၁။တီဗွီကြည့်ပြီး အချိန်ကုန် မခံပါနဲ့။ သူဌေးတွေက…ဘယ်တော့မှ ရုပ်မြင်သံကြား အစီအစဉ်တွေ၊ဇာတ်လမ်းတွေကြည့်ပြီး အချိန်ကုန် မခံကြပါဘူး။တီဗွီကြည့်မယ့်အစား…စာအုပ်တွေပဲ ဖတ်နေလေ့ရှိပါတယ်။Elon Musk ကနေ Warren Buffett အထိ နာမည်ကျော် လုပ်ငန်းရှင် သူဌေးတွေအားလုံးဟာ…တစ်နေ့တာရဲ့ အချိန်တော်တော်များများကိုစာဖတ်ခြင်းဖြင့်ကုန်ဆုံးတတ်ကြပါတယ်။စာဖတ်တဲ့နေရာမှာလဲ အပျော်ဖတ် စာပေတွေထက်ပညာရမယ့်၊တိုးတက်မှု တစ်စုံတစ်ရာ ရရှိနိုင်မယ့်စာအုပ် စာပေတွေကိုပဲ ဖတ်လေ့ရှိပါတယ်။ ၂။ဘယ်တော့မှ တစ်ဦးတည်း သီးခြားခွဲထွက်မနေပါနဲ့။ သူဌေးတွေအားလုံးက…လူမှုဆက်ဆံရေး ကောင်းကြသူတွေချည်းပဲဖြစ်ပါတယ်။သူတို့ဟာ အမြဲတမ်းလိုလို မိတ်ဆွေသစ်တွေနဲ့တွေ့ဆုံပြီးစကားစမြည် ပြောနေလေ့ရှိပါတယ်။ဒီလို လူမှုဆက်ဆံရေး ကောင်းမွန်တာဟာ အောင်မြင်မှုရဲ့ သော့ချက်ဖြစ်တယ် ဆိုတာကိုသူတို့တွေက သေချာသိရှိထားကြပြီးသူတို့ရဲ့ လူမှုကွန်ယက်ကို တိုးချဲ့နိုင်ဖို့အားထည့်ထားကြပါတယ်။ ၃။အပိုတွေ လျှောက်မတွေးပါနဲ့။ အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်းဟာသူတို့ရဲ့ ပင်ကိုယ် သိစိတ်ကို ယုံကြည်စွာအသုံးပြုလေ့ရှိပြီးအများကြီး လျှောက်တွေးလေ့ မရှိပါဘူး။( အကျိုးဆက်တွေကို သေချာမသုံးသပ်တာမျိုးကိုဆိုလိုတာတော့ မဟုတ်ပါဘူး )ဆင်ခြင်သုံးသပ်မှုတွေနဲ့ အချိန်ကုန် မခံတာမျိုးကိုဆိုလိုတာ ဖြစ်ပါတယ်။လုပ်ဆောင်ရမယ့် […]
Knowledge
.နေ့စဉ်အလုပ်သွားနေရ၍ အချိန်မရသူများအတွက် ဘုရားတရားကို မည့်သို့ပြုလုပ်ရန် အတွက်ပါ
နေ့စဉ်အလုပ်သွားနေရ၍ အချိန်မရလို့ ဘုရားတရားမလုပ်နိုင်ပါဟု ပြောလာသူများအတွက်ပါနံနက် မိမိမူလအိပ်ရာထချိန်ထက် နာရီဝက် စော၍ ထပါ. ငါးပါးသီလ ခံယူပါ မိမိအဆင်ပြေရာ ဂါထာတစ်ခုခုကို ပုတီး စိတ်ပါ ပရိတ်တော်များအားလုံး မရွတ်ဖတ်နိုင်လျင် မိမိအဆင်ပြေရာသုတ်တစ်ခုသာ ရွတ်ဖတ်ပူဇော်ပါ ည အလုပ်မှပြန်လျင် ည 9နာရီနောက်ပိုင်း ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ပါ သောက်တော်ရေချမ်းများကပ်လှူပါဆီမီးအလင်းတိုင်များ အမွှေးတိုင်များ လှူပါ ဂါထာတော်များ ရွတ်ဖတ် ပုတီးစိတ်ပါ လကုန်လျင် မိမိလစာထဲမှ ငွေကို လှူရန်အတွက် သီးသန့်ဖယ်ထားပါ ဘုရားပန်း 1စည်းဖြစ်စေဖယောင်းတိုင် တစ်ထုတ်ဖြစ်စေ လစာထဲမှ ဦးဦးဖျားဖျားဝယ်၍ လှူပါ ခိုလေးများ ခွေးလေးများကို တတ်နိုင်သလောက် အစာကျွေးပါ အလုပ်ပိတ်ရက်များတွင် ဘုရားသွားပါ ဘုရားရင်ပြင်တော်ကို တံမြက်စည်းလှဲပါ မိမိတွင်ညံ့နေသောကံများ အမိုက်များနှင့်အတူပါသွားပါစေ ဆုတောင်း၍ ရင်ပြင်တော်ကို စိတ်ပါလက်ပါ တံမြက်လှည်းပါ […]
