မႏၱေလးေတာင္လို့ ဆိုလိုက္တာနဲ႔ ေျမြႀကီးနွစ္ေကာင္ ဆိုတာကို ေရာက္ဖူးသူေရာ မေရာက္ဖူးသူမ်ားပါ ၾကားဖူးသိဖူးၾကပါလိမ့္မယ္။
မႏၱေလးနဲ႔ ပတ္သတ္တဲ့သီခ်င္းေတြမွာ ဒီ ေျမြႀကီးနွစ္ေကာင္ အေျကာင္းက မပါမျဖစ္ ပါေလ့ရွိတဲ့အတြက္ေၾကာင့္ပါ။ ဒီ ေျမြႀကီးနွစ္ေကာင္ရဲ့ အေၾကာင္းကို ဗဟုသုတ အျဖစ္ေဖာ္ျပလိုက္ပါတယ္။
ေျမြႀကီး ၂ေကာင္
တခ်ဳိ႕ကေတာ့ ဒီ ေျမြႀကီးေတြကို ရေသ့ႀကီး ဦးခႏၱီ ေတာရွင္းေတာ့ေတြ့တာ လို့ေျပာေလ့ရွိပါတယ္။ ဒါဟာ မဟုတ္ပါဘူး။ ေျမြႀကီးေတြရွိတုန္းက ဦးခႏၱီမေရာက္ေသးပါ။ ျမန္မာသကၠရာဇ္ ၁၂၆၆ ခုနွစ္က မႏၱေ
လးေတာင္မွာ ဘုန္းေတာ္ျကီး ဦးနႏၵိယ ႀကီးမႉးျပီး ဗ်ာဒိတ္ညႊန္းဘုရားရုပ္တုေတာ္ ထုလုပ္ေနခဲ့ပါတယ္။ အဲဒီအခ်ိန္ေလာက္က မနၱေလး ေျမာက္ျပင္ လင္ဇင္းရပ္ထဲက ပန္းပဲဆရာလည္း ဟုတ္ ၊ ေဆးဆရာဆို
လည္းဟုတ္တဲ့ ဦးေဘရဲ့ အိမ္ဝင္းထဲကို ညတစ္ညမွာ ဧရာမ ေျမြႀကီးနွစ္ေကာင္ ဟာ ဘယ္ကမွန္းမသိပဲ ေရာက္ေနခဲ့ပါတယ္
။ မနက္လင္းမွေတြ႕ၾကေတာ့ ေမာင္းထုတ္ေပမယ့္ မသြားျကတဲ့အတြက္ ဦးေဘဟာ ေျမြဆရာ ဦးလံုးကိုေခၚျပပါတယ္။
ဦးလံုးက “ဆရာေဘရယ္ ဒီ ေျမြႀကီးေတြကရန္မျပဳတတ္ပါဘူး ၊ ေျမြေကာင္းႀကီးေတြပါ ၊ ကြ်န္ေတာ္ပဲ ယူသြားမယ္” လို႔ဆိုျပီး ယူသြားပါတယ္။ အဲဒီေနာက္ ဦးလံုးဟာ ေျမြႀကီးေတြကို ျပစားပါေတာ့တယ္။ လူ
စည္တဲ့ေဈးလိုေနရာေတြ နဲ့ ဘုရားေတြပြဲေတြမွာ လွည့္လည္ျပေလ့ရွိပါတယ္။ အခ်ိန္အေတာ္ျကာျပီးတစ္ေန႔မွာ ဒီ ေျမြႀကီးနွစ္ေကာင္ရဲ့သတင္းကို ဘုန္းေတာ္ႀကီး ဦးနႏၵိယက ၾကားသြားတဲ့အတြက္ ဦးလံုးကို
“ဒကာႀကီးဦးလုံး ၊ ဒီေျမြႀကီးေတြနဲ့ ပိုက္ဆံအေတာ္အသင့္ ရေလာက္ပါျပီ။ ေျမြႀကီးေတြကို ဘုန္းႀကီးလႉပါ။ ဘုရားရုပ္ထု ထုသူ ေတြေရာ ၊ ဘုရားဖူးလာသူေတြရာ အပန္းေျပ အပ်င္းေျပေအာင္ မႏၱေလးေတာ
