ဇော်ဂျီ / ယူနီကုဒ် Zawgyi ဖြင့်ဖတ်ပါ ★★★★★ သင့်ကို လူချစ်လူခင်ပေါစေမယ့် အလွယ်ကူဆုံးနည်း မေတ္တာပို့နည်း သင် နံနက် အိပ်ယာထလို့ မျက်နှာသစ်တော့မယ် ရေကို စကိုင်ပြီးဆိုတာနဲ့ဗုဒ္ဓံသရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ .. အဲ့လိုဘဲ ဓမ္မံသရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ .. သံဃံ သရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် ရေနဲ့ တစ်ခါသပ်ချပါ .. (ဆိုလိုတာကတော့ မေတ္တာမပို့မှီ သရဏဂုံ သုံးပါးကို အရင်ရွတ်လိုက်ပါ) အဲ့ဒါပြီးရင်တော့ သွားတိုက်ချင်တိုက်ပါ သွားတိုက်ရင်း စိတ်ထဲကဂုဏ်တော် ကိုးပါးကိုရွက်ရင် ပိုကောင်းပါတယ် .. ကိုယ်ပြောတဲ့စကား အောင်စေပါတယ် .. သွားတိုက်ပြီးလို့ ရေကို ထပ်ကိုင်တဲ့အချိန်ကျရင်ပထမဆုံး […]
Knowledge
‘ပဋ္ဌာန်းကို နားမလည်ပဲရွတ်ရင် အစွမ်းထက်မထက် နေရာရွေးပြီး ရွတ်သင့်/မသင့် (ပါချုပ်ဆရာတော်ကြီး၏ အဖြေ )’
ဇော်ဂျီ / ယူနီကုဒ် Zawgyi ဖြင့်ဖတ်ပါ ★★★★★ ပဋ္ဌာန်းကို နားမလည်ပဲရွတ်ရင် အစွမ်းထက်မထက် နေရာရွေးပြီး ရွတ်သင့်/မသင့် (ပါချုပ်ဆရာတော်ကြီး၏ အဖြေ ) မေး။ ပဋ္ဌာန်းဂါထာများရွတ်ဆိုရင်အနက်အဓိပ္ပါယ်နားလည်မှုမရှိပဲရွတ်ဆိုရင် အစွမ်းထက်ပါသလား ? မေး။ ပဋ္ဌာန်းကိုနေရာရွေးပြီး ရွတ်သင့်တယ်၊ နေရာမရွေးပဲရွတ်ရင် အနှောင့်အယှက်အပေးခံရတယ်ဆိုတာ ဟုတ်ပါသလား ? ဘာကြောင့်လဲ။ ရှင်းပြပေးတော်မူပါဘုရား ။ ဖြေ။ ပဋ္ဌာန်းပါဠိတော်များလို့ သုံးသင့်တယ်ပေါ့နော်။ ဂါထာဆိုတာက သံစဉ်နဲ့ဖွဲ့ထားတဲ့ မင်္ဂလသုတ်တို့ မေတ္တာသုတ် တို့လို ရေးထားတဲ့အရာတွေ ဖြစ်တယ်။ပဋ္ဌာန်းပါဠိတော်ကျတော့ စုန္နိယ လို့ ခေါ်တာပေါ့ပဋ္ဌာန်းပါဠိတော်ရွတ်ဆိုတာ အနက်အဓိပ္ပါယ်နားလည်မှုမရှိပဲရွတ်ဆိုရင်ရော အစွမ်းထက်ပါသလား ဆိုရင် အစွမ်းထက်တယ်ဆိုတာ အစွမ်းထက်ချင်လို့ ရွတ်တာမျိုး။ တရားတော်တွေကတော့ လူတွေအတွက် တရားစွမ်းထက်ဖို့ရွတ်တာတော့ မဟုတ်ဘူး။ ဒါရွတ်ရင် အစွမ်းထက်တယ် ဆိုတာ တန်ခိုးရှိတယ် […]
ငွေကြေး လာဒ်ရွှင်လိုသူများ ချိတ်ဆွဲသင့်သော မောင်ကောက်ရ သူဌေးဖြစ်ကိန်းပုံ
