“ဆင္းရဲတဲ႔ဘ၀မွာ အတူလက္တြဲခဲ႔ၾကျပီးမွ ခ်မ္းသာလာတဲ႔အခါ။”
Knowledge

“ဆင္းရဲတဲ႔ဘ၀မွာ အတူလက္တြဲခဲ႔ၾကျပီးမွ ခ်မ္းသာလာတဲ႔အခါ။”

Zawgyi

သူ႕ဘဝ က က်ပန္း ​ပန္​းရံအလုပ္​ သမား ဘဝက​ေနစၿပီး တျဖည္​းျဖည္​းနံ သံလ်ွက္​ကိုင္​ ပန္​းရံဆရာတစ္​​ေယာက္​ျဖစ္​လာခဲ့တယ္​

အဲ့က​ေနတဆင္​့ၿပီးတဆင့္ ကန္​ထ႐ိုက္​လုပ္​ငန္​း႐ွင္​ျဖစ္​လာရာက တျဖည္​းျဖည္​းနဲ႔ .. အိမ္​ျခံ​ေျမ ကုမၼဏီမွာ႐ွယ္​ရာ​ေတြဝင္​ရာက ..ခုဆို

အိမ္​ျခံ​ေျမ နဲ႔​ေဆာက္​လုပ္​​ေရးကုမၼဏီ ပိုင္​႐ွင္​ျဖစ္​လာခဲ့ တယ္​

သူ႔ ကုမၼဏီ ဟာနာမည္​​ေတာ္​​ေတာ္​​ေလးရ​ေန ၿပီး အဲ့ဒီအရာဟာ သူ႔စိတ္​​ေတြကို​ေျပာင္​းလဲ လာ​ေစခဲ့​ေတာ့တယ္​သူ႔ရဲ႕ ပန္​ရံ အလုပ္​

သမားဘဝကတည္​း ကႏွစ္​​ေပါင္းမ်ားစြာ ​အတူတူ​ေပါင္​းသင္​း ​ေစာင္​့​ေလ်ွာက္​လာခဲ့​ေပးတဲ့ မယားဟာ ညိဳညိဳ ညႇက္​ညႇက္​ ပိန္​ပိန္​ ပါးပါး​

ညိဳ​​ေခ်ာ ေလးက​ေန ခုဆို ဝဝတုတ္​တုတ္​ မဲမဲ တူးတူး ႀကီး ျဖစ္​လာတယ္​

အသားအ​ေရ ​ေတြကလည္​းႏုနယ္​​ေျပျပစ္​ ရာက​ေနတ​ေျဖး​ေျဖးၾကမ္​းတမ္​းခက္​​ေထာ္​ ယံုမက တ​ေန႔တျခား တြန္​႔လိမ္​ အ​ေရးအ​ေၾကာင္​းထင္​

လာခဲ့တယ္​သူမ်ားမယား​ေခ်ာ​ေခ်ာလွလွ ​ေတြနဲ႔ ယွဥ္​ယင္​ ပံုဆိုးပန္​းဆိုးျဖစ္​​ေနတဲ့သူမယားကို တျဖည္​းျဖည္​း စ္ိတ္​ကုန္​လာ ညီး​ေငြ႔

လာခဲ့​ေတာ့ တယ္​

ဒါ​ေပမဲ့ သူ႔မယားအ​ေၾကာင္​း​ေတြးမိတိုင္​း အတိတ္​တုန္​းက အတူတူ ပင္​ပန္​းဆင္​းရဲ ခဲ့တာ​ေတြ ကိုလဲ​ေမ့မရခဲ့ဘူးဒါ​ေပမဲ့သူ႔အ​ေနနဲ႔

သူမယားရဲ႔ ႐ုပ္​ရည္​နဲ႔ခႏၱာကိုယ္​ကို သီးမခံႏိုင္​တဲ့အဆံုး စံုတြဲ ဘဝကို​ေတာ္​​ေလာက္​ၿပီလို႔ စဥ္​းစားတယ္​