င္ေျခမွာထားခ်င္တယ္” လို့ေျပာျပီး ဦးလံုးဆီကအလႉခံသတဲ့။ ဦးလံုးကလည္း ေငြ ၂၀ဝ ၊ ၃၀ဝ က်ပ္ေလာက္ ရေနၿပီဆိုေတာ့ ဘုန္းေတာ္ႀကီးကို ေျမြႀကီးနွစ္ေကာင္ လႉလိုက္ပါတယ္။(အဲဒီတုန္းက ေငြ ၂၀ဝ ဆိုတာနည္းမွမနည္းပဲကို)
အဲဒီေနာက္ မႏၱေလးေတာင္အတက္က ျခေသ့ၤႀကီးႏွစ္ေကာင္ အနားမွာ ေျမြႀကီးနွစ္ေကာင္ကို ထားလိုက္ပါတယ္။ ခ်က္ခ်င္းနာမည္ႀကီးသြားျပီး
လူစည္ကားသြား ပါေတာ့တယ္။ အဲဒီေျမြႀကီးေတြေၾကာင့္ ဘုရားလာသူမ်ားလည္း မ်ားျပားကာ အလႉေငြ မ်ားလည္း ပုံမွန္ထက္အဆေပါင္းမ်ားစြာပိုရခဲ့ပါတယ္။
ေျမြႀကီးနွစ္ေကာင္ေၾကာင့္လူစည္ကားမွန္း အလွဴေငြေတြပုိရမွန္းသိေပမယ့္ ဘုန္းႀကီး ဦးနႏၵိယက ၁နွစ္ နဲ့ ၈လ အၾကာမွာေတာ့ “ရုပ္ထုလည္း ထုျပီးသြားပါျပီ ၊ ဘုရားအစ္မတို့ သြားလိုရာသြားျကပါေတာ့”
လို့ေျပာျပီး ရန္ကင္းေတာင္ဘက္ကေတာထဲမွာ လႊတ္ေပးလိုက္ပါတယ္။ ေျမြႀကီးေတြဟာ တြင္းႀကီးတစ္တြင္းထဲဝင္သြားျပီးတဲ့ေနာက္ သူတို့ရဲ့သတင္းကို လံုးဝမၾကားရေတာ့ပါဘူး။
ေျမြႀကီးေတြ မရွိေတာ့ေပမယ့္ “စခန္းမေဝးေပါင္ မႏၱေလးေတာင္ ေျမြႀကီး ၂ ေကာင္ သြားလို့ၾကည့္ရေအာင္” ဆိုတဲ့ သီခ်င္းကေတာ့ က်န္ေနခဲ့ပါတယ္။ ရေသ့ျကီး ဦးခႏၱီလက္ထက္ေရာက္ေတာ့ ဒီေျမြႀကီးႏွစ္ေ
ကာင္ကို အသိအမွတ္ျပဳတဲ့အေနနဲ႔ မႏၱေလးေတာင္ေပၚမွာ ေျမြရုပ္ႀကီးႏွစ္ရုပ္ကုိ သံနဲ႔ သြန္းလုပ္ေစခဲ့ပါတယ္။ သြန္းလုပ္သူကေတာ့
သံရည္ႀကဳိဆရာႀကီး ဦး၀င္းျဖစ္ၿပီး သြန္းလုပ္မႈကလည္း အလြန္လက္ရာေျမာက္ခဲ့ပါတယ္။ ပါးျပင္းေထာင္ထားတဲ့ ေျမြႀကီးႏွစ္ေကာင္ဟာ တြန္႔လိမ္လိမ္နဲ႔ ခ်က္ခ်င္းပဲထသြားေတာ့မယ့္ သ႑ာန္ကိုေဆာင္ေနပါတယ္။
သြန္းလုပ္ၿပီးတဲ့ေနာက္ အစပထမတုန္းက ေျမြရုပ္ႀကီးနွစ္ရုပ္ကို ေရွ႕ဆင့္ေနာက္ဆင့္ထားခဲ့ေပမယ့္ အခုေတာ့ ေဆးေတြသုတ္ကာ နွစ္ေကာင္ယွဥ္ထားျပီး သံဆန္ကာနဲ႔ ကာထားလိုက္ပါေတာ့တယ္။
ေျမြႀကီး ၂ေကာင္
ကုိးကား
ကြ်န္မတို့ မႏၱေလးက မႏၱေလးေတာင္ – လူထုေဒၚအမာ
ျမန္မာ့ျဖစ္ရပ္ ၁၀ဝ – ေမာင္ၾကည္သန္႔
Via: Thutazone