ဇော်ဂျီ / ယူနီကုဒ် Zawgyi ဖြင့်ဖတ်ပါ ★★★★★ “ထူးတဲ့ဓာတ်ပန်းချီ” လက်ရှိကိုယ့်နေထိုင်တဲ့အိမ်တွင်ဖြစ်စေ..ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူ.မည်သူမဆိုလူမျိုးဘာသာမရွေးပြုလုပ်လို့ရတဲ့ဓာတ်ပန်းချီအစီအရင်တခုပါ..အစီအရင်ကိုမပြောပြခင်ဓာတ်သဘောတရားနဲနဲတော့ရှင်းပြချင်ပါတယ်.. တချိ့အိမ်တွေ မှာကိုယ်ဝန်ဆောင်သည်အမျိုးသမီးရှိတဲ့အိမ်တွေမှာတွေ့ရတတ်တယ်ကလေးငယ်ဝဝကစ်ကစ်ပြုံးရွှင်နေတဲ့ပိုစတာမျိုး.အဲ့အမျိုးသမီးမွေးဖွားလာတဲ့အခါကျန်းမာသန်စွမ်းပြီးချစ်စဖွယ်ကလေးရစေလိုတဲ့နမိတ်ယူပြီးချိတ်ဆွဲခင်းဖြစ်တယ်.. စားသောက်ဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေမှာကြပြန်တော့အသီးအနှံပုံတွေဖျော်ရည် ပုံတွေ ချိတ်ဆွဲထားတတ်ပြန်တယ်.ဒါကတော့စည်ပင်ဝပြောစေတဲ့ဓာတ်ကိုယူထားခြင်းဖြစ်လို့. ဆိုင်မှာစားသောက်သူတွေပျော်ရွှင်ဖွယ်ကောင်းတဲ့အရာတွေရောက်လာစေဖို့ရည်ရွယ်တဲ့ဓာတ်တမျိုးဖြစ်ပြန်တယ်.. ကဲ..လာပြီနမိတ်ဆိုးဖြစ်စေတဲ့.လွယ်လွယ်ပြောရရင်တိုက်တန်းနစ်သဘောင်္.ပုံ..လူတဦးကနေ လေးလံတဲ့ဝန်စည်စလှယ်တွေထမ်းပိုးပြီးနွေခေါင်ခေါင်မှာလမ်းလျောက်နေပုံ.အညာဒေသပြယုတ်သရုပ်ဖော်ပန်းချီတွေမှာတွေ့ရတတ်ပါတယ်. ဒီလိုပုံတွေပန်းချီမျိုးတွေ မိ့မိ့အိမ်ဧည့်ခန်းမှာချိတ်ဆွဲထားမိ့ပြီဆိုရင်တော့အမြန်သာစွန့်ပစ်လိုက်ပါမိတ်ဆွေ..ယုံချင်ယုံမယုံချင်ပုံပြင်သာမှတ်ပေတော့… ပြောချင်တဲ့အရာက အချိနိသည်တသတ်မတ်တည်းရှိမနေသလိုလူတဦးတယောက်ရဲ့ကံဇာတာသည်လဲတသမတ်တည်းရှိမနေတတ်ဘူးလေ.. တချို့ကြမင်းသားမင်းသမီးပုံတွေဧည့်ခန်းချိတ်ဆွဲပြီးထားရတာဝါသနာ..အဲ့လိုချိတ်ဆွဲချင်တယ်ဆိုတဲ့သူများ.ကိုယ်ကဒီမင်းသမီးမင်းသားကိုကြိုက်တာတော့ကြိုက်တာပေါ့..သူကလက်ရှိထိပ်တန်းမင်းသားလားမင်းသမီးလားရှေးဦးစွာကြည့်ပါ. နာမည်လဲလက်ရှိကြီးနေတယ်နံပါတ်တစ်နေရာယူထားသူအောင်မြင်မှုသရဖူတွေလဲဆောင်းနေသူဆိုရင်တော့ထိုအနုပညာရှင်ပုံချိတ်လိုက်တဲ့အခါမိတ်ဆွေအနေနဲ့ ကံကောင်းမလာရင်တောင်မှကံတော့မဆိုးသွားနိုင်ဘူးလေ.သို့မဟုတ်.