အမွန္​​ေတာ့ သူနဲ့ပ​​ေရာပရီ ျဖစ္ျပီး အ​​ေပးအယူ မွ်​​ေနတဲ့ သူ႔ရဲ႕ကုမၼဏီ ကအတြင္​း​ေရးမွႉးမ​ေလး ကို သူသ​ေဘာက် ​ေနခဲ့တာပါ

ဒါနဲ႔ သူ႔မိန္​းမ နာမည္​နဲ႔ ဘဏ္​ စာအုပ္​လုပ္​ၿပီး သိန္​း ၁၀၀၀ ထည္​့ထား​ေပးတယ္​ ၿပီး​ေတာ့ အိမ္​တစ္​လံုး လည္​းဝယ္​ထား​ေပး ၿပီး သူ႔မိန္​းမ ကို

လံု​ေလာက္​ျပည္​့စံု​ေအာင္​​ေထာက္​ပံ႔​ေပးထားခဲ့တယ္​

သူ႔အ​ေနနဲ႔ တာဝန္​မဲ့တဲ့သူမျဖစ္​ခ်င္​တဲ့အတြက္​ မယားျဖစ္​သူရဲ႕ အနာဂါတ္​အတြက္​ ကိုႀကိဳတင္​ျပင္​ဆင္​ ​ေပးထားခဲ့တယ္​ …သူ႔မယားကို

အခက္​မ​ေတြ႔​ေစခ်င္​ဘူး ဒီလိုမွမဟုတ္​ယင္​သူ႔စိတ္​ ထဲ​ေကာင္း​မွာ လိပ္ျပာလံုမွာ ​မဟုတ္​ဘူး

​ေနာက္​ဆ​ံုး​ေတာ့ သူ႔အစီ အစဥ္​​ေတြကို သူ႔မိန္​းမကို​ေျပာျပလိုက္​တယ္​ ..သူမ ဟာ သူ႔ရဲ႕ အ​ေၾကာင္​းျပခ်က္​နဲ႕ ​ေတာင္​းဆိုခ်က္​​ေတြကို

ရို႐ိုက်ိဳးက်ိဳးနဲ႔ ၿငိမ္​ၿငိမ္​​ေလးထိုင္​နား​ေထာင္​​ေပးတယ္​

သတ္​မွတ္​ထားတဲ့ ​ေန႔ ​ေရာက္​​ေတာ့ သူ႔မိန္​းမကို အိမ္​ဂရမ္​ နဲ႔စာခ်ဳပ္​စာတမ္​း​ေတြဘဏ္​စာအုပ္​​ေတြကိုလြဲ​ေပး ၿပီး နွစ္ ​၂၀ ​ေက်ာ္​လက္​

တြဲလာတဲ့ ဘဝ ကိုအဆံုးသတ္​လိုက္​ၿပီးအလုပ္​ရံုးခန္းဆီ ​ကို ထြက္​လာခဲ့​ေတာ့တယ္​ ………တမနက္​လံုးသူ စိတ္​​ေတြ ဂဏွာမၿငိမ္​

ဘူး​ေန႔လည္​ ခင္​းက်​ေတာ့သူအိမ္​ျပန္​လာ​ေတာ့ သူမိန္​းမ လည္​းထြက္​သြားခဲ့ၿပီ

သူမ ဟာသူဝယ္​ထား​ေပးတဲ့ အိမ္​​ေသာ့ နဲ႔အိမ္​ဂရမ္​ ​ေတြဘဏ္​စာအုပ္​​ေတြကို သူ႔အိပ္​ယာ​ေဘးမွာခ်ထား​ေပးခဲ့တယ္​အဲ့​ေအာက္​မွာ

သူမ ​ေရးထားတဲ့စာတစ္​​ေစာင္​လည္​း ႐ွိ​ေနတယ္​

ကြၽန္​မျပန္​ သြားၿပီ ..​ေနာ္​ အ​ေမတို႔ ရြာကိုပဲျပန္​မွာပါ.႐ွင္​့႐ွာထားတဲ့ ပိုက္​ဆံ​ေတြအိမ္​​ေတြ ကြၽန္​မ အတြက္​မလိုအပ္​လို႔ျပန္​ထားခဲ့လိုက္​တယ္​