#Unicode version
မန္တလေးတောင်လို့ ဆိုလိုက်တာနဲ့ မြွေကြီးနှစ်ကောင် ဆိုတာကို ရောက်ဖူးသူရော မရောက်ဖူးသူများပါ ကြားဖူးသိဖူးကြပါလိမ့်မယ်။
မန္တလေးနဲ့ ပတ်သတ်တဲ့သီချင်းတွေမှာ ဒီ မြွေကြီးနှစ်ကောင် အကြောင်းက မပါမဖြစ် ပါလေ့ရှိတဲ့အတွက်ကြောင့်ပါ။ ဒီ မြွေကြီးနှစ်ကောင်ရဲ့ အကြောင်းကို ဗဟုသုတ အဖြစ်ဖော်ပြလိုက်ပါတယ်။
တချို့ကတော့ ဒီ မြွေကြီးတွေကို ရသေ့ကြီး ဦးခန္တီ တောရှင်းတော့တွေ့တာ လို့ပြောလေ့ရှိပါတယ်။ ဒါဟာ မဟုတ်ပါဘူး။ မြွေကြီးတွေရှိတုန်းက ဦးခန္တီမရောက်သေးပါ။ မြန်မာသက္ကရာဇ် ၁၂၆၆ ခုနှစ်က
မန္တလေးတောင်မှာ ဘုန်းတော်ကြီး ဦးနန္ဒိယ ကြီးမှူးပြီး ဗျာဒိတ်ညွှန်းဘုရားရုပ်တုတော် ထုလုပ်နေခဲ့ပါတယ်။ အဲဒီအချိန်လောက်က မန္တလေး မြောက်ပြင် လင်ဇင်းရပ်ထဲက ပန်းပဲဆရာလည်း ဟုတ် ၊
ဆေးဆရာဆိုလည်းဟုတ်တဲ့ ဦးဘေရဲ့ အိမ်ဝင်းထဲကို ညတစ်ညမှာ ဧရာမ မြွေကြီးနှစ်ကောင် ဟာ ဘယ်ကမှန်းမသိပဲ ရောက်နေခဲ့ပါတယ်။
မနက်လင်းမှတွေ့ကြတော့ မောင်းထုတ်ပေမယ့် မသွားကြတဲ့အတွက် ဦးဘေဟာ မြွေဆရာ ဦးလုံးကိုခေါ်ပြပါတယ်။
ဦးလုံးက “ဆရာဘေရယ် ဒီ မြွေကြီးတွေကရန်မပြုတတ်ပါဘူး ၊ မြွေကောင်းကြီးတွေပါ ၊ ကျွန်တော်ပဲ ယူသွားမယ်” လို့ဆိုပြီး ယူသွားပါတယ်။ အဲဒီနောက် ဦးလုံးဟာ မြွေကြီးတွေကို ပြစားပါတော့တယ်။ လူစည်
တဲ့ဈေးလိုနေရာတွေ နဲ့ ဘုရားတွေပွဲတွေမှာ လှည့်လည်ပြလေ့ရှိပါတယ်။ အချိန်အတော်ကြာပြီးတစ်နေ့မှာ ဒီ မြွေကြီးနှစ်ကောင်ရဲ့သတင်းကို ဘုန်းတော်ကြီး ဦးနန္ဒိယက ကြားသွားတဲ့အတွက် ဦးလုံးကို
“ဒကာကြီးဦးလုံး ၊ ဒီမြွေကြီးတွေနဲ့ ပိုက်ဆံအတော်အသင့် ရလောက်ပါပြီ။ မြွေကြီးတွေကို ဘုန်းကြီးလှူပါ။ ဘုရားရုပ်ထု ထုသူ တွေရော ၊ ဘုရားဖူးလာသူတွေရာ အပန်းပြေ အပျင်းပြေအောင် မန္တလေး
တောင်ခြေမှာထားချင်တယ်” လို့ပြောပြီး ဦးလုံးဆီကအလှူခံသတဲ့။ ဦးလုံးကလည်း ငွေ ၂၀ဝ ၊ ၃၀ဝ ကျပ်လောက် ရနေပြီဆိုတော့
