်းချင်းလည်းပဲ ပြိုင်ဆိုင်ပြီးတော့ လုပ်ကြတယ်။ ရှင်ပြုပြီးရင်တော့ အဲဒီကိုရင်လေးတွေကို သူတို့ရဲ့ ဓမ္မပညာရေးအသိဉာဏ်အတွက် သုံးဖို့ပိုက်ဆံတောင် သိပ်မကျန်တော့ဘူး။

သူတို့ကျောင်းဆက်တက်ဖို့အတွက် ပိုက်ဆံတောင်မရှိတော့ဘူး။ တချို့ဆိုရင် ပိုက်ဆံချေးပြီးတော့ သိန်းရာနဲ့ချီပြီး ကုန်တာလေ ရှင်လောင်းတခါလုပ်တာ။ အဲဒီလို ဝင်ငွေနဲ့ထွက်ငွေ မမျှမတဖြစ်အောင် သုံးတာ အဲဒါကိုယ်က ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမနဲ့ ဆန့်ကျင်နေတယ်။

သိင်္ဂါလောဝါဒသုတ်ကြည့်မလား ၊ အင်္ဂုတ္ထိုရ်ထဲကကြည့်မလား နေရာတိုင်းမှာ ချွေတာသုံးပါ။ တကမ္ဘာလုံး စီးပွားကျတယ်၊ စက်ရုံတွေပိတ်ထားတယ်၊ အလုပ်ရုံတွေပိတ်ထားတယ်၊ တကမ္ဘာလုံး စီးပွားကျအုန်းမယ်။ အဲဒီအတွက်လည်း ပြင်ဆင်ထားဖို့ မလိုအပ်ဘဲနဲ့ ပိုက်ဆံတွေအများကြီးမသုံးနဲ့။

ကိုယ့်သားသမီးတွေ မိသားစုတွေလည်းပဲ ကရုဏာထားပါ။ အသက်ကြီးတဲ့လူတွေလည်း ကရုဏာထားပါ။ ကရုဏာထားတဲ့အနေနဲ့ သူတို့ကို ကူညီဖို့အတွက် အသင့်ပြင်ထားတဲ့အနေနဲ့ မကုန်သင့်တာတွေ မကုန်အောင် နေဖို့အရေးကြီးပါတယ်။

တကယ်လို့ဝယ်ရမယ်ဆိုရင် ဘုန်းဘုန်းတို့နိုင်ငံ ကိုရိုနာရောဂါရှိမရှိ ကိရိယာလေးကို ဝယ်ရမလား၊ ဒါမဟုတ် အဲဒီရောဂါတွေကို သွားပြီးတော့ကုသနေတဲ့ ဆရာဝန်တွေဝတ်တဲ့ သူနာပြုတွေဝတ်တဲ့ အဝတ်အစားတွေဝယ်ရမလား။ အဲဒါတကယ် ဈေးကြီးတဲ့ဟာတွေ။ အဲဒါကျတော့ တကယ်လိုအပ်လို့ တကယ်သုံးရမယ့်ဟာ။

အဲဒါကြောင့်မို့လို့ ကရုဏာတရားနဲ့ ကရုဏာစိတ်ထားပြီးတော့ ဆင်ဆင်ခြင်ခြင်နေကြဖို့၊ ဘာမှမဖြစ်ဘူးဆိုပြီးတော့ မိုက်ရူးရဲမလုပ်ဖို့အရေးကြီးပါတယ်။

နိုင်ငံတစ်နိုင်ငံလုံး နယ်စပ်ကိုပိတ်ပစ်တာ ကမ္ဘာပေါ်မှာ ရှိမှ မရှိဘူးတာ။ အခုနိုင်ငံတော်တော်များ လုပ်နေကြပြီ။ အခုနိုင်ငံတော်တော်များများ အဲဒီလိုတွေ လုပ်နေကြပြီ။ အဲဒါကို ဂရုမစိုက်ဘဲနဲ့ လူစုလူဝေးအများကြီး လုပ်တာတွေ မလုပ်နဲ့။ နောက်ကျောင်းတက်တယ်ဆိုရင်လည်း သင်္ကြန်ကျောင်းတက်တယ် ဆိုရင်လည်းပဲ လူအုပ်စုအများကြီးနဲ့ မသွားပါနဲ့။ လူနည်းနည်းလေး သွားပါ။ ဒါ အားလုံးအတွက်ပါ။

အားလုံးအတွက် မေတ္တာရပ်ခံပါတယ်။ ကရုဏာတရား မုဒိတာတရား လက်ကိုင်ထားပြီးတော့ မိမိကိုယ်လည်း စောင့်ရှောက်၊ သူတစ်ပါးလည်း စောင့်ရှောက်၊ Prosocial teaching ဆိုတာ အများအတွက်တွေးတဲ့ အတွေးတွေဖြစ်ပါတယ်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

(၁၇.၃.၂၀၂၀) ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တွင် ဟောကြားတော်မူခဲ့သော တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။