..အ​ေမတို႔ဆီမွာ ကြၽန္​မအတြက္​အကုန္​႐ွိတာပဲ

အဝတ္အစား ​ေတြ ​အိပ္​ရာခင္​းနဲ႔ ​ျခံဳ​ေစာင္​အထူ​ေတြကြၽန္​မ​ေလ်ာ္​ထား​ေပးခဲ့တယ္​ အဝတ္​ဘီ႐ို ရဲ႕ ​ေအာက္​ဆံုးထပ္​မွာထည္​့႕ထားတယ္​

ေအးတဲ့အခါ ယူျခံဳဖို႔မ​ေမ့နဲ႔အုန္​း

အဝတ္​​ေတြကို ခ်ိတ္​နဲ႔ခ်ိတ္​ထား ​ေပးတယ္​ ​ရွင့္ ရဲ႕ ​ေျခအိပ္​​ေတြ နဲ႔ ခါးပတ္​​ေတြ က ဘီ႐ိုအလယ္​ထပ္​ မွာ​ေနာ္​ အတြင္​းခံ​ေတြ လဲ​ေလ်ာ္​

ထားၿပီး အဝတ္​ဘီဒို ဘယ္​ဖက္​ကအံဆြဲထဲမွာ လိပ္​ၿပီးစီထားတယ္​​ေနာ္​

ကြၽန္​မ မ႐ွိ​ေတာ့ ​ေပမဲ့ ဆရာ​ေပးထားတဲ့ အစာ အိမ္​​ေဆး ​ေတြ ​ေသာက္​ဖို႔မ​ေမ့နဲ႔အုန္​း.

​ေနာက္​တစ္​ခု ႐ွင္​ကအိမ္​​ေသာ့ခဏခဏ​ေမ့တတ္​ က်​ေပ်ာက္​တတ္​လို႔ကြၽန္​မ ​ေသာ့အပို​ေတြလုပ္​ထားၿပီး ျခံ​ေစာင္​့ဦး​ေလးႀကီးအိမ္​မွာအပ္​

ထား​ေပးတယ္​​ေနာ္​

မနက္​အလုပ္​သြားခါနီးရင္​ အိပ္​ရာ​ေခါင္​းရင္​းက ျပတင္​း​ေပါက္​ ကိုပိတ္​သြားဖို႔မ​ေမ့နဲ႔အုန္​း မိုးရြာ လို႔မိုးပက္​ရင္​ အိပ္​ရာ​ေတြစိုရြဲကုန္​မယ္​

ကြၽန္​မ ႐ွင္​ႀကိဳက္​တဲ့ ဆိတ္​သား​ေျခာက္​ နဲ႔ဝက္​သား​ေျခာက္​​ေနတစ္​လွမ္​း သား​ေတြ ၄, ၅ ပိသာ​ေလာက္​ လုပ္​ထားၿပီး ​ေၾကာင္​အိမ္​ထဲမွာ အိပ္​

နဲ႔ထည္​့ထားခဲ့တယ္​ စားခ်င္​တဲ့အခါဆီအိုး​ေလးတည္​ၿပီး​ေက်ာ္​စားလိုက္​ယံုပဲ ၿပီး​ေတာ့ဟင္​းခ်ိဳမုန္​႔မပါ ပဲရြာကဆံုဆီသန္​႔​ေတြနဲ႔ ​ေၾကာ္​

ထားတဲ့ဘာလ​ေခ်ာင္​​ေၾကာ္​ပုလင္​း​ေတြလဲ ​ေၾကာင္​အိမ္​ ဒုတိယအဆင္​့့မွာ႐ွိတယ္​

တင္​့​ေဆြ တို႔ နဲ႔ ဘီယာျမည္​းမျပစ္​ လိုက္​နဲ႔အုန္​း

သူမ ​ေရးထားတဲ့စာ​လံုး​ေတြ က ​ေၾကာင္​ျခစ္​ထားသလိုပဲ မညီမညာနဲ႔ လက္​​ေရးကလဲစုတ္​ျပတ္​သတ္​​ေနတာပဲ ဒါ​ေပမဲ့စာလံုးတိုင္​းဟာ

