လစာကောင်းကောင်းဝင်နေတယ် .. ဒါပေမယ်. မစုမိဆောင်းမိလို့ ဘဝကတိုးတက်မလာဘူး .. ဘာကြောင့်လဲဗျာ
Knowledge

လစာကောင်းကောင်းဝင်နေတယ် .. ဒါပေမယ်. မစုမိဆောင်းမိလို့ ဘဝကတိုးတက်မလာဘူး .. ဘာကြောင့်လဲဗျာ

လစာကောင်းကောင်း ရနေသော်လည်း ဘာကြောင့် ငွေကြေးမစုဆောင်းမိရတာလဲ။ ကိုယ်သတိမထားမိတဲ့ တချို့အချက်တွေကြောင့် ငွေကြေးမစုဆောင်း မိတာပါ။ အဲ့တာကြောင့် လစာကောင်းနေပေမဲ့ သင့်အားမွဲနေစေသော အချက် (၈) ချက်ကို ဖော်ပြပေးလိုက်ပါတယ် (၁)လစာတိုးလာတာနဲ့ အမျှ အသုံးအစွဲတိုးလာခြင်း သင့်ရဲ့ လူနေထိုင်မှုအဆင့်အတန်းကို မြှင့်တင်ခြင်း မှာလက်ခံဖွယ်ရာဖြစ်ပါသည်။ ၀င်ငွေတိုးလာတာနဲ့ အမျှ သင့်နှင့် သင့်မိသားစု အတွက် ကျန်းမာရေး၊ပညာရေးစသည်တို့ အတွက် အသုံးစရိတ်တိုးခြင်းဟာ အဆင်ပြေပါတယ်။ သို့ ပေမယ့် သင်သည် အမြဲတစေ ပိုက်ဆံသုံးဖို့  အရေးကိုပဲ လိုက်ပြီး စဉ်းစားနေတဲ့သူဆိုလျှင်တော့ လစာ ဘယ်လောက်များများ စုနိုင်လိမ့်မည် မဟုတ်ပါ။ ဒါကြောင့် လစာ ၀င်ငွေတိုး လာသော်လည်း သင့်ရဲ့ အသုံးအစွဲကို အဆင့်တစ်ခုတွင် သတ်မှတ်ထားပါ။ ထိုအဆင့်ထက် ကျော်လွန်သုံးစွဲခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။ […]

” မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ ထူးခြားချက်များ … “
Knowledge

” မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ ထူးခြားချက်များ … “

ဆရာတော်၏ ထူးခြားချက်များမှာ…. (၁) ငယ်စဉ်ကတည်းကစပြီး သက်သတ်လွတ်ဘုဉ်းပေးခြင်း။ (၂) ငယ်စဉ်ကတည်းကစ၍ကမ္မဋ္ဌာန်းဘာဝနာကျင့်ကြံခြင်း။ (၃) လူသူကင်းမဲ့သည့် တောတောင်အတွင်းရှိ ဂူများတွင် တစ်ပါးတည်းမကြောက် မ ရွံ့တရားအား ထုတ်ခြင်း။ (၄) ဘာသာစကားအမျိုးမျိုး စာပေအမျိုးမျိုး သင်ယူခြင်းမပြုဘဲ အလိုလိုတတ်မြောက်နေခြင်း။ (၅) မတ်တတ်အနေအထားဖြင့် ခုနှစ်ရက်တိုင်တိုင် မလှုပ်မရှားပဲ တစ်ဆက်တည်းကျင့်ကြံနိုင်ခြင်း။ (၆) ထိုင်လျှက် အနေအထားဖြင့်ခုနှစ်ရက်တိုင်တိုင် တစ်ထိုင်တည်းတရားအားထုတ်နိုင်ခြင်း။ (၇) ၀ါတွင်းသုံးလအတွင်းဂူ(သို့) တောတောင်တစ်နေရာရာတွင် စဉ်ဆက်မပြတ်တရားထိုင်ခြင်း။ (၈) .၀ါတွင်းသုံးလ ဂူအောင်းနေစဉ် ဆွမ်းဘုဉ်းပေးခြင်းမရှိဘဲ သစ်သီး၊သစ်ဥ၊ သစ်ဖုများကိုသာ အဟာရ အဖြစ်မှီဝဲခြင်း။ (၉). ၀ါတွင်းသုံးလ ကာလအတွင်း အမြဲတမ်းဝစီပိတ်ကျင့်ကြံခြင်း။ (၁၀). လူ၊နတ်၊သတ္တ၀ါတို့အား သွန်သင်ဆုံးမသြ၀ါဒစကားကို တရားတော်များနာပွားနေခြင်းမှ အလိုလို ပေါ်ပေါက်လာခြင်း။ (၁၁). လူ၊နတ်၊သတ္တ၀ါအားလုံး အဆင့်အတန်းမခွဲခြားဘဲမျှမျှတတ မေတ္တာထား […]

