ဝိတ္ခ်ဦး ၊ ဝက္မ ဆိုျပီး body shaming လုပ္ခံရတာေတြကို ေျပာျပတဲ႔ မိစႏၵီ
Knowledge

ဝိတ္ခ်ဦး ၊ ဝက္မ ဆိုျပီး body shaming လုပ္ခံရတာေတြကို ေျပာျပတဲ႔ မိစႏၵီ

ဝိတ္ခ်ဦး ၊ ဝက္မ ဆိုျပီး body shaming လုပ္ခံရတာေတြကို ေျပာျပတဲ႔ မိစႏၵီ
Zawgyi ျဖင့္ဖတ္၇န္
အဆိုေတာ္ မိစႏၵီကေတာ့ လတ္တစ္ေလာ အႏုပညာလႈပ္ရွားမႈ အေနနဲ႕ “ မဟာကံထူးရွင္ ၊ လျပည့္ဝန္း ၊ ငါ့ရည္းစားကို မထိနဲ႕” ဆိုတဲ့ သီခ်င္းသံုးပုဒ္ ထြက္ရွိထားပါတယ္။ ေခတ္လူငယ္ဆန္ဆန္ ေနထိုင္ျပီး စကားေျပာပြင့္လင္းတဲ့ မိစႏၵီက ဂီတေလာကမွာ ေအာင္ျမင္ေနေပမဲ့ ပရိသတ္ေတြရဲ႕ body shaming လုပ္ျခင္း ခံရဖူးတယ္လို႕ သိရပါတယ္။

ဒီလိုမ်ိဳး ေလွာင္ေျပာင္မႈေတြေၾကာင့္ ယံုၾကည္ခ်က္ ေပ်ာက္ခဲ့ဖူးေၾကာင္းကို MC 7 နဲ႕ အင္တာဗ်ဴးမွာ မိစႏၵီက ခုလို ေျဖၾကားသြားပါတယ္။

“ စင္ေပၚမွာ သီခ်င္းဆိုတဲ့အခါ ဝေနရင္ ဝိတ္ခ်ဦး ၊ ဝက္မဆိုျပီး ေအာ္တာ ခံရဖူးတယ္။ စင္ေအာက္မွာလည္း ၾကံဳဖူးတယ္ ၊ သူငယ္ခ်င္းေတြၾကားမွာ စတာလည္း ၾကံဳဖူးတယ္။ လူေရွ႕သူေရွ႕မွာလည္း ဝေနျပီ ၊ ဝေနျပီ ရုပ္ဆိုးလိုက္တာ ဝိတ္ခ်ဦးဆိုျပီး အဲ့လိုမ်ိဳးေတြလည္း အမ်ားၾကီး ၾကံဳဖူးပါတယ္။ ရွက္တာေပါ့ ငိုခ်င္တာေပါ့။ မိန္းကေလးဆိုတာ သူတို႕ကိုယ္သူတို႕ ရုပ္ရည္အေနအထားက ဘယ္ေလာက္ပဲ ျဖစ္ေနပါေစ မိန္းမတစ္ေယာက္က insecurity အျမဲတမ္းရွိတယ္။ မိန္းမမွ မဟုတ္ဘူး လူတိုင္းပါပဲ။

ငါဝေနလို႕ ပိန္ေနလို႕ ရွည္ေနလို႕ ပုေနလို႕ဆိုတာ လူတိုင္းမွာရွိျပီးသား။ အဲ့ဒါကို လူတစ္ေယာက္ရဲ႕ ပါးစပ္ကေန ကိုယ့္ရဲ႕ အားနည္ခ်က္ကို နင္းျပီးေျပာတဲ့အခ်ိန္ သိမ္ငယ္စိတ္ညစ္သြားသူ ရွိတာေပ့ါေနာ္။ ကိုယ့္ကိုယ္ကို ယံုၾကည္ခ်က္ေပ်ာက္ျပီး သီခ်င္းလည္း မဆုိခ်င္ေတာ့ဘူး။ လူေရွ႕လည္း မသြားခ်င္ေတာ့ဘူး ဒီအလုပ္လည္း ဆက္မလုပ္ခ်င္ေတာ့ဘူး။ မိစႏၵီ အဲ့ေလာက္ထိ ျဖစ္ဖူးတယ္။” ဆိုျပီး ေျပာျပသြားပါတယ္။

ဒီလိုမ်ိဳး စေနာက္မႈေတြၾကားက ယံုၾကည္ခ်က္ ျပန္လည္ တည္ေဆာက္ခဲ့ပံုကိုလည္း ခုလိုေျပာျပသြားပါတယ္။

“ အစခံရပါမ်ားေတာ့ မိစႏၵီတျဖည္းျဖည္းနဲ႕ ယံုၾကည္ခ်က္ ရွိလာတယ္။ ပိန္သြားလို႕ လွသြားလို႕ ယံုၾကည္ခ်က္ ရွိတာေတာ့ မဟုတ္ဘူး။ ဝလာလည္း ဘာမွ မျဖစ္ေတာ့ဘူး။ ငါက ဝေနတယ္ ပုေနတယ္ ဒါေပမဲ့လည္း ကိုယ့္အလုပ္နဲ႕ကိုယ္ အဆင္ေျပတယ္ ၊ မိသားစုကို ေထာက္ပံ့ႏိုင္တယ္။ ငါ့ကိုယ္လံုးေလးကလည္း မဆိုးပါဘူး ဆိုျပီးေတာ့ ယံုၾကည္ခ်က္ရွိေအာင္ ျပန္ေနရတာေပါ့ေနာ္” ဆိုျပီး ေျပာျပသြားပါတယ္။