သူမရဲ႔ ျဖဴစင္​တဲ့စိတ္​ထားအမွန္​ ​ေတြဆိုတာ သူခံစားမိ ​ေလတိုင္​း ႏွလံုးသားထဲမွာတစစ္​စစ္​နဲ႔နာက်င္​လာတယ္​

သူ​ ​ေၾကာင္​အိမ္​ ထဲ ကဘာလ​ေခ်ာင္​ပုလင္​း​ေတြထုုတ္​ၾကည္​့ၿပီး…သူသာမာန္ဆင္းရဲသားငမြဲ​​ေလး ဘဝ လြန္​ခဲ့တဲ့ ႏွစ္​၂၀ကတုန္​းက

သူ႔က္ိုဒီလို ပဲ ဘာလ​ေခ်ာင္​​ေၾကာ္​​ေတြ ​ေၾကာ္​​ေကြၽးခဲ့တုန္​းက သူ ​ေပ်ာ္​ရြင္​ၾကည္​ႏူးခဲ့ရဖူးတယ္​အဲ့ဒီတုန္​းက ဘဝတစ္​​ေလ်ွာက္​လုံးမွာ သူမ

ကို​ေပ်ာ္​ရြင္​​ေအာင္​ထားရ မယ္​လို႔ သူ႔ကိုယ္​ သူဂတိ ​ေပးခဲ့ဖူးတယ္​

သူခ်က္​ခ်င္​းပဲ ကား​ေမာင္​းထြက္​ၿပီးသူ႔မိန္​းမ ကိုလိုက္​႐ွာတယ္​ နာရီဝက္​​ေလာက္​ၾကာ​ေတာ့ ကားဂိတ္​မွာ သူ႔မိန္​းမကို ​ေတြ႔တယ္​ သူ႔တစ္​

ကိုယ္​လံုးလဲ​ေခြၽး​ေတြရြဲနစ္​​ေနတာပဲ

သူ …မိန္​းမကို​ေဒါသနဲ႔လွမ္​း​ေအာ္​တယ္​ ..နင္​က ဘယ္​ကိုသြားမလို႔လဲ ငါအခုအလုပ္​ကျပန္​လာတာ တစ္​​ေနကုန္​ပင္​ပန္​းလာတာ

ထမင္​း​ေတာင္​မစားရ​​ေသးဘူးအိမ္​႐ွင္​မတာဝန္​ဆိုတာ ဒီလိုပဲ လင္​ကို ပစ္​ထား ရသလား ? ငါနဲ႔ခုခ်က္​ခ်င္​းအိမ္​ျပန္​လိုက္​ခဲ့ …

သူ႔ဇနီး လည္​း မ်က္​ရည္​​ေတြစီးက်လာ ယင္​း ထိုင္​ရာကထၿပီးသူ႔​ေနာက္​ကို တိတ္​တိတ္​ဆိတ္​ဆိတ္​ပဲလိုက္​လာ ခဲ့​ေတာ့တယ္​ သူမ မ်က္​

နာမွာလည္း ​မ်က္​ရည္​စ​ေတြနဲ႔ ..ျပံဳးလာတယ္​သူမ မသိတာက သူ႔​ေ႐ွ႕က စိုက္​စိုက္​နဲ႔​ေလ်ာက္​​ေနနဲ႔ သူ​ေယာက္​်ား ရဲ႕ပါးမွာမ်က္​

ရည္​​ေတြစီးက်​ေနတယ္​ဆိုတာပါပဲ

​ေစာ​ေစာက ကားဂိတ္​ကိုသူ ကား​ေမာင္​းလာ​ေတာ့လမ္​းမွာတစ္​လမ္​းလံုးသူစိုးရိမ္​လာတာ သူမကိုျပန္​႐ွာ လို႔မ​ေတြ႔​ေတာ့မွာကိုပဲ