“သောကြာသားသမီးလေးတွေရဲ့ သူမတူတဲ့ မွေးရာပါအားသာချက်တွေနဲ့ ပင်ကိုယ်စရိုက် (၁၀) မျိုး”
ရက်သတ္တပတ်တစ်ခုရဲ့ ငါးရက်မြောက်နေ့မှာ မွေးဖွားတဲ့ သောကြာသားသမီးလေးတွေဟာ ဗီးနပ်စ်ဂြိုလ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတာဖြစ်ပါတယ်။ သောကြာသားသမီးလေးတွေမှာ သူများနဲ့မတူတဲ့ အားသာချက်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေ အများကြီးရှိပါတယ်။ ဒီအားသာချက်တွေကိုသာ ကောင်းမွန်စွာ အသုံးချနိုင်ရင်တော့ အောင်မြင်တဲ့သူတွေဖြစ်လာမှာ မလွဲဧကန်ပါပဲ (၁) သောကြာသားသမီးလေးတွေဟာ ငြိမ်းချမ်းခြင်း၊ လှပခြင်း၊ အချစ်နဲ့ သာယာခြင်းတွေကို ကိုယ်စားပြုကြပါတယ် (၂) သောကြာသားသမီးလေးတွေဟာ အဆို၊ ပန်းချီလိုမျိုး အနုပညာအလုပ်တွေကို အထူးခုံမင်နှစ်သက်သလို ထူးကဲတဲ့ပါရမီလည်း ပါလာတတ်သူတွေဖြစ်ပါတယ် (၃) သင်ဟာ ပျော်ပျော်နေတတ်သူတစ်ယောက် ဖြစ်တဲ့အပြင် ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းတတ်သူပါ ဒါပေမယ့် အချစ်ရေးမှာတော့ အရမ်းကိုထိရှလွယ်တဲ့သူတစ်ယောက်ပါ (၄) သောကြာသားသမီးလေးတွေဟာ စိတ်ခံစားချက်ပြင်းထန်တဲ့သူတွေဖြစ်တဲ့အလျောက် အသည်းကွဲတဲ့အခါ ဒါမှမဟုတ် တစ်စုံတစ်ယောက်က ကိုယ့်ကို နာကျင်မှုတွေ ပေးသွားတဲ့အခါမှာ လွယ်လွယ်နဲ့ပြန်ပြီး မကုစားနိုင်ကြပါဘူး (၅) သင်ဟာမိန်းကလေးတစ်ယောက်ဆိုရင် သူတစ်ပါးရဲ့စိတ်ခံစားချက်တွေကို […]
“သာမည ဆရာတော်ဘုရားကြီး၏ မုဆိုးရွှေအိုးရကိန်းအချိန် နဲ့ အစွမ်းထက် ဂါထာတော်။”
Zawgyi ဖြင့်ဖတ်ရန် သာမ ညဆရာတော်ဘုရားကြီး ချီးမြှင့်ခဲ့သော ပုတီးစိပ်နည်း” သာမညဆရာတော် ဘုရားကြီးချီးမြှင့်ခဲ့သော အချိန်အခါ ရွေးနည်းတွင် နေ့တစ်နေ့ကို အချိန်အပိုင်းအခြားအလိုက် ကောင်းသောအချိန်နှင့် မကောင်းသောအချိန် အကြမ်းဖျင်းခွဲခြားထားပါသည်။ ငွေကြေးဓနနှင့် ဆိုင်သော စန်းနက္ခတ်တို့ ဖြစ်ထွန်းအားကောင်းသော *မုဆိုးရွှေအိုးရကိန်း*အချိန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ တနင်္ဂနွေနေ့တွင် နံနက် ၁ဝနာရီ ၄၉မိနစ်မှ နေ့လည် ၁နာရီ ၁၂မိနစ်အတွင်း တနင်္လာနေ့တွင် နေ့လည် ၁နာရီ ၁၃မိနစ်မှ ညနေ ၃နာရီ၃၆ မိနစ် အတွင်း အင်္ဂါနေ့တွင် ညနေ ၃နာရီ ၃ရမိနစ်မှ ညနေ ၆နာရီအတွင်း ဗုဒ္ဓဟူးနေ့တွင် နံနက် ၆နာရီမှ နံနက် ၈နာရီ ၂၄မိနစ်အတွင်း ကြာသာပတေးနေ့တွင် နံနက် ၈နာရီ ၂၅မိနစ်မှ နံနက် […]
H1N1 လား ၊ သာမန်အအေးမိလား?