ဘုန်းတော်ကြီးကို မြွေကြီးနှစ်ကောင် လှူလိုက်ပါတယ်။(အဲဒီတုန်းက ငွေ ၂၀ဝ ဆိုတာနည်းမှမနည်းပဲကို)
အဲဒီနောက် မန္တလေးတောင်အတက်က ခြသေ့ၤကြီးနှစ်ကောင် အနားမှာ မြွေကြီးနှစ်ကောင်ကို ထားလိုက်ပါတယ်။ ချက်ချင်းနာမည်ကြီးသွားပြီး
လူစည်ကားသွား ပါတော့တယ်။ အဲဒီမြွေကြီးတွေကြောင့် ဘုရားလာသူများလည်း များပြားကာ အလှူငွေ များလည်း ပုံမှန်ထက်အဆပေါင်းများစွာပိုရခဲ့ပါတယ်။
မြွေကြီးနှစ်ကောင်ကြောင့်လူစည်ကားမှန်း အလှူငွေတွေပိုရမှန်းသိပေမယ့် ဘုန်းကြီး ဦးနန္ဒိယက ၁နှစ် နဲ့ ၈လ အကြာမှာတော့ “ရုပ်ထုလည်း
ထုပြီးသွားပါပြီ ၊ ဘုရားအစ်မတို့ သွားလိုရာသွားကြပါတော့” လို့ပြောပြီး ရန်ကင်းတောင်ဘက်ကတောထဲမှာ လွှတ်ပေးလိုက်ပါတယ်။
မြွေကြီးတွေဟာ တွင်းကြီးတစ်တွင်းထဲဝင်သွားပြီးတဲ့နောက် သူတို့ရဲ့သတင်းကို လုံးဝမကြားရတော့ပါဘူး။
မြွေကြီးတွေ မရှိတော့ပေမယ့် “စခန်းမဝေးပေါင် မန္တလေးတောင် မြွေကြီး ၂ ကောင် သွားလို့ကြည့်ရအောင်” ဆိုတဲ့ သီချင်းကတော့ ကျန်နေခဲ့ပါတယ်။ ရသေ့ကြီး ဦးခန္တီလက်ထက်ရောက်တော့ ဒီမြွေကြီး
နှစ်ကောင်ကို အသိအမှတ်ပြုတဲ့အနေနဲ့ မန္တလေးတောင်ပေါ်မှာ မြွေရုပ်ကြီးနှစ်ရုပ်ကို သံနဲ့ သွန်းလုပ်စေခဲ့ပါတယ်။ သွန်းလုပ်သူကတော့
သံရည်ကြိုဆရာကြီး ဦးဝင်းဖြစ်ပြီး သွန်းလုပ်မှုကလည်း အလွန်လက်ရာမြောက်ခဲ့ပါတယ်။ ပါးပြင်းထောင်ထားတဲ့ မြွေကြီးနှစ်ကောင်ဟာ တွန့်လိမ်လိမ်နဲ့ ချက်ချင်းပဲထသွားတော့မယ့် သဏ္ဍာန်ကိုဆောင်နေပါတယ်။
သွန်းလုပ်ပြီးတဲ့နောက် အစပထမတုန်းက မြွေရုပ်ကြီးနှစ်ရုပ်ကို ရှေ့ဆင့်နောက်ဆင့်ထားခဲ့ပေမယ့် အခုတော့ ဆေးတွေသုတ်ကာ နှစ်ကောင်ယှဉ်ထားပြီး သံဆန်ကာနဲ့ ကာထားလိုက်ပါတော့တယ်။
ကိုးကား
ကျွန်မတို့ မန္တလေးက မန္တလေးတောင် – လူထုဒေါ်အမာ
မြန်မာ့ဖြစ်ရပ် ၁၀ဝ – မောင်ကြည်သန့်
Via: Thutazone