အရမ္​း​ေၾကာက္​​ေနခဲ့တာပါသူဟာ သူ႔ကိုယ္​သူႀကိမ္​ဆဲမိတယ္​ ဘာလိုအဲ့​ေလာက္​​ေတာင္​အသံုးမက်တာလဲ ဘာမဟုတ္​တဲ့ တစ္​ျခားမိန္​းမ

လွတာ​ေလးနဲ႔ပဲ သူ့ ကိုသိပ္ခ်စ္သိပ္ရို​​ေသျပီး သူနဲ႔အတူ ​ေအးအတူပူအမွ် ႏွစ္​​ေပါင္​း၂၀​ေက်ာ္​ အပင္​

ပန္​းအဆင္​းရဲအတူတူခံလာတဲ့မိန္​းမကိုပစ္​ပယ္​​ဖို႔စဥ္​းစားမိရတာလဲ ​ေပါ့ တကယ္​ဆို သူမ ဟာ သူ႕ဘဝရဲ႕ ခြဲခြာမရတဲ့ ဘဝအစိတ္​

အပိုင္​းတစ္​ခုပါပဲ ဆိုတာသူနားလည္​သြားပါၿပီ

​ေပ်ာ္​ရြင္​မႈ႔ဆိုတာ ဘဏ္​စာအုပ္​ထဲက ​ေငြ​ေၾကးပမာဏ​ေပၚမွာမမူတည္​ပါဘူး ကိုယ္​ခ်စ္​တဲ့သူရဲ႕အျပံဳး​ေပၚမွာတာမူတည္​တာပါလြပ္​လပ္​

မႈ႔ဆိုတာ လူတိုင္​းအတြက္​ျဖစ္​ႏိုင္​ပါတယ္​ကိုယ္​ကသာ​ေရြးခ်ယ္​မလားဆိုတာ မူတည္​သြားတာပါ

သင္သိရင္ ေအးခ်မ္းလိမ့္မယ္(Page)

Unicode

သူ့ဘဝ က ကျပန်း ပန်းရံအလုပ် သမား ဘဝကနေစပြီး တဖြည်းဖြည်းနံ သံလျှက်ကိုင် ပန်းရံဆရာတစ်ယောက်ဖြစ်လာခဲ့တယ်

အဲ့ကနေတဆင့်ပြီးတဆင့် ကန်ထရိုက်လုပ်ငန်းရှင်ဖြစ်လာရာက တဖြည်းဖြည်းနဲ့ .. အိမ်ခြံမြေ ကုမ္မဏီမှာရှယ်ရာတွေဝင်ရာက

..ခုဆို အိမ်ခြံမြေ နဲ့ဆောက်လုပ်ရေးကုမ္မဏီ ပိုင်ရှင်ဖြစ်လာခဲ့ တယ်

သူ့ ကုမ္မဏီ ဟာနာမည်တော်တော်လေးရနေ ပြီး အဲ့ဒီအရာဟာ သူ့စိတ်တွေကိုပြောင်းလဲ လာစေခဲ့တော့တယ်သူ့ရဲ့ ပန်ရံ

အလုပ်သမားဘဝကတည်း ကနှစ်ပေါင်းများစွာ အတူတူပေါင်းသင်း စောင့်လျှောက်လာခဲ့ပေးတဲ့ မယားဟာ ညိုညို ညှက်ညှက်

ပိန်ပိန် ပါးပါး ညိုချော လေးကနေ ခုဆို ဝဝတုတ်တုတ် မဲမဲ တူးတူး ကြီး ဖြစ်လာတယ်

အသားအရေ တွေကလည်းနုနယ်ပြေပြစ် ရာကနေတဖြေးဖြေးကြမ်းတမ်းခက်ထော် ယုံမက တနေ့တခြား တွန့်လိမ်