ပြောင်းပြန်သာတွေးကြည့်ပေတော့ .. အချို့ ကုမဏ္ဏီကြီးတွေမှာ ရွှေတိဂုံဘုရားကြီးရဲ့ပန်းချီတွေကျိုက်ထီးရိုးဆံတော်ရှင်ပန်းချီတွေ ပုဂံမြို့ရဲ့ရှုခင်းစေတီပုထိုးတွေ ပါတဲ့ပန်းချီတွေချိတ်ဆွဲကြတာမြင်ဖူးကြမှာပါ. ထိုပန်းချီ များကတော့ပင်ကို လူအများရဲ့စိတ်ဝင်စားခြင်း လျှို့ဝှက်ခြင်း.နဲ့အောင်မြင်ထွန်းပေါက်ခြင်းတွေနဲ့ပြီးပြည်စုံနေလို့သာ အသုံးပြုထားခြင်းဖြစ်တယ့်..လက်ရှိထိုနေရာတွေမှာမြန်မညသာမကကမ္ဘာကပါစိတ်ဝင်စားနေတုန်ူနေရာဒေသတွေလဲဖြစ်ပြန်တယ်.. ကဲဒီတော့ခုလိုပန်းချီချိတ်ပြီးအလုပ်မလုပ်ပဲ နေမယ်.ပိုက်ဆံကရလာမှာလားလို့ လူ့ကန်လန့်တချို့ကဝင်ပြီးဖိုက်မယ်.ဆိုတာသိ့တယ်..မှန်ပါတယ် အလုပ်ကိုယ်တိုင်လုပ်မှပိုက်ဆံဆိုတာရလာမယ်..သို့ပေမယ့်ကံတရားရဲ့အထောက်အပံကောင်းနမိတ်ကောင်းဆိုတာတော့ရှိလာမှာမဟုတ်တဲ့အတွက်.မိတ်ဆွေယုံချင်လဲယုံသဘောပါပဲ.. ခုလိုစာအရှည်ကြီးစိတ်ရှည်လက်ရှည်ဖတ်ပေးလို့မိတ်ဆွေကိုအထူးကျေးဇူးတင်တယ်.. ယခုပြသထားသောမောင်ကောက်ရသူဌေးဖြစ်ကိန်းဓာတ်ပန်းချီ ကို .ဆိုင်တွေအိမ်ရဲ့ဧည့်ခန်းတွေမှာချိတ်ဆွဲပြီးဆောင်ထားမယ်ဆိုရင်တော့.လုပ်ငန်းမှာအတိုက်အခံပေါ်နေတာတွေ လုပ်သမျှငွေမပေါ်လို့.စိတ်ညစ်နေတဲ့သူတွေ..အကြွေးပတ်လည်ဝိုင်းပြီး.လတ်တိတ်နေသူတွေ အတွက်အထူးသင့်လျော်ပါတယ်.. ချိတ်ဆွဲရမယ်အချိန်ကတော့ကြသပတေးနေ့နံနက်၉နာရီကနေ၁၀နာရီခွဲအတွင်း.မိမိ့အမည်ကိုရွတ်ဆိုပြီးမောင်ကောက်ရသူဌေးဖြစ်ကိန်းဆိုက်ပြီဟု.မာန်နှင်ပြောဆိုပြီးချိတ်ဆွဲပေးရပါမယ်.. ပန်းချီကားကိုယခုလိုရွှေအနားကွတ်ဘောင်ဖြင့်သပ်ရပ်သားနားစွာလုပ်ဆောင်နိုင်ပိုပြီးတော့အကျိုးထူးပါတယ်. နားမလည်သည်များမရှင်းလင်းပါက.ဖုန်းဖြင့်ဆက်သွယ်မေးမြန်နိုင်ပါတယ်.. ချစ်သောမျက်စိ့ဖြင့်(ဆရာမစောယုနိုင်)ဧကံသ Unicode ဖြင့်ဖတ်ပါ ★★★★★ “ထူးတဲ့ဓာတ်ပန်းချီ” လက်ရှိကိိုယ့်နေထိုင်တဲ့အိမ်တွင်ဖြစ်စေ..ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူ.မည်သူမဆိိုလူမျိုးဘာသာမရွေးပြုလုပ််လို့ရတဲ့ဓာတ်ပန်းချီအစီအရင်တခုပါ..အစီအရင်ကိုမပြောပြခင်ဓာတ်သဘောတရားနဲနဲတော့ရှင်းပြချင်ပါတယ်.. တချိ့အိမ််တွေ […]
‘.အိမ်တွင်းရေး ဆူပူမှု မရှိပဲ သာယာ အေးချမ်းစေချင်ရင်..’