မျောက်အရှင်လတ်လတ်၏ ဦးနှောက်ကို စပယ်ရှယ်မီနူးအဖြစ်စားခဲ.သူတစ်ယောက်ရဲ. 😱😱😱  အရမ်းကြောက်စရာကောင်းတဲ့ တန်ပြန်ဝဋ် … ဖတ်ဖြစ်အောင်ဖတ်ကြည့်ပါဗျာ
Knowledge

မျောက်အရှင်လတ်လတ်၏ ဦးနှောက်ကို စပယ်ရှယ်မီနူးအဖြစ်စားခဲ.သူတစ်ယောက်ရဲ. 😱😱😱 အရမ်းကြောက်စရာကောင်းတဲ့ တန်ပြန်ဝဋ် … ဖတ်ဖြစ်အောင်ဖတ်ကြည့်ပါဗျာ

နယ်စပ်မြို့လေးတစ်မြို့ရဲ့ နာမည်ကြီးစားသောက်ဆိုင်တစ်ခု။ ထိုစားသောက်ဆိုင်ရဲ့ VIPခန်းတစ်ခန်းထဲမှာတော့ ထိုမြို့ရဲ့လူကုံထံစာရင်းဝင်တစ်ယောက်ဖြစ်တဲ့ စက်လှေသူဌေး ကိုတိုးမင်းနဲ့သူငယ်ချင်းသုံးယောက်။ တစ်မြို့ထဲသားချင်းတွေပေမယ့် အလုပ်ကိုယ်စီနှင့် မဆုံဖြစ်ကြသော သူတို့တွေ ဆုံတိုင်းဆုံခိုက်အချိန်လေးမှာတော့ စားရင်းသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်များပြောရင်းဖြင့် တဝါးဝါးတဟားဟားပွဲကျနေကြသည်။ ”ဟေ့ကောင်တိုးကြီး ဒီနေ့မင်းဒကာခံရမှာနော် ” ”ဟာ စိတ်သာချသူငယ်ချင်းမင်းတို့ ကြိုက်သလောက်သာဆွဲအေးဆေးပါကွ ငါကမင်းတို့အတွက် အထူးစပါယ်ရှယ်အမြည်းတစ်မျိုးတောင် စီစဉ်ထားတာနော် ” ပြောရင်း တစ်ဆက်ထဲမှာပင် ကိုတိုးမင်း ဝိတ်တာကောင်လေးကို လှမ်းခေါ်လိုက်လေသည။် ”ဟေ့ ညီ ကိုယ်ပြောထားတဲ့ စပယ်ရှယ်အမြည်းလေး လုပ်ပါဦးကွ” ”ဟုတ်ကဲ့ပါအကို ” ခဏအကြာ အဝတ်စတစ်စအုပ်ထားသော တွန်းလှည်းလေးနှင့်အတူ ဝိတ်တာကောင်လေး ပြန်ရောက်လာသည။် ”ဟ တိုးကြီးရ မင်းအမြည်းက ဘာတုန်းဟ” ”ကြည့်လေကွာ မင်းတို့ကလည်း ဒါစပယ်ရှယ်မီနူးဟ ဟေ့ ညီ စကွာ” ကိုတိုးမင်းစကားဆုံးတာနဲ့ ဝိတ်တာကောင်လေးက အုပ်ထားသောအဝတ်စကိုဆွဲလှန်လိုက်သည်မှာတော့ […]

မိဘတွေကို လုံးဝ မပြောသင့်သော စကား (၁ဝ) ခွန်း
Knowledge

မိဘတွေကို လုံးဝ မပြောသင့်သော စကား (၁ဝ) ခွန်း

လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်က စကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက် ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကို ထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်။လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက် အရေးပါကြောင်း သိတာမျိုး မဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင် ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာ ဆိပ်ကမ်း ဖြစ်ပါတယ်။ (၁) အင်းပါ အင်းပါ သိပြီ၊ အရမ်းရှုပ်တာပဲ။ (၂) ကိစ္စရှိသေးလား မရှိရင် ဖုန်းချတော့မယ်။ (မိဘတွေ ဖုန်းဆက်တာ စကားပြောချင်ရုံ သက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ […]

ပြီးပြည့်စုံတဲ့ယောက်ျားတွေကို ရှာရတာ စိတ်ကုန်လာလို့ သရဲနဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသမီး
Knowledge

ပြီးပြည့်စုံတဲ့ယောက်ျားတွေကို ရှာရတာ စိတ်ကုန်လာလို့ သရဲနဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသမီး

လက်တွေ့လောကက ယောက်ျားတွေကို စိတ်ကုန်လာတဲ့ အမျိုးသမီးတစ်ဦးဟာ (၁၈)ရာစုနှစ်က သေဆုံးခဲ့တဲ့ ဟေရှန်ပင်လယ်ဓားပြသရဲဝိညာဉ်တစ်ကောင်နဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့ကာ လက်ထပ်ခဲ့ကြောင်း သိရပါတယ်။ သရဲဟာ လွန်ခဲ့တဲ့ နှစ် (၃၀၀)ကျော်ကတည်းက သေဆုံးခဲ့ပေမယ့် သူတို့နှစ်ဦးဟာ သာမန်စုံတွဲတွေလို အတူနေ အတူသွားလာနိုင်ပြီး ဒီလိုနဲ့ (၄၅)နှစ်အရွယ် Amanda ဟာ သူ့ချစ်သူကို လက်တွေ့လောကမှာ မတွေ့ခဲ့ဘဲ ပရလောကမှတစ်ဆင့် တွေ့ဆုံခဲ့ပါတယ်။ သူမရဲ့ ဝိညာဉ်ချစ်သူ Jack ဟာ (၁၇၀၀)ခုနှစ်ဝန်းကျင်က ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး (၂၀၁၄)ခုနှစ်က သူမကုတင်ပေါ်မှာ လှဲနေခဲ့စဉ် သူမဘေးနားကို ရောက်လာခဲ့ခြင်းဖြစ်တယ်လို့ Amanda က ပြောပြခဲ့ပါတယ်။ သူတို့နှစ်ဦး နှစ်အနည်းငယ် မေတ္တာမျှပြီးချိန်မှာတော့ လက်ထပ်မှတ်ပုံတင်ပေးသူတစ်ဦးကို ငှားကာ သူမရဲ့ ဝိညာဉ်ချစ်သူနဲ့ လက်ထပ်လို့ရမယ့် နိုင်ငံတကာ ရေပိုင်နက်တွေကို လှည့်လည်ရှာဖွေခဲ့ပါတော့တယ်။ လက်ထပ်ပွဲမှာ Amanda က ပုံမှန်လက်ထပ်ပွဲတွေကလိုပဲ သစ္စာဆိုခဲ့ပြီး အခုဆို ၄င်းဇနီးမောင်နှံဟာ ဝိညာဉ်လောကမှာ ဖူးစာရှင်ရှာတွေ့နိုင်တဲ့အကြောင်း စာအုပ်ရေးလျက်ရှိပါတယ်။ Amanda ဟာ ပင်လယ်ဓားပြကပ္ပတိန်ဂျက်စပဲရိုးလို ဝတ်ဆင်ဖျော်ဖြေသူတစ်ဦးဖြစ်ပြီး ထိုကဲ့သို့ပင်လယ်ဓားမြလို ဝတ်ဆင်ခဲ့ခြင်းက […]

သုံးမိနစ်​ လျှပ်​စစ်​ ​ရေ​နွေး အိုး ပျက်​ရင်​ ပစ်​မထားနဲ့…
Knowledge

သုံးမိနစ်​ လျှပ်​စစ်​ ​ရေ​နွေး အိုး ပျက်​ရင်​ ပစ်​မထားနဲ့…

Zawgyi ဖြင့်ဖတ်၇န် သုံးမိနစ်​ လျှပ်​စစ်​ ​ရေ​နွေး အိုး ပျက်​ရင်​ ပစ်​မထားနဲ့အခုလိုပြင်​သုံးရင်​ အများကြီးသုံးလို့ရတယ်​။ လူသုံးများ​နေတဲ့ ​ဖော်​ပြပါ သုံးမိနစ်​ လျှပ်​စစ်​​ရေ​နွေးအိုး​တွေဟာ လပိုင်းနဲ့ ပျက်​စီး ပြီး စက္ကူ အ​ဟောင်း​ရောင်းတဲ့ဆိုင်​​တွေမှာ အချိန်​​ဈေးနဲ့ လာ​ရောင်းထားတာအများကြီး​တွေ.​နေရလို့ ပြုပြင်​ အသုံးချတဲ့နည်းကို ​ရေးပြလိုက်​ပါတယ်​။ အခုလို ပြုပြင်​ပြီး ကျ​နော်​ကိုယ်​တိုင်​ လက်​​တွေ့ သုံး​နေတာ ၂ နှစ်​နီးပါရှိ​နေပြီး ဖြစ်​တယ်​ ၊မူလ အသစ်​ထက်​ စိတ်​ချစွာ အသုံပြုနိုင်​တဲ့နည်းပါ။ ​ရေ​နွေးအိုး အများစု ဟာ power supply.​ခေါ် လျှပ်​စစ်​ ကို ​အောက်​ဖက်​ အ၀ိုင်း​နေရာက ​ကြွေပါတယ်​ ၊ အဲ့ဒီ​နေရာ မှာတပ်​ဆင်​ထားတဲ့ terminal ​ကြေးပြား​လေး​တွေဟာ အလွန်​ပါးပြီး အသုံးပြု တာ ကြာလာရင်​ အပူဒဏ်​​ကြောင့်​ […]