အရေးအကြောင်းထင်လာခဲ့တယ်သူများမယားချောချောလှလှ တွေနဲ့ ယှဉ်ယင် ပုံဆိုးပန်းဆိုးဖြစ်နေတဲ့သူမယားကို တဖြည်းဖြည်း

စိတ်ကုန်လာ ညီးငွေ့ လာခဲ့တော့ တယ်

ဒါပေမဲ့ သူ့မယားအကြောင်းတွေးမိတိုင်း အတိတ်တုန်းက အတူတူ ပင်ပန်းဆင်းရဲ ခဲ့တာတွေ ကိုလဲမေ့မရခဲ့ဘူးဒါပေမဲ့သူ့အနေနဲ့

သူမယားရဲ့ ရုပ်ရည်နဲ့ခန္တာကိုယ်ကို သီးမခံနိုင်တဲ့အဆုံး စုံတွဲ ဘဝကိုတော်လောက်ပြီလို့ စဉ်းစားတယ်

အမှန်တော့ သူနဲ့ပရောပရီ ဖြစ်ပြီး အပေးအယူ မျှနေတဲ့ သူ့ရဲ့ကုမ္မဏီ ကအတွင်းရေးမှှူးမလေး ကို သူသဘောကျ နေခဲ့တာပါ

ဒါနဲ့ သူ့မိန်းမ နာမည်နဲ့ ဘဏ် စာအုပ်လုပ်ပြီး သိန်း ၁၀၀၀ ထည့်ထားပေးတယ် ပြီးတော့ အိမ်တစ်လုံး လည်းဝယ်ထားပေး ပြီး သူ့မိန်းမ

ကို လုံလောက်ပြည့်စုံအောင်ထောက်ပံ့ပေးထားခဲ့တယ်

သူ့အနေနဲ့ တာဝန်မဲ့တဲ့သူမဖြစ်ချင်တဲ့အတွက် မယားဖြစ်သူရဲ့ အနာဂါတ်အတွက် ကိုကြိုတင်ပြင်ဆင် ပေးထားခဲ့တယ် …သူ့မယားကို

အခက်မတွေ့စေချင်ဘူး ဒီလိုမှမဟုတ်ယင်သူ့စိတ် ထဲကောင်းမှာ လိပ်ပြာလုံမှာ မဟုတ်ဘူး

နောက်ဆုံးတော့ သူ့အစီ အစဉ်တွေကို သူ့မိန်းမကိုပြောပြလိုက်တယ် ..သူမ ဟာ သူ့ရဲ့ အကြောင်းပြချက်နဲ့ တောင်းဆိုချက်တွေကို

ရိုရိုကျိုးကျိုးနဲ့ ငြိမ်ငြိမ်လေးထိုင်နားထောင်ပေးတယ်

သတ်မှတ်ထားတဲ့ နေ့ ရောက်တော့ သူ့မိန်းမကို အိမ်ဂရမ် နဲ့စာချုပ်စာတမ်းတွေဘဏ်စာအုပ်တွေကိုလွဲပေး ပြီး နှစ် ၂၀

ကျော်လက်တွဲလာတဲ့ ဘဝ ကိုအဆုံးသတ်လိုက်ပြီးအလုပ်ရုံးခန်းဆီ ကို ထွက်လာခဲ့တော့တယ် ………တမနက်လုံးသူ စိတ်တွေ

ဂဏှာမငြိမ်ဘူးနေ့လည် ခင်းကျတော့သူအိမ်ပြန်လာတော့ သူမိန်းမ လည်းထွက်သွားခဲ့ပြီ

သူမ ဟာသူဝယ်ထားပေးတဲ့ အိမ်သော့ နဲ့အိမ်ဂရမ် တွေဘဏ်စာအုပ်တွေကို သူ့အိပ်ယာဘေးမှာချထားပေးခဲ့တယ်အဲ့အောက်မှာ

သူမ ရေးထားတဲ့စာတစ်စောင်လည်း ရှိနေတယ်

ကျွန်မပြန် သွားပြီ ..နော် အမေတို့ ရွာကိုပဲပြန်မှာပါ.ရှင့်ရှာထားတဲ့ ပိုက်ဆံတွေအိမ်တွေ ကျွန်မ

အတွက်မလိုအပ်လို့ပြန်ထားခဲ့လိုက်တယ် ..အမေတို့ဆီမှာ ကျွန်မအတွက်အကုန်ရှိတာပဲ

အဝတ်အစား တွေ အိပ်ရာခင်းနဲ့ ခြုံစောင်အထူတွေကျွန်မလျော်ထားပေးခဲ့တယ် အဝတ်ဘီရို ရဲ့ အောက်ဆုံးထပ်မှာထည့့်ထားတယ်

အေးတဲ့အခါ ယူခြုံဖို့မမေ့နဲ့အုန်း

အဝတ်တွေကို ချိတ်နဲ့ချိတ်ထား ပေးတယ် ရှင့် ရဲ့ ခြေအိပ်တွေ နဲ့ ခါးပတ်တွေ က ဘီရိုအလယ်ထပ် မှာနော် အတွင်းခံတွေ

လဲလျော်ထားပြီး အဝတ်ဘီဒို ဘယ်ဖက်ကအံဆွဲထဲမှာ လိပ်ပြီးစီထားတယ်နော်

ကျွန်မ မရှိတော့ ပေမဲ့ ဆရာပေးထားတဲ့ အစာ အိမ်ဆေး တွေ သောက်ဖို့မမေ့နဲ့အုန်း.

နောက်တစ်ခု ရှင်ကအိမ်သော့ခဏခဏမေ့တတ် ကျပျောက်တတ်လို့ကျွန်မ သော့အပိုတွေလုပ်ထားပြီး

ခြံစောင့်ဦးလေးကြီးအိမ်မှာအပ်ထားပေးတယ်နော်

မနက်အလုပ်သွားခါနီးရင် အိပ်ရာခေါင်းရင်းက ပြတင်းပေါက် ကိုပိတ်သွားဖို့မမေ့နဲ့အုန်း မိုးရွာ လို့မိုးပက်ရင် အိပ်ရာတွေစိုရွဲကုန်မယ်

ကျွန်မ ရှင်ကြိုက်တဲ့ ဆိတ်သားခြောက် နဲ့ဝက်သားခြောက်နေတစ်လှမ်း သားတွေ ၄, ၅ ပိသာလောက် လုပ်ထားပြီး

ကြောင်အိမ်ထဲမှာ အိပ်နဲ့ထည့်ထားခဲ့တယ် စားချင်တဲ့အခါဆီအိုးလေးတည်ပြီးကျော်စားလိုက်ယုံပဲ ပြီးတော့ဟင်းချိုမုန့်မပါ

ပဲရွာကဆုံဆီသန့်တွေနဲ့ ကြော်ထားတဲ့ဘာလချောင်ကြော်ပုလင်းတွေလဲ ကြောင်အိမ် ဒုတိယအဆင့်မှာရှိတယ်

တင့်ဆွေ တို့ နဲ့ ဘီယာမြည်းမပြစ် လိုက်နဲ့အုန်း

သူမ ရေးထားတဲ့စာလုံးတွေ က ကြောင်ခြစ်ထားသလိုပဲ မညီမညာနဲ့ လက်ရေးကလဲစုတ်ပြတ်သတ်နေတာပဲ ဒါပေမဲ့စာလုံးတိုင်းဟာ

သူမရဲ့ ဖြူစင်တဲ့စိတ်ထားအမှန် တွေဆိုတာ သူခံစားမိ လေတိုင်း နှလုံးသားထဲမှာတစစ်စစ်နဲ့နာကျင်လာတယ်

သူ ကြောင်အိမ် ထဲ ကဘာလချောင်ပုလင်းတွေထုတ်ကြည့်ပြီး…သူသာမာန်ဆင်းရဲသားငမွဲလေး ဘဝ လွန်ခဲ့တဲ့ နှစ်၂၀ကတုန်းက