H1N1 တုပ်ကွေးရောဂါ ကြောင့် ရန်ကုန်တွင် လူသေဆုံးမှုများ ဖြစ်ပေါ်နေသည်ဟူသော သတင်းများကြောင့် မိဘပြည်သူများအကြားတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာလျက်ရှိပါသည်။ ဆေးရုံဆေးခန်းများတွင်လည်း ရုတ်တရက် တုပ်ကွေးရောဂါ ကာကွယ်ဆေးများ သွားရောက်ထိုးနှံကြသောကြောင့် အချို့သော နေရာများတွင် ဆေးဝယ်ရခက်ခြင်း ကာကွယ်ဆေးပြတ်လပ်ခြင်းများ ဖြစ်ပေါ်လျက် ရှိနေပါသည်။ ယခုကဲ့သို့သော မိုးဦးကျရာသီသည် သာမန်အအေးမိနှာစေးသော ရောဂါများ အဖြစ်များသော ရာသီလည်း ဖြစ်ပါသည်။ H1N1 တုပ်ကွေးရောဂါ၏ ရောဂါလက္ခဏာများမှာလည်း သာမန်အအေးမိနှာစေးသော ရောဂါလက္ခဏာများနှင့် ဆင်တူနေပြန်ရာ မိဘပြည်သူများအနေဖြင့် နားလည်မှု လွဲမှားပါက မလိုလားအပ်သော နစ်နာမှုနှင့် စိုးရိမ်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ သာမန်အအေးမိသည်ကို H1N1 ဖြစ်နေပြီဟု အထင်မှားပါက မလိုလားအပ်သော စိုးရိမ်မှုဖြင့် ငွေကုန်လူပန်း ဖြစ်ကြရပြီး H1N1 တုပ်ကွေးရောဂါ ဖြစ်နေသည်ကို သာမန်အအေးမိသည်ဟု ပေါ့ဆမိပါကလည်း မလိုလားအပ်သော […]
..ယောကျာ်းတွေကိုစိတ်နာ ဒီနေရာကို အတွဲလာ ကွဲစေ ဆိုတဲ့ကျိန်စာ (သို့ မဟုတ်) မိန်းမရဲ တောင်တော် သခင်မ သမိုင်း
ကလော အင်းလေး ပင်းတရ ဘုရားဖူးသွားရင်… ရွာငံရေပြာအိုင်မရောက်ခင်လေးမှာ… မိန်းမရဲတောင်ရဲ့  အလှ အပကိုစိတ်ဝင်စားလို့  သွားကြဘုရားဖူးကြFacebookမှာ ပုံတွေ ခဏခဏတွေ့  နေရပေမယ့် အဲဒီတောင်ရဲ့ သမိုင်းကို သေချာရေရာအောင် သိတဲ့သူက ခပ်ရှားရှား . ကျနော်စပ်စု စုံစမ်း မေးမြန်းထားသလောက်က ဒီလိုဗျို့ . . နာမည်က နန်းဧကရီမွှေး ဘုရင့် သမီးတော် တစ်ပါးပေါ့ အချစ်ဆိုတာက ဆန်းကျယ်တယ်လေ သူချစ်မိတာက ကျေးတောသား .ကုမ္မာရ တဲ့ သူတို့ နှစ်ဦး ချစ်ကြည်နူးနေတာကို ဘုရင့် ရွေနားတော်ပေါက်ကြား အမျက်ပွားစေခဲ့တာမဟုတ်လား အမဲရိုးက ဟင်းအိုးကိုမှအားမနာ ကျေးတောသား ကုမ္မာရ လူငနွားကို သတ်စေတဲ့ တစ်ချက်လွှတ် အမိန့် .ဒီသတင်း နန်းဧကရီမွှေးကြားတော့ ရင်ဝကို […]
အကြွေးမြန်မြန်ပြန်ရအောင်၊ ပိုက်ဆံများသူ့အလိုလို ဝင်လာစေသောအဆောင်