ဒူးရင်းသီး စားပြီးရင် အပူကန်မှာကြောက်တဲ့ သူတွေအတွက် နည်းကောင်းလေး
Knowledge

ဒူးရင်းသီး စားပြီးရင် အပူကန်မှာကြောက်တဲ့ သူတွေအတွက် နည်းကောင်းလေး

Zawgyiဖြင့်ဖတ်ရန် ဒူးရင်းသီး စားပြီးရင် ဒူးရင်းခွံ ကို မလွှင့်ပစ်သေးပဲ ခွက်နက်နက်လေးထဲမှာ ဆားလေး နဲနဲထည့် ရေထည့်ပြီး သောက် လိုက် ရင် ဘာအပူမှ မကန်စေရဘူး။ အဲဒီခွက် နဲ့ ပဲ ရေထည့် ပြီး ပလုတ်ကျင်း လက်ဆေးလိုက်ရင် အင်မတန်ပြင်းတဲ့ ဒူးရင်းသီးနံ့  လည်းစွဲ မနေဘူး။ ရှေးလူကြီးတွေ ပြောပြလို့  သိရတာပါ။ သဘာဝက တခါထဲ ထည့်ပေးပြီးသားတဲ့ ဒူးရင်းခွံ အတွင်း နံ ရံ မှာ ဖယောင်းလို wax တစ်မျိုး ပါတယ်။ အဲဒါက ဆေးဖက် ဝင်တယ်တဲ့။ ဒူးရင်းသီးစားပြီး အဖု မထွက်ချင်သူတွေအတွက် ပြောပြတာပါ Unicodeဖြင့်ဖတ်ရန် ဒူးရင်းသီး စားပြီးရင် ဒူးရင်းခွံ ကို […]

ကုံလုံ ဆရာတော်ကြီး၏ ရုပ်ကလာပ်အား သန့်ရှင်းရေးလုပ်ရင်း ထူးခြားလျက်ရှိနေဆဲ ပုံတွေပါ အများသူငှာ ဖူးမျှော်နိုင်ရန် တင်ပေးလိုက်ပါတယ်
Knowledge

ကုံလုံ ဆရာတော်ကြီး၏ ရုပ်ကလာပ်အား သန့်ရှင်းရေးလုပ်ရင်း ထူးခြားလျက်ရှိနေဆဲ ပုံတွေပါ အများသူငှာ ဖူးမျှော်နိုင်ရန် တင်ပေးလိုက်ပါတယ်

Zawgyi ဖြင့်ဖတ်၇န် အထူးခြားဆုံး ကုသိုလ်။ ပင်းတယလို့ ပြောလိုက်တာနဲ့ ကုံလုံ ဆရာတော်ကြီး ရုပ်ကလာပ်ရှိရာလို့ ဘုရားဖူးအတော်များများ သိကြပါတယ်။ မှန်ပါတယ်။ ဘဘုန်း ပျံလွန်တော်မူတာ ၁၅ နှစ်တောင် ပြည့်ပါတော့မယ်။ ဘဘုန်း ရုပ်ကလာပ်ကို သန့်ရှင်းရေး မလုပ်ဖြစ်တာလညိး အတော်ကြာပါပြီ။ ၂၀၁၄ လောက်က ကျွန်တော် တစ်ခါ သန့်ရှင်း ပေးခဲ့ဖူးပါတယ်။ ဒီနေ့တော့ ဘဘုန်း ရုပ်ကလာပ်ကို မှန်ခေါင်းမှချ သန့်ရှင်းရေး လုပ်ခွင့်ရခဲ့ပါတယ်။ ဘဘုန်းရဲ့ ၁၅ နှစ်ကြာသည်အထိ ကြည်လင်နေတဲ့ အသားအရေကို ဓါတ်ပုံရိုက်ခွင့် ရလိုက်ပါတယ်။ ရုပ်ကလာပ်တော်ကို သန့်ရှင်းရင်း ထူးခြားတဲ့ကုသိုလ်အတွက် ပီတိဖြစ်နေမိပါတယ်။ ဘဘုန်းရဲ့ မေတ္တာကြောင့် သတ္တဝါအားလုံး ငြိမ်းချမ်းကြပါစေ။ (တစ်ပုံချင်း ပုံစာလေးများ ဖတ်ကြည့်ပေးကြပါ။) Source : Than […]