ဇော်ဂျီ / ယူနီကုဒ် Zawgyi ဖြင့်ဖတ်ပါ ★★★★★ ဘုရားပန်းကို အညှိုးမခံပါနဲ့..သောက်တော်ရေကိုလည်း အနွေးမခံပါနဲ့..ဂါထာတွေ မန္တာန်တွေ ပါးစပ်ကအမြုပ်ထွက်အောင်ရွတ်နေစရာမလိုပါဘူး..ဘုရားပန်းကို အမြဲတမ်း လန်းလန်းဆန်းဆန်းဖြစ်အောင်ထားမယ်…သောက်တော်ရေချမ်းကို အမြဲအေးနေအောင် ထားမယ်ဆိုရင် အိမ်တွင်းရေး အေးချမ်းပါတယ်.. အိမ်မှာ အမြဲနေရတဲ့သူတွေဆိုရင် …….မိမိရေသောက်တိုင်း ဘုရားကို သောက်တော်ရေ လဲပြီးကပ်နိုင်ရင် ပိုကောင်းပါတယ်..အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူးဆိုရင်တောင်မှ မနက်တစ်ခါ နေ့လည်တစ်ခါ ညနေတစ်ခါ တစ်နေ့သုံးကြိမ်လောက်တော့ ကပ်သင့်ပါတယ်.. ငါအလုပ်များတယ် အိမ်မှာလည်းနေရတာနည်းတယ်ဆိုပြီး သောက်တော်ရေ မကပ်နိုင်ဘူးလို့လည်း မပြောလိုက်ပါနဲ့..ဘယ်နေရာမှာမဆိုမိမိရေသောက်တိုင်း ပါးစပ်ထဲမထည့်ခင် ကိုယ်သောက်မယ့်ခွက်ကို လက်နဲ့ကိုင်ထားပြီး “မြတ်စွာဘုရားအား သောက်တော်ရေ လှူဒါန်းပါတယ်”လို့ စိတ်က အာရုံပြုပြီး ကပ်လို့ရပါတယ်…… ဘုရားရှေ့သွားကပ်နိုင်မှ မဟုတ်ပါဘူး…ဒါဟာ ငွေမကုန်ပဲ အလိုလိုရနေတဲ့ ကုသိုလ်ပါ……သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ပါဘူး..ဘာပဲစားစား မြတ်စွာဘုရားကို အာရုံပြုကပ်ပြီးတော့မှ စားပါတယ်(နေ့၁၂နာရီမကျော်သေးရင်) မစားခင် […]
‘အကျပ်အတည်းအမျိုးမျိုးကို ( ၇ ) ရက်အတွင်းလွတ်မြောက်စေနိုင်တဲ့ ဂါထာတော်’
ဇော်ဂျီ / ယူနီကုဒ် Zawgyi ဖြင့်ဖတ်ပါ ★★★★★ တနင်္ဂနွေနေ့ကနေ စပြီး အဓိဌာန်ဝင်ပါ။ တနင်္ဂနွေနေ့..တနင်္ဂနွေထောင့် ..မေတ္တာသုတ်တော် ၆ခေါက်….၊ တနင်္ဂနွေနေ့ဖွား မြတ်စွာဘုရားရှင်အပေါင်းကို ရည်မှန်းပြီးကန်တော့ပါ။ မိမိကုသိုလ်အလုပ်အားလုံးပြီးစီးသည့်အခါ တနင်္ဂနွေဂြိုဟ်နတ်မင်းကြီးကို အမှုးထားပြီး ဝေနေယျတို့ကို မေတ္တာပို့အမျှျေဝပါ။ တနင်္လာနေ့…သောကြာထောင့် မေတ္တာသုတ်တော် ၂၁ခေါက်…၊ သောကြာနေ့ဖွား မြတ်စွာဘုရားရှင်အပေါင်းကို ရည်မှန်းပြီးကန်တော့ပါ။ မိမိကုသိုလ်အလုပ်အားလုံးပြီးစီးသည့်အခါ သောကြာဂြိုဟ် နတ်မင်းကြီးကို အမှုးထားပြီး ဝေနေယျတို့ကို မေတ္တာပို့အမျှျေဝပါ။ စသည်ဖြင့်……………..အထက်ပါအတိုင်း အတိုချုံးခွင့်ပြုပါခင်ဗျာ….. အင်္ဂါနေ့..