သူ့ကိုဒီလို ပဲ ဘာလချောင်ကြော်တွေ ကြော်ကျွေးခဲ့တုန်းက သူ ပျော်ရွင်ကြည်နူးခဲ့ရဖူးတယ်အဲ့ဒီတုန်းက ဘဝတစ်လျှောက်လုံးမှာ

သူမ ကိုပျော်ရွင်အောင်ထားရ မယ်လို့ သူ့ကိုယ် သူဂတိ ပေးခဲ့ဖူးတယ်

သူချက်ချင်းပဲ ကားမောင်းထွက်ပြီးသူ့မိန်းမ ကိုလိုက်ရှာတယ် နာရီဝက်လောက်ကြာတော့ ကားဂိတ်မှာ သူ့မိန်းမကို တွေ့တယ်

သူ့တစ်ကိုယ်လုံးလဲချွေးတွေရွဲနစ်နေတာပဲ

သူ …မိန်းမကိုဒေါသနဲ့လှမ်းအော်တယ် ..နင်က ဘယ်ကိုသွားမလို့လဲ ငါအခုအလုပ်ကပြန်လာတာ တစ်နေကုန်ပင်ပန်းလာတာ

ထမင်းတောင်မစားရသေးဘူးအိမ်ရှင်မတာဝန်ဆိုတာ ဒီလိုပဲ လင်ကို ပစ်ထား ရသလား ? ငါနဲ့ခုချက်ချင်းအိမ်ပြန်လိုက်ခဲ့ …

သူ့ဇနီး လည်း မျက်ရည်တွေစီးကျလာ ယင်း ထိုင်ရာကထပြီးသူ့နောက်ကို တိတ်တိတ်ဆိတ်ဆိတ်ပဲလိုက်လာ ခဲ့တော့တယ် သူမ

မျက်နာမှာလည်း မျက်ရည်စတွေနဲ့ ..ပြုံးလာတယ်သူမ မသိတာက သူ့ရှေ့က စိုက်စိုက်နဲ့လျောက်နေနဲ့ သူယောက်ျား

ရဲ့ပါးမှာမျက်ရည်တွေစီးကျနေတယ်ဆိုတာပါပဲ

စောစောက ကားဂိတ်ကိုသူ ကားမောင်းလာတော့လမ်းမှာတစ်လမ်းလုံးသူစိုးရိမ်လာတာ သူမကိုပြန်ရှာ လို့မတွေ့တော့မှာကိုပဲ

အရမ်းကြောက်နေခဲ့တာပါသူဟာ သူ့ကိုယ်သူကြိမ်ဆဲမိတယ် ဘာလိုအဲ့လောက်တောင်အသုံးမကျတာလဲ ဘာမဟုတ်တဲ့ တစ်ခြားမိန်းမ

လှတာလေးနဲ့ပဲ သူ့ ကိုသိပ်ချစ်သိပ်ရိုသေပြီး သူနဲ့အတူ အေးအတူပူအမျှ နှစ်ပေါင်း၂၀ကျော်

အပင်ပန်းအဆင်းရဲအတူတူခံလာတဲ့မိန်းမကိုပစ်ပယ်ဖို့စဉ်းစားမိရတာလဲ ပေါ့ တကယ်ဆို သူမ ဟာ သူ့ဘဝရဲ့ ခွဲခွာမရတဲ့

ဘဝအစိတ်အပိုင်းတစ်ခုပါပဲ ဆိုတာသူနားလည်သွားပါပြီ

ပျော်ရွင်မှု့ဆိုတာ ဘဏ်စာအုပ်ထဲက ငွေကြေးပမာဏပေါ်မှာမမူတည်ပါဘူး

ကိုယ်ချစ်တဲ့သူရဲ့အပြုံးပေါ်မှာတာမူတည်တာပါလွပ်လပ်မှု့ဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ်ကိုယ်ကသာရွေးချယ်မလားဆိုတာ

မူတည်သွားတာပါ

သင်သိရင် အေးချမ်းလိမ့်မယ်(Page)