ဒီယတြာလေးနဲ့ အကြွေးမြန်မြန်ပြန်ရအောင်လည်းလုပ်လို့ရသလို၊ဝင်ငွေတိုးပွားအောင်းလည်းလုပ်လို့ရပါတယ်။ ဝင်ငွေလည်းသိသိသာသာတိုးပွားလာတာကို တွေ့ရပါတယ်။ လုပ်ရမယ့်နည်းလေးက လွယ်ပါတယ်။ဘာနေ့သားသမီးမဆို ပြုလုပ်လို့ရပါတယ်။ဘေးဥပါဒ်တစ်စုံတစ်ရာမရှိပါဘူး။ယုံယုံကြည်ကြည်လုပ်နိုင်ရင် ပိုအစွမ်းထက်တာကိုတွေ့ရမှာဖြစ်ပါတယ်။ အကြွေးမြန်မြန်ပြန်ရအောင်၊ ပိုက်ဆံများသူ့အလိုလို ဝင်လာစေသောအဆောင် ဗုဒ္ဓဟူးနေ့နံနက် ၇ နာရီမှ ၇နာရီခွဲအတွင်း မိမိအိမ်ဘုရား(သို့)ဆိုင်ဘုရားရှေ့မှာ ပိုက်ဆံအရွက်ကြီးတစ်ရွက်(ဥပမာ-5000တန်-10000တန်)ကို ကြေးလင်ဗန်းပေါ်မှာဖြန့်၍တင်ပါ။ပိုက်ဆံအပေါ်မှာ ကိုကာကိုလာပုလင်းတစ်လုံးကို အဖုံးဖွင့်၍ ပိုက်တပ်ပြီး တင်ပါ။ပုလင်းရဲ့ဘေးမှာ(ပိုက်ဆံပေါ်မှာဘဲ) သံလိုက်တုံးတစ်ခုကို တင်ပါ။ အဲဒီဘေးမှာ ဖာလာစေ့ ၉ စေ့ကိုတင်ပါ။ ပြီးလျှင်ဘုရားကိုလှူ ပါ။ လှူ ပြီးလျှင်ဆုတောင်းပါ။ “ပိုက်ဆံတွေ အများကြီး သူ့ဖာသူဝင်လာပါစေ!မမျှော်လင့်ဘဲ အများကြီးရပါစေ”ဟုဆုတောင်းပါ။ အကြွေးရလိုသူများကတော့ “ရရန်ရှိသောအကြွေးများကို ပေးရန်ရှိသူများက အမြန်ဆုံး သူ့တို့ဖာသာ သူတို့ မြန်မြန်ပြန်လာပေးကြပါစေ” ဟုဆုတောင်းပါ။ မယုံကြည်လျှင်မလုပ်ကြပါနဲ့ ယုံယုံကြည်ကြည်လုပ်မယ့်သူတွေကို စိတ်အနှောက်အယှက်ဖြစ်စေမယ့် Comment တွေ ကျေးဇူးပြု ပြီး မရေးကြပါနဲ့။ မနက်တင်ပြီး ညနေစွန့်ပါ။ စွန့်ရမှာက […]
H1N1(ရာသီပေါ်တုပ်ကွေး) မကူးစက်ခံရအောင် ကာကွယ်ဖို့ အဓိကလိုက်နာရမယ့် (၇)ချက်
H1N1(ရာသီပေါ်တုပ်ကွေး) မကူးစက်ခံရအောင် ကာကွယ်ဖို့ အဓိကလိုက်နာရမယ့် (၇)ချက် ရေးသားသူ Yun Sandi Nan Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win H1N1(ရာသီပေါ်တုပ်ကွေး) မကူးစက်ခံရအောင် ကာကွယ်ဖို့ အဓိကလိုက်နာရမယ့် (၇)ချက် H1N1 (ဝက်တုပ်ကွေး) ဗိုင်းရပ်စ်ဟာ တုပ်ကွေးမျိုးစိတ်အသစ်ဖြစ်ပြီး အဖြစ်များတဲ့ရိုးရိုးတုပ်ကွေးရောဂါနဲ့လက္ခဏာချင်းဆင်တူပါတယ်။ ၀က်တွေမှာ ရှင်သန်နေထိုင်နိုင်တဲ့ virus ပိုးဖြစ်ပေမယ့် သေချာကိုင်တွယ်ချက်ပြုတ်ထားတဲ့ ၀က်သားနဲ့ တခြားစားသောက်ကုန်တွေ စားရုံနဲ့တော့ မကူးစက်နိုင်ပါဘူး။လူလူချင်းသာ ကူးစက်ပါတယ်။ ရောဂါလက္ခဏာတွေက အများအားဖြင့်ဆင်တူပေမယ့် ဝက်တုပ်ကွေးကတော့ အသက်ရှူလမ်းကြောင်းလက္ခဏာတွေအပြင် ဝမ်းလျှောတာနဲ့ ပျို့အန်တာတွေ ပါဖြစ်နိုင်ပါတယ်။ H1N1 ဝက်တုပ်ကွေးက ရိုးရိုးရာသီတုပ်ကွေးထက် အဆုတ်ထဲကို ပိုနက်ရှိုင်းစွာကူးစက်ရောက်ရှိနိုင်ပါတယ်။ ဝက်တုပ်ကွေးလက္ခဏာ တွေက – – ချမ်းတုန်ခြင်း – ချောင်းဆိုးခြင်း – […]