ဗုဒၶဟူး
ငယ်စဉ် ကလေး ဘဝထဲက ယနေ့ အချိန်ထိ စိတ်နာအောင် ခံစားရအောင် လုပ်တဲ့ သူများကို အခွင့်အခါသင့်ရင် တုန့်ပြန်ဖို့အတွက် မှတ်သားထားလေ့ ရှိကြပါတယ်။
ဗဟုသုတ(www.bahututa)
=================
ဗုဒ္ဓဟူးသားသမီးများသည် ယေဘူယျအားဖြင့် အမှန်တရားကို နှစ်သက်ကြပြီး တစ်ယောက်ထဲ နေထိုင်ရခြင်းကို မြတ်နိုးတက်ကြပါတယ်။
ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ ကိုယ်ရဲ့ မိတ်ဆွေ သူငယ်ချင်းများ ပျော်ရွှင်လာအောင် အဆင်ပြေအောင် ကူညီပေးတတ်ပါတယ်နော်….
တစ်ခါတလေမှာ သူငယ်ချင်းများအပေါ် နွဲ ့ဆိုး ဆိုးပေမဲ့ ရစ်တတ်ကြပေမဲ့ အနစ်အနာ အရမ်း ခံတတ်တဲ့ စိတ်ကြောင့် သူငယ်ချင်းများက အရမ်း ခင်မင်နေကြပါတယ်။
တခါ တစ်ခါ ရုပ်တည်နဲ ့ ဆေးထိုးတတ်ကြပါတယ်။ကိုယ်နဲ ့ မသိတဲ့ လူတွေ ရှေ့မှာ တည်တည်တံ့တံ့ နေထိုင်တတ်ကြပေမဲ့ တကယ်ခင်မင်သူများနဲ ့ဆိုရင် ရယ်မော ပြုံးပျော်စွာ နေထိုင်တတ်ကြပါတယ်။
စိတ်ခံစားရတာလည်း အရမ်းလွယ်သလို၊ စိတ်အပြောင်းအလဲ အရမ်းမြန်တဲ့သူတွေပါ၊ ငိုလိုက်ရယ်လိုက်နဲ့ စိတ်ဆိုးလွယ်သလို စိတ်ပြေလည်းလွယ်ပါတယ်ဗျာ…
ခု စိတ်ညစ်နေတယ် ခဏနေ ဟန်ဆောင်ပြီတော့ ပျော်ရွှင်နေသလို နေပြတတ်ပါတယ်….
ဗုဒ္ဓဟူးသားသမီးများဟာ ငယ်စဉ်ထဲက အခြားသူများအပေါ် ဂရုစိုက် အလေးထားပေမယ့် ကိုယ်အပေါ် အလေးအနက်မထားတဲ့ လူများကိုသာ တွေ ့ကြုံလေ့ရှိပါတယ်။
ကိုယ့်အထာနဲ့ကိုယ်နေတတ်လို ့ တခြားလူများက အနေအေးတယ် သွေးအေးတယ်လို ့ ထင်မှတ်ကြပါတယ်။
တကယ်တော့ ဒေါသ ထွက်လာတဲ့ အခါမျိုးဆိုကိုယ်တိုင်တောင် ထိန်းချုပ်ရတာ ခက်ခဲကြပါတယ်…
ငယ်စဉ် ကလေး ဘဝထဲက ယနေ ့အချိန်ထိ စိတ်နာအောင် ခံစားရအောင် လုပ်တဲ့ သူများကို အခွင့်အခါသင့်ရင် တုန့့်ပြန်ဖို့အတွက် မှတ်သားထားလေ့ ရှိကြပါတယ်။
ရွတ်တာ/အရွဲ့တိုက်တာ တစ်ခုကလွဲလို့ သူတစ်ပါးကို စိတ်ညစ်စေမယ်အလုပ်မျိုး လုံးဝ မလုပ်ကြပါဘူး။သံယောဇဉ် အရမ်းကြီးတယ်သလောက် စိတ်နာသွားရင် လှည့်မကြည့်တတ်တာကလဲ ဗုဒ္ဓဟူးရဲ့ ထူးဆန်းတဲ့ စိတ်နေသဘောထားပါဗျာ…
ဗဟုသုတ(www.bahututa)