မိစႏၵီရဲ႕ လျပည့္ဝန္းသီခ်င္းက body shaming လုပ္ခံရတာနဲ႕ ပတ္သက္ျပီး ေရးစပ္ထားတာ ျဖစ္လို႕ ပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ားက သေဘာက် အားေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္ဆိုျပီး မိစႏၵီက ေျပာၾကားသြားပါတယ္။

Unicodeဖြင့်ဖတ်ရန်
အဆိုတော် မိစန္ဒီကတော့ လတ်တစ်လော အနုပညာလှုပ်ရှားမှု အနေနဲ့ “ မဟာကံထူးရှင် ၊ လပြည့်ဝန်း ၊ ငါ့ရည်းစားကို မထိနဲ့” ဆိုတဲ့ သီချင်းသုံးပုဒ် ထွက်ရှိထားပါတယ်။ ခေတ်လူငယ်ဆန်ဆန် နေထိုင်ပြီး စကားပြောပွင့်လင်းတဲ့ မိစန္ဒီက ဂီတလောကမှာ အောင်မြင်နေပေမဲ့ ပရိသတ်တွေရဲ့ body shaming လုပ်ခြင်း ခံရဖူးတယ်လို့ သိရပါတယ်။

ဒီလိုမျိုး လှောင်ပြောင်မှုတွေကြောင့် ယုံကြည်ချက် ပျောက်ခဲ့ဖူးကြောင်းကို MC 7 နဲ့ အင်တာဗျူးမှာ မိစန္ဒီက ခုလို ဖြေကြားသွားပါတယ်။
“ စင်ပေါ်မှာ သီချင်းဆိုတဲ့အခါ ဝနေရင် ဝိတ်ချဦး ၊ ဝက်မဆိုပြီး အော်တာ ခံရဖူးတယ်။ စင်အောက်မှာလည်း ကြုံဖူးတယ် ၊ သူငယ်ချင်းတွေကြားမှာ စတာလည်း ကြုံဖူးတယ်။ လူရှေ့သူရှေ့မှာလည်း ဝနေပြီ ၊ ဝနေပြီ ရုပ်ဆိုးလိုက်တာ ဝိတ်ချဦးဆိုပြီး အဲ့လိုမျိုးတွေလည်း အများကြီး ကြုံဖူးပါတယ်။ ရှက်တာပေါ့ ငိုချင်တာပေါ့။ မိန်းကလေးဆိုတာ သူတို့ကိုယ်သူတို့ ရုပ်ရည်အနေအထားက ဘယ်လောက်ပဲ ဖြစ်နေပါစေ မိန်းမတစ်ယောက်က insecurity အမြဲတမ်းရှိတယ်။ မိန်းမမှ မဟုတ်ဘူး လူတိုင်းပါပဲ။


ငါဝနေလို့ ပိန်နေလို့ ရှည်နေလို့ ပုနေလို့ဆိုတာ လူတိုင်းမှာရှိပြီးသား။ အဲ့ဒါကို လူတစ်ယောက်ရဲ့ ပါးစပ်ကနေ ကိုယ့်ရဲ့ အားနည်ချက်ကို နင်းပြီးပြောတဲ့အချိန် သိမ်ငယ်စိတ်ညစ်သွားသူ ရှိတာပေ့ါနော်။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပျောက်ပြီး သီချင်းလည်း မဆိုချင်တော့ဘူး။ လူရှေ့လည်း မသွားချင်တော့ဘူး ဒီအလုပ်လည်း ဆက်မလုပ်ချင်တော့ဘူး။ မိစန္ဒီ အဲ့လောက်ထိ ဖြစ်ဖူးတယ်။” ဆိုပြီး ပြောပြသွားပါတယ်။
ဒီလိုမျိုး စနောက်မှုတွေကြားက ယုံကြည်ချက် ပြန်လည် တည်ဆောက်ခဲ့ပုံကိုလည်း ခုလိုပြောပြသွားပါတယ်။



“ အစခံရပါများတော့ မိစန္ဒီတဖြည်းဖြည်းနဲ့ ယုံကြည်ချက် ရှိလာတယ်။ ပိန်သွားလို့ လှသွားလို့ ယုံကြည်ချက် ရှိတာတော့ မဟုတ်ဘူး။ ဝလာလည်း ဘာမှ မဖြစ်တော့ဘူး။ ငါက ဝနေတယ် ပုနေတယ် ဒါပေမဲ့လည်း ကိုယ့်အလုပ်နဲ့ကိုယ် အဆင်ပြေတယ် ၊ မိသားစုကို ထောက်ပံ့နိုင်တယ်။ ငါ့ကိုယ်လုံးလေးကလည်း မဆိုးပါဘူး ဆိုပြီးတော့ ယုံကြည်ချက်ရှိအောင် ပြန်နေရတာပေါ့နော်” ဆိုပြီး ပြောပြသွားပါတယ်။
မိစန္ဒီရဲ့ လပြည့်ဝန်းသီချင်းက body shaming လုပ်ခံရတာနဲ့ ပတ်သက်ပြီး ရေးစပ်ထားတာ ဖြစ်လို့ ပရိသတ်တွေ တော်တော်များများက သဘောကျ အားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဆိုပြီး မိစန္ဒီက ပြောကြားသွားပါတယ်။
Share From nanmalgyi