ရာဟုထောင့် မေတ္တာသုတ်တော် ၁၂ခေါက်…………. ဗုဒ္ဓဟူးနေ့…ကြာသာပတေးထောင့်..၊ မေတ္တာသုတ်တော် ၁၉ခေါက်……. ကြာသပတေးနေ့..စနေထောင့်.၊ မေတ္တာသုတ်တော်..၁၀ခေါက် သောကြာနေ့…ဗုဒ္ဓဟူးထောင့်…၊ မေတ္တာသုတ်တော် ..၁၇ခေါက်…. စနေနေ့…အင်္ဂါထောင့်..၊ မေတ္တာသုတ်တော် ၈ခေါက် ….. တနင်္ဂနွေနေ့… တနင်္လာထောင့်…မေတ္တာသုတ်တော်…၁၅ခေါက်….။ မေတ္တာသုတ်တော် အဓိဌာန် ပြီးပါပြီ။ တနင်္ဂနွေနေ့မှာ […]
‘မိသားစု တစ်ခု အိမ်တစ်အိမ် ရဲ့ စီးပွားရေး ကို လုံး၀ ပျက်စီးသွားနိုင်တဲ့ ယိုပေါက်ကြီး (၆) ခု’
ဇော်ဂျီ / ယူနီကုဒ် Zawgyi ဖြင့်ဖတ်ပါ ★★★★★ မြတ် စွာဘုရား ဟောထားတာကတော့ လောကမှာ စီးပွားရေးပျက်ရာ ၊ပစ္စည်းဥစ္စာတွေရဲ့ ယိုပေါက်ကြီး ၆ခုဆိုတာပစ္စည်းဥစ္စာဟာ ဘယ်တော့မှ မတည်ဘူးတဲ့…မြန်မာတွေကတော့ ပြောကြတယ်“လူမိုက်နဲ့ငွေ” အတူမနေဘူးတဲ့ပစ္စည်းဥစ္စာဟာ ပျောက်သွားတယ်။ မြတ်စွာဘုရားက ဘာကိုဟောသလဲဆိုရင်နံပါတ်(၁)က အာလသျ – လူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူးတဲ့။ပျင်းရိလို့ရှိရင် ပျင်းတယ်ဆိုတာ ပူလွန်းတယ်၊အေးလွန်းတယ်၊ မိုးချုပ်လွန်းတယ်၊ ဆာနေသေးတယ်၊မစားရသေးဘူး၊ စားပြီးပြီ၊ ဗိုက်လေးတယ် ဆိုတဲ့အချက်တွေကို အကြောင်းပြပြီး အလုပ်မလုပ်ဘဲနဲ့နေတာကို ပျင်းတယ်လို့ပြောတာနော်။အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်းဥစ္စာရဲ့ယိုကျဖို့ရာ အပေါက်တစ်ခုပဲတဲ့။ နောက် နံပါတ်(၂)ကတော့ ပမာဒတဲ့ – အပျော်အပါးတွေဘက်ပဲ စိတ်ဝင်စားတယ်။ကောင်းကျိုးချမ်းသာဖြစ်ဖို့ စိတ်မ၀င်စားဘူး။လုပ်ငန်းကိုလည်း စိတ်မ၀င်စားဘူး။ အပျော်အပါးတွေကိုအမြဲတမ်း စိတ်ဝင်စားနေရင်လည်း ပျက်စီးနိုင်တယ်။နံပါတ်(၃)က အနုဋ္ဌာန – လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာတက်တက်ကြွကြွ မရှိဘူး။ ၀တ်ကျေတမ်းကျေပဲလုပ်တယ်၊ […]
သူတောင်းစားအထင်နဲ့ ဗိုလ်ချုပ်ကို ထမင်းကျွေးခဲ့သော အဘိုး ဦးငွေရ
ဇော်ဂျီ / ယူနီကုဒ် Zawgyi ဖြင့်ဖတ်ပါ ★★★★★ မေး။ ။အဖိုး ဗိုလ်ချုပ် နဲ့ စတွေ့ခဲ့တဲ့ ဖြစ်ရပ်လေးကို ပြောပြပေးပါဦး။ ဖြေ။ ။တန်ခူးလလောက်မှာ ဂျပန်ကို တော်လှန်ခါနီး ၇ လလောက်အလိုမှာ အမေကြီးက ဆုံးသွားတယ်။ ဂျပန်ခေတ်ဆိုတော့ ဆွမ်းမသွတ် လိုက်ရဘူး။အဲ့ဒါနဲ့ သီးတင်းကျွတ်လပြည့်နေ့ အမေကြီးအတွက် ကောင်းမှုကုသိုလ်တွေ လုပ်ပေးမယ်ဆိုပြီးတော့ အဘတို့ ရှားခဲ မှာ ဘုန်ကြီးကျောင်း သုံးကျောင်းရှိတယ် အဲ့ဒီ သုံးကျောင်းစလုံးက သံဃာတော်တွေကို လိုက်ပင့်ပြီးတော့ မိခင်ကြီးကို ရည်စူးပြီး အာရုံဆွမ်း လောင်းမယ်ပေါ့။ အဲ့ဒါနဲ့ ဆွမ်းတွေ ဘာတွေ ချက်နေတဲ့ နေရာက အဘတို့ အိမ်နဲ့ အလံ ၅၀ လောက်ကွာတယ်။ သီတင်းကျွတ် လပြည့်နေ့ မနက် ၅ […]
တန်ဖိုး …! (အရမ်းကောင်းလို့ အချိန် ၃ မိနစ်လောက်ပေးပြီး ဖတ်ကြည့်ပါ )
ဇော်ဂျီ / ယူနီကုဒ် Zawgyi ဖြင့်ဖတ်ပါ ★★★★★ တစ်ခါတုံးက ရွာတစ်ရွာ မှာ ရေထမ်း တဲ့လူ တစ်ယောက် ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံး ကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။ အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်း ကနေ သူ့အိမ်ဘက် ရေသယ် လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်ဝက် ပဲ ပါသတဲ့။ ကျန်တဲ့ အိုးတစ်လုံး ကတော့ အပြစ် အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်း ကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။ ဒီလိုနဲ့ အိမ်ရောက်ရင် […]
‘ဘုရားပန်းအိုး ၊ အလှပန်းအိုးများ ထိုးတဲ့အခါ ပန်းတွေ ကြာကြာခံနေစေမယ့် နည်းလမ်းများ’
ဇော်ဂျီ / ယူနီကုဒ် Zawgyi ဖြင့်ဖတ်ပါ ★★★★★ ပန်းအိုးထိုးတဲ့အခါ ပန်းတွေကို ကြာကြာခံနေစေမယ့် နည်းလမ်းတွေ ရှိပါတယ်။ အလုပ်စားပွဲမှာ အလှပန်းအိုး ထိုးတာမျိုးဖြစ်ဖြစ်၊ သင့်အိမ်ဧည့်ခန်းမှာ အလှဆင်တာမျိုး နဲ့ ဘုရားမှာ ပန်းအိုးထိုးပြီး ပန်းကပ် ပူဇော်တဲ့အခါ ပန်းတွေ ခဏလေး နဲ့ ညှိုးနွမ်းခြောက်သွေ့သွားတတ်လို့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ အခုဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ ပန်းအိုးထိုးတဲ့အခါ ပန်းတွေ ကြာကြာခံနေစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ (၁) ပန်းတွေ ဝယ်လာတဲ့အခါ ရေဆေးပြီး ပန်းအိုးထိုးတာမျိုးကို ချက်ချင်း မလုပ်ဘဲ ပန်းအရိုးရဲ့ အောက်ခြေ ပင်စည်ကို ၂ လက်မခန့် ခပ်စောင်းစောင်းလေး ဖြတ်တောက်ပြီးမှ ထိုးပေးသင့်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းဟာ ပန်းတွေ ရေစုပ်အား ပိုမိုကောင်းမွန်စေပြီး ကြာကြာခံစေပါတယ်။ (၂) […]